Saturday, May 30, 2020

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မြဝတီချစ်ကြည်ရေးအမှတ် (၂) တံတားမှမေ ၂၉ ရက်၌ ၁၂၀၂ ဦး ဆက်လက်ဝင်ရောက်



မြဝတီ မေ ၂၉

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သားများအား မြန်မာနိုင်ငံက မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ (ယနေ့) မေ ၂၉ ရက်တွင် မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၂၀၂ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသူ များအနက် ၄၁၁ ဦးသည် ကား ၁၉ စီးဖြင့် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူ များဖြစ်ပြီး ကျန် ၇၉၁ ဦးသည် ထိုင်း နိုင်ငံဒေသအသီးသီးမှ ၎င်းတို့၏ အစီ အစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများ ဖြစ်ကြောင်း သိရသည်။


ပြန်လည်ဝင်ရောက်လာသူများ အား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြား သော လိုအပ်ချက်များကို ဆောင်ရွက် နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင် အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်က ၆၀၊ ၂ ရက်က ၅၄ ဦး၊ ၃ ရက်က တစ်ဦး၊ ၄ ရက်က ၄၄ ဦး၊ ၅ ရက်က ၂၃ ဦး၊ ၆ ရက်နှင့် ၇ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ၈ ရက်က ၁၀၀၊ ၉ ရက်က ဝင်ရောက် ခြင်းမရှိဘဲ ၁၀ ရက်က ၄၄ ဦး၊ ၁၁ ရက် က ၁၃ ဦး၊ ၁၂ ရက်က ၄၁ ဦး၊ ၁၃ ရက်က ၁၆ ဦး၊ ၁၄ ရက်က ၃၈ ဦး၊ ၁၅ ရက်က ၁၂၀၊ ၁၆ ရက် က ၇၆ ဦး၊ ၁၇ ရက်က ၉၀၊ ၁၈ ရက်က ဝင်ရောက်ခြင်းမရှိဘဲ ၁၉ ရက်က ၆၄ ဦး၊ ၂၀ ရက်နှင့် ၂၁ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ၂၃ ရက်က ၆၀၄ ဦး၊ ၂၄ ရက်က ၁၁၁၈ ဦး၊ ၂၅ ရက်က ၁၂၇၇ ဦး၊ ၂၆ ရက်က ၁၃၉၄ ဦး၊ ၂၇ ရက်က ၁၄၃၄ ဦး၊ ၂၈ ရက်က ၁၁၆၈ ဦး၊ ၂၉ ရက် (ယနေ့) ၁၂၀၂ ဦး ပြန်လည် ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၈၉၈၁ ဦးအထိ ပြန်လည်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

အဆိုပါ နေ့အလိုက် ပြန်လည် ဝင်ရောက်သူများအနက် မေ ၁၃ ရက် မှ ၁၅ ရက်အထိ ပြန်လည်ဝင်ရောက် သူများနှင့် ၁၇ ရက်က ဝင်ရောက်သူ ၉၀ အနက် ၄၅ ဦး၊ ၂၇ ရက်က ဝင်ရောက်သူ ၁၄၃၄ ဦးအနက် ၅၂ ဦးတို့အနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးသော သူများနှင့် အချုပ်မှ ပြန်လည်လွတ်မြောက်လာ သူများဖြစ်သဖြင့် ထိုင်းနိုင်ငံတာဝန် ရှိသူများက လာရောက်လွှဲပြောင်း ပို့ဆောင်ပေးခြင်းဖြစ်သည်။

ယနေ့ ပြန်လည်ဝင်ရောက်သူ များအနေဖြင့် ကချင်ပြည်နယ်မှ ၅၀၊ ကယားပြည်နယ်မှ ကိုးဦး၊ ကရင် ပြည်နယ်မှ ၁၃၁ ဦး၊ မွန်ပြည်နယ်မှ ၁၅၇ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၁ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၃၀၇ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၁၃၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၄၆ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၀၀၊ နေပြည်တော်မှ ၅၅ ဦး၊ ရှမ်းပြည်နယ်မှ ၆၇ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၃ ဦး၊ ရခိုင်ပြည်နယ်မှ ၁၃ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၉၀ စုစုပေါင်း ၁၂၀၂ ဦးဖြစ်ကြောင်း သိရ သည်။ 

ထိန်လင်းအောင်(ပြန်/ဆက်)