ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာ နိုင်ငံက မေ ၁ ရက်မှစ၍ လက်ခံခဲ့ရာ (ယနေ့) မေ ၂၇ ရက်တွင် မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ၁၄၃၄ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၄၈၃ ဦး သည် ကား ၂၁ စီးဖြင့် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှုဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်သူများဖြစ်ပြီး ၅၂ ဦးသည် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးသူများဖြစ်ကာ ကျန် ၈၉၉ ဦးသည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေး စစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက် နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများအနေဖြင့်
မေ ၁ ရက် က ၆၀၊ ၂ ရက်က ၅၄ ဦး၊ ၃ ရက်က တစ်ဦး၊ ၄ ရက်က ၄၄ ဦး၊ ၅ ရက်က ၂၃ ဦး၊ ၆ ရက်နှင့် ၇ ရက်တွင် ဝင်ရောက် ခြင်းမရှိဘဲ ၈ ရက်က ၁၀၀၊ ၉ ရက်တွင် ဝင်ရောက်ခြင်း မရှိဘဲ ၁၀ ရက်တွင် ၄၄ ဦး၊ ၁၁ ရက်တွင် ၁၃ ဦး၊ ၁၂ ရက် တွင် ၄၁ ဦး၊ ၁၃ ရက်တွင် ၁၆ ဦး၊ ၁၄ ရက်တွင် ၃၈ ဦး၊ ၁၅ ရက်တွင် ၁၂၀၊ ၁၆ ရက်တွင် ၇၆ ဦး၊ ၁၇ ရက်တွင် ၉၀၊ ၁၈ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ၁၉ ရက်တွင် ၆၄ ဦး၊ ၂၀ ရက်နှင့် ၂၁ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ၂၃ ရက် တွင် ၆၀၄ ဦး၊ ၂၄ ရက်တွင် ၁၁၁၈ ဦး၊ ၂၅ ရက်တွင် ၁၂၇၇ ဦး၊ ၂၆ ရက်တွင် ၁၃၉၄ ဦး၊ မေ ၂၇ ရက် (ယနေ့) တွင် ၁၄၃၄ ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၆၆၁၁ ဦး အထိ ပြန်လည်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
အဆိုပါ နေ့အလိုက် ပြန်လည်ဝင်ရောက်သူများအနက် မေ ၁၃ ရက်မှ ၁၅ ရက်အထိ ပြန်လည်ဝင်ရောက်သူများ နှင့် မေ ၁၇ ရက် ဝင်ရောက်သူ ၉၀ အနက် ၄၅ ဦး၊ မေ ၂၇ ရက် (ယနေ့) ဝင်ရောက်သူ ၁၄၃၄ ဦးအနက် ၅၂ ဦးတို့ အနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးသောသူများ နှင့် အချုပ်မှ ပြန်လည်လွတ်မြောက်လာသူများဖြစ်သဖြင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများက လာရောက်လွှဲပြောင်း ပို့ဆောင်ပေးခြင်း ဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် ကချင် ပြည်နယ်မှ သုံးဦး၊ ကယားပြည်နယ်မှ ၂၆ ဦး၊ ကရင်ပြည်နယ် မှ ၁၉၅ ဦး၊ မွန်ပြည်နယ်မှ ၁၄၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မှ ၇၀၊ ပဲခူးတိုင်းဒေသကြီးမှ ၄၃၈ ဦး၊ မကွေးတိုင်းဒေသ ကြီးမှ ၁၅၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၄၅ ဦး၊ မန္တလေး တိုင်းဒေသကြီးမှ ၉၅ ဦး၊ နေပြည်တော်မှ ၅၈ ဦး၊ ရှမ်းပြည် နယ်မှ ၄၉ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၂၄ ဦး၊ ရခိုင် ပြည်နယ်မှ ၃၆ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၁၀၀ စုစုပေါင်း ၁၄၃၄ ဦးဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင် (ပြန်/ဆက်)