မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၆၃၈)ဦး ထပ်မံဝင်ရောက်
ဘားအံ၊ ဇွန်(၆)
မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှ ယနေ့ဇွန်လ (၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီမှ ညနေ(၆)နာရီအချိန်ထိ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၆၃၈)ထပ်မံ ဝင်ရောက်ကြောင်း သိရပါသည်။
ယခုပြန်လည်ဝင်ရောက်လာသူများသည် ထိုင်းနိုင်ငံခရိုင်ဒေသအသီးသီးမှ ဖြစ်ကြပြီး ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ ခွင့်ပြုချက်များရယူကာ မိမိအစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာသူများ ဖြစ်ကြကြောင်း သိရပါသည်။
ယနေ့ပြန်လည်ဝင်ရောက်လာသူများသည် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးများမှ ဖြစ်ကြပြီး အမျိုးသား(၁၁၁၁)ဦး၊ အမျိုးသမီး(၆၇၃)ဦး စုစုပေါင်း(၁၇၈၄)ဦး ပြန်လည်ဝင်ရောက်လာကြောင်း သိရပါသည်။
#ဘားအံသတင်းဌာနခွဲ
#MRTV