နေဇင်လတ်
JOB Seekers Journal vol.2,No.42
ရှောင်းမက်ဘဲလ်ဝီးရေးသော “မာက္ခစ်မှန်ခဲ့တယ်” ဆောင်းပါးကို ဖတ်မိသောအခါ ယနေ့တစ်ကမ္ဘာ လုံးပြန့် နှံ့နေသော အရင်းရှင်စနစ်အနေဖြင့် မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ ခံနေရချိန်ရောက်နေပြီလားဟု တွေးမိသည်။ လွန် ခဲ့သောနှစ်ပေါင်း (၁၆၀) ကျော် (၁၈၄၈) တွင် Karl Marx ဆိုသူက အရင်းရှင် စနစ်နှင့်ပတ်သက်၍
;ဖြစ်လာနိုင် ဖွယ် ရှိသည်တို့ကို ဟောကိန်း ထုတ်ရေးသား ခဲ့သည်။ ကားလ်မာက္ခစ်နှင့် ဖရက်ဒရစ်အိန်ဂျယ်လ်
ဟုဆို လျှင် ကွန်မြူနစ် စနစ်၏ ခေါင်းကိုင်ဖခင်ကြီးများဟူသည်ကို မည်သူမျှ ငြင်း ကြမည်မဟုတ်။ သူတို့၏ ကွန်မြူနစ်အတွေးအခေါ် အယူအဆများ မှာ အရင်း ရှင်နိုင်ငံများ အတွက် အိပ်မက်တစ္ဆေ အဖြစ် နှစ်ပေါင်း များစွာ ခြောက်လှန့်ခြင်းခံခဲ့ကြရသည်မှာ စစ်အေးကာလတစ်လျှောက်လုံးအထိ ဖြစ်သည်။စစ်အေးလွန်တွင် ကွန်မြူနစ် ကမ္ဘာကျဆုံးသွားသည်ဟု ဆိုနိုင်သော်လည်း အသက်ပြင်း တတ်သော သဘာဝရှိ၍ ယနေ့တိုင် အရင်းရှင် တို့ စိတ်ဒုန်းဒုန်းမချနိုင် တတ်ကြသေးချေ။
ကမ္ဘာ့စီးပွားရေးကျဆင်းမှုမကြာခဏဖြစ်လာ
အရင်းရှင်တို့၏လောဘကို မာက္ခစ်ကထောက်ပြသည်။ တီထွင် ဆန်းသစ် မှုသည် အရင်းရှင်စနစ်၏ မောင်း
နှင်း အားဖြစ်လာပြီး၊ ထိုမောင်း နှင် အားနှင့် ၀ယ်လိုအား ဟန် ချက် ပျက်သည့်အခါ၊ လူသားလောဘတို့၏ ထိန်းသိမ်းနိုင်မှု ထိန်းချုပ်မှုကင်းလွတ် သွားသည့်အခါတွင် အရင်းရှင်များ မုန်တိုင်း ဆင်ခံရလိမ့်မည့်သဘော ကိုထောက်ပြ ထားသည်။ မှတ်မှတ်ရရ ၁၉၂၉- ကမ္ဘာ့စီးပွားပျက်ကပ်တွင် အမေရိကန်ရှိဘဏ်များ၏ တစ် ၀က်ခန့်မှာ အချိန် တိုအတွင်း ကျဆုံးသွားခဲ့သည်။ အတော်ကြာကြာ ပြန်၍ နာ လန်ထူအောင် ကြိုးစား ခဲ့ရ၏။ ထိုသည်၏နောက်အထူးသဖြင့် ၁၉၇၀-နောက် ပိုင်းတွင် ကမ္ဘာ့ စီးပွားရေးအခြေအနေမှာ မကြာခဏမုန်တိုင်း အဆင်ခံခဲ့ရသည်။ ၁၉၇၃-ရေနံဈေးနှုန်း ရုတ်တရက်တက်သွားခြင်းဖြင့် ကမ္ဘာ့စီးပွားရေး တစ္ဆေ အခြောက် ခံလိုက် ရသ လိုများမကြာသေးမီ ၂၀၀၈-ကမ္ဘာ့စီးပွားပျက်ကပ်က လည်း အထူးသတိပေးဖြစ်ခဲ့ သည်။
ဥရောပသမဂ္ဂတွင်ဖြစ်ခဲ့သော ဂရိစီးပွားရေးဆိုလျှင် ကမ္ဘာ့သမိုင်းတွင် ဖြစ်ရပ်တစ်ခု ပင်။ စီးပွားရေးသဘော တရားအရဆိုလျှင် နိုင်ငံ အဆင့် ဒေ၀ါလီဟု တင်စားသည်။ ထိုစီးပွားကျဆင်းမှုက ဒိုမီနိုသက်ရောက် မှုဖြင့် အခြားနိုင်ငံများသို့ကူးစက်သွားခဲ့လျှင် ကမ္ဘာ့စီးပွားရေးကိုပင် အခြေမှ ကိုင်လှုပ်သွားနိုင်၍အရပ်ကယ်ပါ။ လူ ကယ်ပါဖြစ်ခဲ့ ရပါသေးသည်။ ကံကောင်း ထောက်မစွာ စီးပွားရေးတောင့်တင်းကြသော ဂျာမနီ၊ ပြင်သစ် တို့၏ သက်ကယ်ဆေးများဖြင့် နာလန်ပြန်၍ထနိုင်ခဲ့ကြသည်။
ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ ထို့ထက်ဆိုရလျှင် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားမှုမှာ နောက် ပိုင်းတွင် အတော်အ တန် စိပ်လာသည်ဟုဆိုကြသည်။ ဤ သည်မှာကောင်းမွန်သည့် လက္ခဏာတစ်ရပ်မဟုတ်ဟု ပညာရှင်များ က သတိပေးကြပါသည်။ အချိန်မရွေးပေါက် ကွဲနိုင်သော စနက်တံတပ်ထား သည့် မိုင်းတစ်လုံးကဲ့သို့ရှိနေ ဆဲ ဟု ထောက်ပြခဲ့ပါ သည်။ အထူးသဖြင့် ကမ္ဘာ့ စီးပွားရေးကို အဓိကမောင်းနှင်ပေးသော အင်ဂျင်ကြီးဖြစ် သည့် အမေရိကန် စီးပွားရေးကို အချိန်နှင့်အမျှ လေ့လာစောင့်ကြည့် သင့်သည် ။ ဖြစ်လာခဲ့လျှင် လည်း ကုထုံးများ အဆင်သင့်ရှိနေသင့်ပါသည်။
ဆင်းရဲချမ်းသာကွာဟမှုပိုလာ
ဒုတိယကမ္ဘာစစ်အတွင်း လက်နက်ရောင်းရာမှ ချမ်းသာလာသော အမေရိကန်သူဌေး ကြီးဟိုးဝပ်ဟူးခ်ျသည် ထိုစဉ်က (၃) ဘီလီယံဖြင့်ကမ္ဘာ့ အချမ်းသာဆုံးသူကြွယ်ဘွဲ့ကို ရရှိခဲ့သည်။ ယနေ့ကမ္ဘာ့အချမ်းသာဆုံးက (၇၀) ဘီလီယံပိုင်ဆိုင်ထားသည်။အဆပေါင်း (၂၀)ကျော်ပို၍ ချမ်းသာလာခဲ့၏။ သို့သော်လည်း အခြေခံ လူတန်းစားတို့၏ လုပ်ခလစာမှာအဆ (၂၀) မတိုး တက်လာခဲ့၊ ဆိုလိုသည်မှာ ဆင်းရဲချမ်းသာ ကွာဟ မှုကြီး မားလာ ခြင်းဖြစ်သည့်အရင်းရှင်စနစ်၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံသည်လည်း ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင် နေ ပြီဖြစ်၍ တစ်ချိန် ချိန်တွင် ဤအချက် ကိုရှောင်လွှဲ၍ရမည် မဟုတ်ချေ။ မည်သို့ ဆိုစေ အရင်းရှင်စီးပွားရေး စနစ်က အများအတွက် ရွေးချယ်စရာ ပို၍ရှိလာပြီး၊ အခွင့်အလမ်းတန်းတူဖြစ်နေ သဖြင့် လောလောဆယ်တွင် ငြင်းပယ်၍မရသော စနစ်တစ်ခု လည်းဖြစ်နေသဖြင့် မြန်မာ တို့ ရှောင်ကွင်း ၍ရမည်မဟုတ်ချေ။ အရင်းရှင်စနစ်တွင် လုပ်နိုင်ကိုင်နိုင်ခွင့်ကို လူတိုင်း အားရရှိစေခြင်းသည် ထိုစနစ်၏အားသာချက်ဖြစ်ပြီး၊ မတူသောကြိုးစားမှု များအရဖြစ် ထွန်းနိုင် မှု သည်လည်း ထိုစနစ်၏ အားသာချက်တစ်ခုဖြစ် ပြန်ပါသည်။ ဤတွင် ထွန်း ထွန်းပေါက်ပေါက်လုပ်နိုင် သူတို့ ကများစွာ ခရီးပေါက်နိုင်ကြမည်ဖြစ်ပြီး၊ မလုပ်နိုင်မ ကိုင်နိုင်ကြသူတို့က နောက်တွင် ကျန်ရစ်ခဲ့ကြမည်ဖြစ် သဖြင့် လူတန်းစားကွာခြားမှုက ပို၍ကြီးမားလာရ မည့်သဘောဖြစ်သွားသည်။ ဤသဘောကိုမြင်၍ Karl Marx က "The proletarians have nothing to lose but their chains" ဟုဆိုခဲ့ခြင်း ဖြစ် ဟန်တူသည်။ လူတန်းစား တိုက်ပွဲ တစ်ချိန်ချိန်ကြီးမားလာမည့် နိမိတ်ကို မာ့က်္ခစ်ကဆို လို ဟန်ဖြစ်သည်။ တိုးတက်သွားပြီးသောနိုင်ငံ များ၌ ထိုအရိပ် လက္ခဏာခပ်ပါးပါး ရှိနေပြီး အခြေခံစားဝတ်နေရေးကို ကာမိရန် စီစဉ်နိုင်ကြသဖြင့် ပြဿ နာကို တစ်စုံ တစ်ရာငြိမ်းသတ်ထားနိုင်ကြသော်လည်း ဟိုမရောက် သည်မရောက်နိုင်ငံ များအ တွက် ဤပြဿ နာကို ကြီးကြီးမားမားရင်ဆိုင်ရဖွယ်ရှိသည်။
လုပ်ငန်းရှင်များကလည်း မတိုးတက်နိုင်သေး၊ တစ်ဖက်က အထွေထွေ အသုံးစရိတ် ကကြီးမားလာသည်။ ထို့ အတွက် လုံလောက်သော အခြေခံလစာကိုမပေးနိုင်၊ ဒုံးပျံ တစ်စင်း ကမ္ဘာ့ဆွဲအားမှ မလွတ်မြောက်သေးမီ တွန်း အားကို သာမန်ထက် ပို၍သုံးပေး ရ မည့်အခြေအနေမျိုး ဖြစ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆန္ဒပြမှု များဖြစ်ပွားနေ ရခြင်းဖြစ်သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် အထည်ချုပ်လုပ်ငန်း၌အခြေခံလစာ တိုးပေး ရေးညှိနှိုင်းမှုကို အတော်ပြင်းပြင်း ထန်ထန်ဆောင်ရွက်ပေးနေရ သည်ဟူ သောသတင်း ကိုဖတ်ဖြစ် လိုက်ရ၏။
ဇီးရိုးဆမ်းဂိမ်း
မြန်မာ့နိုင်ငံရေး Zero Sum မဖြစ်ပါစေနှင့်ဟုဆုတောင်းနေရသည်။ ဇီးရိုးဆမ်း၏ အရသာကအတော်ဆိုးဝါး လှမည် ကို မခံစားကြရမီ တွေး ကြည့် ရုံဖြင့်သိနိုင်၏ ။ဘေး ထွက်ဆိုးကျိုးလည်း များလှပေမည်။ နိုင်ငံတကာ စီးပွားရေးမှာမူ မလွှဲသာမရှောင်သာ ဇီးရိုးဆမ်းဖြင့် ယှဉ်ပြိုင်နေကြရသည်။ ကမ္ဘာ့အထင်ကရနံပါတ် (၁)
ဖြစ်ခဲ့သော Nokia လုပ်ငန်းကြီးမှာ ယှဉ်ပြိုင် နိုင် မှုစွမ်းရည်ကျဆင်းခဲ့သောကြောင့် အောက်ဈေးဖြင့် ရောင်း ချခဲ့လိုက်ရသည်။ မကြာမီနာမည်ကြီး SONY မှာလည်း သူ၏ ကွန်ပျူတာ ထုတ်လုပ် ရေးလုပ်ငန်း ကို ရောင်းချရန်ညှိနှိုင်းမှုပြုနေပြီဖြစ်သည်။ ဈေးကွက် စီးပွားရေး တစ်နည်းဆိုရ လျှင် အရင်းရှင်စီးပွားရေး၏ အခြေခံသဘောမှာ ယှဉ်ပြိုင်စွမ်းရည်အပေါ် လုံးလုံးလျားလျား အခြေခံထားခြင်း ဖြစ်သည်။ ယှဉ်ပြိုင်နိုင်မှု စွမ်းရည် မကျသေး သမျှ ဈေးကွက်ထဲတွင် နေရာတစ်ခုရနေ မည်ဖြစ်သော်လည်း ယှဉ်ပြိုင်စွမ်းရည်ကျ ဆင်း သည်နှင့် နောက်နေ့တွင် ဈေးကွက်ထဲမှ အခြားသူတစ်ဦးကို နေရာပေးရတတ်ပါသည်။ အရင်းရှင် စီးပွားရေး တွင် “ညှိနှိုင်းမှု” (Compromise)ဟူသော သီအိုရီမရှိ၊
စာရေးသူ၏ ကုမ္ပဏီမှလုပ်ငန်းခွဲတစ်ခုဖြစ်သော စားသောက်ကုန် ဆိုင်ရာ အမှတ် တံဆိပ်တစ်ခုပင်ဈေးကွက် ထဲမှ ရက်ပိုင်းအတွင်းက ထွက် ပေးခဲ့လိုက်ရပါသည်။ စားသောက်ကုန်ဖြစ်သဖြင့် ထည့်သွင်းရသော ပစ္စည်း များမှာ Food Grade ဖြစ် ရပါ သည်။ အကျိုးအမြတ်တစ်ခုထဲအ ပေါ်သာ အခြေခံကြသောကြောင့် စက်မှု ကုန်ကြမ်း ပစ္စည်း (Industrial Grade) ဖြင့် အချို့ကထုတ်လုပ်ကြသည်။ Food Grade ကုန် ကြမ်း က Industrial Grade ကုန်ကြမ်းထက် (၃)ဆမကဈေးကြီးပါသည်။ စားသုံးသူ တို့ကို ကိုယ့်ကုန် ပစ္စည်းကြောင့် ကျန်းမာရေး မထိခိုက်စေလိုသောကြောင့် (၁၈) နှစ်မက ဈေး ကွက်ထဲရှိနေခဲ့သော အမှတ်တံဆိပ်တစ်ခု ရက်ပိုင်း အတွင်း က ထွက်ခွာခဲ့ လိုက်ရပါ၏။(စားသောက်ကုန်စစ်ဆေးရေး-FDA အနေဖြင့်လည်း လောလောဆယ်တွင် ဈေးကွက်အတွင်း ထုတ်ကုန်အားလုံးကို စစ်ဆေးနိုင်ဦးမည် မဟုတ်သေးပါ။ သို့သော်လည်း တစ်ချိန်တွင် အမျိုးသားအဆင့်ကျန်းမာရေး အတွက် စစ်ဆေးရန် တာဝန်ရှိနေပါသည်)။
မည်သို့ဆိုစေ၊ ယှဉ်ပြိုင်နိုင်မှုမရှိသဖြင့် ဈေးကွက်ထဲမှခွာစစ်ဆင်ခဲ့ ရခြင်းသာဖြစ်သည်။ ဤသည်မှာဇီးရိုးဆမ်း သဘောဖြစ်သည်။ အရင်းရှင် စီးပွားရေးစနစ်သည် မျက်မှောက်ခေတ်တွင်တစ်ခုထဲသော ရွေးချယ်စရာ ရှိ သည့် စနစ်ဖြစ်သော်လည်း ၊ ဘေးထွက်ဆိုးကျိုးများကိုလည်း ပြန်၍ ကာကွယ်နိုင်ရန်ပြင်ဆင်ရမည့်စနစ်ဖြစ် ပါ၏။ များမကြာမီ နိုင်ငံတကာ အရင်း အနှီးများ၊ နည်းပညာများနှင့်အတူ မြန်မာ့ဈေး ကွက်အတွင်းဝင် ရောက် ကြတော့မည်ဖြစ်သဖြင့် မြန်မာတို့များစွာပြင်ဆင်ထားနိုင်ကြရန် လိုသည်။ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို အမြဲဖြည့် ဆည်းထားရန်လည်း ဖြစ်သည်။
တီထွင်မှုနှင့်ဈေးကွက်ချဲ့ထွင်၊ သိမ်းယူ
မာ့က္ခစ်က အရင်းရှင်တို့သည် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများ ဈေး ကွက်ပိုမိုရရှိရေးအ တွက် နေရာအနှံ့ သွား
ရောက်နေကြရပြီး ကုန်ပစ္စည်းများ ကိုလည်း အဆက်မပြတ် တီထွင်နေ ကြရသည်။ ထို့ကြောင့် အရင်းရှင်တို့ အနေဖြင့် ကမ္ဘာ့နေရာအနှံ့ အိမ် ရာပြုခြင်း၊ အခြေချနေထိုင်ခြင်း တို့ကို ပြု နိုင် ကြသည်ဟုရေးခဲ့သည် ။ နိုင်ငံ တိုင်း၌ တိုင်းတစ်ပါးတို့နှင့် အိမ်ထောင် ပြုခဲ့ သည့်ဖြစ်ရပ်များကို မျက်မှောက်ခေတ်၌ ပို၍ပေါများစွာတွေ့ လာနိုင်ပါသည်။ တစ်ဖက်က ကုန်ပစ္စည်းတီထွင်မှုများကလည်း အတောမသတ်၊ အထူးသဖြင့်အီလက်ထရော နစ်ပစ္စည်းများမှာ မိုဒယ်များပင် မမှတ် မိနိုင် လောက်အောင် အမျိုးမျိုးထွက်လာခဲ့ပါသည်။
အမေရိကန်ပန်းသီးကုမ္ပဏီမှထုတ်လုပ်သော iPhone များမှာ ကမ္ဘာ့ သုံးစွဲသူများကို အရူးအမူးဖြစ်စေခဲ့ပါ သည်။ နောက်ပိုင်း Android ဖြင့် မောင်းနှင်သော Samsung နှင့် HTC တို့က တီထွင်မှု များ စွာ၊ ဈေးနှုန်း သက် သာစွာဖြင့် အပြင်းအထန်တိုက်ခိုက်ကြ သည်။ လွန်ခဲ့သော “လ” ဈေးကွက်စစ်တမ်းများအရ ကမ္ဘာ့ လက်ကိုင် ဖုန်းဈေးကွက် တွင်Samsung က iPhone ကို ကျော်တက်သွားပြီဟု သိလိုက်ရသည်။ အိုင်ဖုန်းမှာ အမေရိကန်
ဈေးကွက်ကိုသာ ခိုင်ခိုင်မာမာရပ်တည်နိုင်ပြီး ဥရောပဈေးကွက် အနည်း အကျဉ်းကိုသာ ဆုပ် ကိုင်ထားနိုင်
တော့သည်။ ကျန်ကမ္ဘာ့ဈေးကွက် ကို တောင် ကိုရီးယားတို့က တစ်စတစ်စ၊ တစ်နှစ်ထက် တစ်နှစ် သိမ်းယူ သွားခဲ့ကြပါတော့၏။
ယခင်က လက်လီအရောင်းဆိုင်လေးများ ရေပန်းစားခဲ့သည်။ စီမံခန့် ခွဲသော နည်း ပညာ၊ ထုတ်ကုန်ဈေး ချုပ်ကိုင်မှု၊ အရင်းအနှီး၊ ဖြန့်ချိရေးစသော ဘက်ပေါင်းစုံ အသုံးပြုနိုင် သည် Walmart က နောက် ပိုင်းတွင် တဖြည်းဖြည်းဈေးကွက်ကို နိုင်ငံ တိုင်း၌ လက်ဝါးကြီးအုပ်ယူ သွားပါတော့ သည်။
လုပ်ခ၊ အမြတ်တို့၏ ပွတ်တိုက်မှု
ကမ္ဘာ့စီးပွားရေးနှင့် အရင်းရှင်စနစ်သည် ယှဉ်ပြိုင်မှုအပေါ် များစွာ အခြေခံထားသည်။ ယှဉ်ပြိုင်မှုတစ်စတစ်စ ပို၍ ပြင်းထန်လာသဖြင့် ကုန် ပစ္စည်းတို့၏ဈေးနှုန်း အပေါ်လျော့ချလာခဲ့ရသည်။ ဤတွင် အရေအတွက်
ရောင်း ချနိုင်မှုမများပါ ကထုတ်လုပ်သူတို့ အနေဖြင့် ရှင်သန်ရန် မလွယ် ကူ တော့။ ထို့ကြောင့်လုပ်ခလစာကို များစွာမတိုးမြှင့်နိုင် ၊ တစ်ဖက်တွင်လည်း လုပ်သားတို့အနေဖြင့် လုံလောက်သော လုပ်ခလစာမရကြပါက ရပ် တည် နိုင်ရေးအတွက် ခက်ခဲနိုင်ပြန်ပါသည်။ အလွန်တရာအောင်မြင်သော အမှတ် တံဆိပ်ထုတ်ကုန် ပစ္စည်းများအတွက် ပြဿ နာမရှိသော်လည်း သာမန်သင့်ရုံ အမှတ် တံဆိပ်တို့အတွက် လုပ်ခနှင့်ကုန်ထုတ်လုပ် သူ တို့၏ အမြတ်အစွန်းတို့မှာတွန်းမှု၊ တိုက်မှုများ မလွဲသောမရှောင်သာ တွေ့ကြုံ ကြရပါတော့သည်။
မြန်မာနိုင်ငံ အရေးယူပိတ်ဆို့မှုခံရသောကာလ တွင် ပြည် ပထုတ်ကုန်ပစ္စည်းများကို တဆင့်ခံပို့ဆောင် ရသဖြင့် အမြတ်အစွန်း နည်းပါး ပါက ထိုစိန်ခေါ်မှုကို ပြင်းပြင်း ထန်ထန်ကျော်လွှားခဲ့ရသည်ကို လုပ်ငန်းရှင် တစ်ဦးအနေဖြင့် ကောင်းစွာ သိရှိခံစားနိုင် ခဲ့ပါသည်။
ယခုအခါစီးပွားရေးပိတ်ဆို့မှုများ တစ်စတစ်စဖြေလျော့လာခဲ့၍ လုပ် ငန်းရှင်အများစု အနေဖြင့် အတော် အ တန် သက်သာမှုရရှိခဲ့ကြသော်လည်း မကြာမီမှာပင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပြီး၊ သူတို့ ၏ နည်းပညာ၊ စီမံခန့်ခွဲရေးအတတ် ပညာ ၊ဈေးကွက်ပညာများနှင့် ဆက်လက် ယှဉ်ပြိုင်ကြရဦး မည်ဖြစ် သဖြင့် မြန်မာ့လုပ် ငန်းရှင်များ များစွာကြိုးစား၊ အသင့်ပြင်ဆင်ထားကြရန်လိုပါလိမ့်ဦးမည်။
တစ်ချိန်ကကွန်မြူနစ်နှင့် အရင်းရှင်တို့ ဘတစ်ပြန်၊ ကျားတစ်ပြန် အားပြိုင်ခဲ့ကြသည်။ စစ်အေးလွန်ကာလပြတ်
ပြတ် သားသား ဖြစ်သွားခဲ့ပြီး၊ အရင်းရှင်စနစ်အနေဖြင့် ကမ္ဘာ့ မိသားစုကြီး၏ အားထားရာ ဖြစ်ခဲ့သည်။ မည်သည့် စနစ်တိုင်းမျှခြောက်ပစ်ကင်းကြ မည်မဟုတ်။ ခေတ်တစ်ခေတ် အချိန်အခါတစ်ခုတွင် အများလိုက် ပါ ကျင့် သုံးရာကို ကိုယ်ကလည်း လိုက် ပါကျင့်သုံးနိုင်ရမည်သာဖြစ်သည်။ အရင်းရှင်စနစ်ကို ကာလရှည်ကြာ စွာကျင့်သုံးခဲ့ကြပြီး၊ ပြိုင်ဆိုင်မှုအစွမ်းကုန်မြှင့်တင်လာချိန်မှာ မြန်မာ တို့ အနေဖြင့်လည်း ထိုပြေးလမ်းကြောင်း
ပေါ်သို့ တက်ခွင့်ရလာခဲ့ကြပါသည်။
မိမိတို့အနေဖြင့် အခြားရွေးချယ်စရာလမ်းကြောင်း မရှိသေးပါ။ ထိုလမ်းကြောင်းမှပင် အများထက်ပို၍ သွက် သွက်ပြေးကြရမည်သာဖြစ် ပါသည်။ ကြံ့ခိုင်ကြဖို့၊ တီထွင် ကြံဆနိုင်ကြဖို့၊ ယှဉ်ပြိုင်နိုင်စွမ်းများ ပြည့်ဝ ကြဖို့ သာလိုပါသည်။ ထို့ထက်ပို၍ စုပေါင်း လုပ်ကိုင်နိုင်သော ယဉ်ကျေးမှုရှိ ရန်လိုပါသည်။ မြန်မာတို့ အနေဖြင့်
ငွေကြေး၊ပညာ၊လုပ်အား စသော အရာများ၌ စုပေါင်းအားကို ယူ၍လုပ်တတ်ကိုင်တတ်သော အလေ့ အကျင့်
ကောင်းစွာမထွန်းကားသေးပါ။ ထိုယှဉ်ကျေးမှုကို မွေးရာပါအလေ့အ ကျင့် တစ်ခုကဲ့သို့ လုပ်ကိုင်ဆောင်ရွက် တတ်သင့်ပါသည်။
မည်သည့်အရာ၊ မည်သည့်စနစ်မျှပြည့်စုံကုံလုံသည်ဟူ၍ မရှိပါ။ အချိန်အခါတစ်ခုတွင် မှန်ကန်သည်ဟု ယူ ဆသောအမှန်တရားပေါ်တွင် သာအကောင်းဆုံးရလဒ်ထွက် ရှိနိုင်ရေးကို ဆောင်ရွက်နိုင်ကြရန်သာဖြစ် သည်။
နေဇင်လတ်
၁၂-၂-၂၀၁၄ (၁၂၂၇)