ထိုင်းမှ နေရပ်ပြန်မြန်မာအလုပ်သမားတစ်ဦးထံ မှ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ
Covid-19 PositiveCase(233)သည် ၂၅.၅.၂၀၂၀ရက်နေ့ကထိုင်းနိုင်ငံ၊စမွတ်ဆာခွန်ခရိုင်၊မဟာချိုင်မြို့နယ်မှ မြန်မာနိုင်ငံအ တွင်းသို့မြဝတီနယ်စပ်မှဝင်ရောက်သည့်ပြည်တော်ပြန်ပြန်တစ်ဦးဖြစ်ပါသဖြင့် Closed Contact Person များကိုဆက်သွယ်စိစစ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ Case(233)ကျား(အမျိုးသား) အသက်(၂၆)နှစ် ပဲခူးတိုင်းဒေသကြီး၊ပြွန်တန်ဆာမြို့နယ်၊မြိုမ(၄)ရပ်ကွက်၌ နေထိုင်သူသည် ထိုင်းနိုင်ငံ၊စမူပရကန်ခရိုင်၊ မဟာချိုင်မြို့နယ် သို့ PJ ဖြင့်သွားရောက်၍Thai Unit ၌အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊၂၅.၅.၂၀၂၀)ရက်နေ့(၀၅၃၀)နာရီအချိန်တွင် ချစ်ကြည်ရေးတံတားအမှတ်(၂)မဲဆောက်BCF Zone သို့စတင်ရောက်ရှိခဲ့ကြောင်း၊မဲဆောက်BCF Zone မှတဆင့် မြဝတီ BcF Zone သို့ (၀၇၃၀)နာရီအချိန်ခန့်တွင်ရောက်ရှိခဲ့ကြောင်း၊(၀၈၃၀)နာရီအချိန်ခန့်တွင် မြဝတီ-ပဲခူး မိဘဂုဏ်ယာဉ်လိုင်း ယာဉ်အမှတ် 4M-6829 ယာဉ်ပေါ်သို့ရောက်ရှိခဲ့ကြောင်း နှင့်ချစ်ကြည်ရေးတံတား အမှတ်(၂) BCF Zone မှပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့နယ်၊ဘုရားကြီးမြို့ မှတဆင့် ပြွန်တန်ဆာမြို့၊သီတဂူဆေးရုံတွင် Quarantine ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။