အလုပ်သမားဟစ်တိုင်၊ အောက်တိုဘာ ၁၈
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား
များအနေဖြင့် မိမိတို့၏ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) အချက်အလက်များနှင့် သက်တမ်းကုန်ဆုံးမည့်ရက်ကို ထိုင်းအလုပ်အကိုင်ဦးစီးဌာန (Department of Employment – DOE) ၏ e-WorkPermit စစ်ဆေးရေးစနစ်မှတစ်ဆင့် စစ်ဆေးနိုင်ပါသည်။
စစ်ဆေးရန်အတွက် Work Permit ကတ်နောက်ဘက်ရှိ QR Code နှင့် အင်တာနက်အသုံးပြုနိုင်သော ဖုန်းတစ်လုံး လိုအပ်ပါသည်။
💢အဆင့် (၁) — စစ်ဆေးရေးဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပါ
👇အောက်ပါလင့်ကို နှိပ်၍ e-WorkPermit Verification စစ်ဆေးရေးစာမျက်နှာသို့ ဝင်ရောက်ပါ။
💢အဆင့် (၂) — Work Permit ကတ်နောက်ဘက်ရှိ QR Code ကို
စကင်ဖတ်ပါ
စစ်ဆေးရေးစာမျက်နှာတွင် 👉 เปิดกล้อง (Start Camera) ခလုတ်ကို
နှိပ်ပါ။ ဖုန်းက ကင်မရာအသုံးပြုခွင့် တောင်းခံလာပါက #Allow this time
(ဒီတစ်ကြိမ် အသုံးပြုခွင့်ပေးမည်) ကို ရွေးချယ်ပါ။
ကင်မရာပွင့်လာသောအခါ Work Permit ကတ်နောက်ဘက်ရှိ QR Code ကို ကင်မရာဖြင့် ချိန်၍ စကင်ဖတ်ပါ။
💢အဆင့် (၃) — Work Permit အချက်အလက်များကို စစ်ဆေးပါ
QR Code ကို အောင်မြင်စွာ ဖတ်ရှုပြီး စစ်ဆေးရလဒ်ပေါ်လာပါက မိမိ၏
Work Permit ကတ်ပေါ်ရှိ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးပါ။
စစ်ဆေးရလဒ်တွင် ဖော်ပြထားသည့်အတိုင်း အမည်၊ အလုပ်လုပ်ကိုင်ခွင့်
လက်မှတ်အမှတ်၊ အလုပ်ရှင်အမည်၊ ခွင့်ပြုချက်အခြေအနေနှင့် သက်တမ်း
ကုန်ဆုံးရက်တို့ကို စစ်ဆေးနိုင်ပါသည်။
အထူးသဖြင့် #วันสิ้นอายุ (Expiry Date)ဟု ဖော်ပြထားသော သက်တမ်း
ကုန်ဆုံးရက်ကို သေချာစစ်ဆေးရန် လိုအပ်ပါသည်။
ထိုင်းနိုင်ငံတွင် ရက်စွဲများကို ဗုဒ္ဓသက္ကရာဇ် (พ.ศ.) ဖြင့် ဖော်ပြတတ်သောကြောင့် ခရစ်နှစ်နှင့် မရောထွေးရန် သတိပြုပါ။
ဥပမာ —
- พ.ศ. 2569 = ခရစ်နှစ် 2026
- พ.ศ. 2570 = ခရစ်နှစ် 2027
- พ.ศ. 2571 = ခရစ်နှစ် 2028
💢အဆင့် (၄) — QR Code စကင်ဖတ်၍ မရပါက
QR Code ကို စကင်ဖတ်၍ မရပါက စစ်ဆေးရေးစာမျက်နှာရှိ #กรอก URL หรือรหัสเอกสาร (Enter URL or ID manually)နေရာတွင် သက်ဆိုင်ရာ စာရွက်စာတမ်း URL သို့မဟုတ် စာရွက်စာတမ်းကုဒ်ကို ဖြည့်သွင်းနိုင်ပါသည်။
ထို့နောက် #ตรวจสอบใบอนุญาต (Verify Card)ခလုတ်ကို နှိပ်၍ စစ်ဆေးပါ။
⚠️အဆင့် (၅) — အချက်အလက်မတွေ့ရှိပါက⚠️
စစ်ဆေးရာတွင် #ไม่พบข้อมูล (အချက်အလက်မတွေ့ရှိပါ)ဟု ဖော်ပြပါက QR Code ကို ပြန်လည်စကင်ဖတ်ပါ။အချက်အလက်မပေါ်လာခြင်းတစ်ခု
တည်းကြောင့် Work Permit အတုဖြစ်သည်ဟု မဆုံးဖြတ်သင့်ပါ။
အချက်အလက်များ မှားယွင်းနေခြင်း၊ မတွေ့ရှိခြင်း သို့မဟုတ် စစ်ဆေး၍
မရခြင်းများရှိပါက သက်ဆိုင်ရာ ထိုင်းအလုပ်အကိုင်ဦးစီးဌာနရုံးသို့ ဆက်
သွယ်စုံစမ်းနိုင်ပါသည်။
🔰အကူအညီရယူရန်🔰
- အလုပ်သမားဝန်ကြီးဌာန Hotline — 1506 နှိပ် 2
- အလုပ်အကိုင်ဦးစီးဌာန Hotline — 1694
⚠️သတိပြုရန် ⚠️
Work Permit ကတ်တွင် QR Code ပါရှိရုံဖြင့် ကတ်အစစ်ဖြစ်ကြောင်း
အတည်မပြုနိုင်ပါ။ QR Code မှတစ်ဆင့် ဖော်ပြသော အချက်အလက်များကို
တရားဝင် DOE စနစ်နှင့် တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ပါသည်။
ထို့အပြင် QR Code အမျိုးအစားနှင့် စနစ်အခြေအနေပေါ်မူတည်၍
စစ်ဆေးရလဒ်တွင် ဖော်ပြသော အချက်အလက်များ ကွာခြားနိုင်ပါသည်။
#LabourHittai #WorkPermit #eWorkPermit #MyanmarWorkers #Thailand
