Saturday, June 06, 2020

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မြဝတီချစ်ကြည်ရေးအမှတ် (၂) တံတားမှ ဇွန် ၅ ရက်၌ ဦးရေ ၁၁၉၀ ဆက်လက်ဝင်ရောက်



မြဝတီ ဇွန် ၅

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ မေ ၁ ရက်မှစပြီး လက်ခံ ခဲ့ရာ ဇွန် ၅ ရက်တွင် မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူဦးရေ ၁၁၉၀ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ 

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများသည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှဖြစ်ကာ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏ ခွင့်ပြုချက်ရယူပြီး ၎င်းတို့၏အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက် သူများဖြစ်ကြောင်း သိရသည်။



ပြန်လည် ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်တွင် ၆၀၊ ၂ ရက်တွင် ၅၄ ဦး၊ ၃ ရက်တွင် တစ်ဦး၊ ၄ ရက်တွင် ၄၄ ဦး၊ ၅ ရက် တွင် ၂၃ ဦး၊ ၆ ရက်နှင့် ၇ ရက်တွင် ဝင်ရောက် ခြင်းမရှိဘဲ ၈ ရက်တွင် ၁၀၀၊ ၉ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ၁၀ ရက်တွင် ၄၄ ဦး၊ ၁၁ ရက်တွင် ၁၃ ဦး၊ ၁၂ ရက်တွင် ၄၁ ဦး၊ ၁၃ ရက်တွင် ၁၆ ဦး၊ ၁၄ ရက်တွင် ၃၈ ဦး၊ ၁၅ ရက်တွင် ၁၂၀၊ ၁၆ ရက်တွင် ၇၆ ဦး၊ ၁၇ ရက်တွင် ၉၀၊ ၁၈ ရက်တွင် ဝင်ရောက်ခြင်း မရှိဘဲ ၁၉ ရက်တွင် ၆၄ ဦး၊ ၂၀ ရက်နှင့် ၂၁ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ၂၂ ရက်တွင် ၃၆ ဦး၊ ၂၃ ရက်တွင် ၆၀၄ ဦး၊ ၂၄ ရက်တွင် ၁၁၁၈ ဦး၊ ၂၅ ရက်တွင် ၁၂၇၇ ဦး၊ ၂၆ ရက်တွင် ၁၃၉၄ ဦး၊ ၂၇ ရက်တွင် ၁၄၃၄ ဦး၊ ၂၈ ရက်တွင် ၁၁၆၈ ဦး၊ ၂၉ ရက်တွင် ၁၂၀၂ ဦး၊ ၃၀ ရက်တွင် ၁၁၅၂ ဦး၊ ၃၁ ရက်တွင် ၁၅၁၁ ဦး၊ ဇွန် ၁ ရက်တွင် ၁၀၄၃ ဦး၊ ၂ ရက်တွင် ၁၅၁၇ ဦး၊ ၃ ရက်တွင် ၁၅၄၇ ဦး၊ ၄ ရက်တွင် ၁၂၀၄ ဦး၊ ၅ ရက်(ယနေ့)တွင် ၁၁၉၀ ပြန်လည် ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၁၈၁၈၁ ဦးအထိ ပြန်လည်ဝင်ရောက် ခဲ့ပြီး ဖြစ်သည်။

အဆိုပါ နေ့အလိုက် ပြန်လည်ဝင်ရောက် သူများအနက် မေ ၁၃ ရက်မှ ၁၅ ရက်အထိ ပြန်လည်ဝင်ရောက်သူများနှင့် ၁၇ ရက်တွင် ဝင်ရောက်သူ ၉၀ အနက် ၄၅ ဦး၊ ၂၇ ရက်တွင် ဝင်ရောက်သူ ၁၄၃၄ ဦးအနက် ၅၂ ဦး၊ ဇွန် ၄ ရက်တွင် ဝင်ရောက်သူ ၁၂၀၄ ဦးအနက် ၁၂၃ ဦးတို့အနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ် ကျခံရပြီးသောသူများနှင့် အချုပ်မှ ပြန်လည် လွတ်မြောက်လာသူများဖြစ်သဖြင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများက လာရောက်လွှဲပြောင်း ပို့ဆောင်ပေးခြင်း ဖြစ်သည်။ ယနေ့ ပြန်လည် ဝင်ရောက်သူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၆၈၄ ဦး၊ အမျိုးသမီး ၅၀၆ ဦး စုစုပေါင်း ၁၁၉၀ ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)