Monday, October 11, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသားများထပ်မံအဖမ်းခံရ



ထိုင်းအစိုးရက အထောက်ထားမဲ့အလုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့်ပြုလုပ်ပေးမယ်လို့ သတင်းထုတ်ပြန်ပြီးသည့်နောက် နှစ်နိုင်ငံနယ်စပ်မှာတရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားများနေ့စဉ်နီးပါးအဖမ်းခံနေရပါတယ်။

Friday, October 08, 2021

ရနောင်းခရိုင်တွင် တရားမဝင်မြန်မာနိုင်ငံသား ၄၁ဦး အဖမ်းခံရ


ယမန်နေ့ နံနက် ၄နာရီအချိန်ခန့်တွင်  ခြုံဖော်ခရိုင် စဝီမြို့နယ်သို့ ဦးတည်ထွက်ခွာလာသည့် ကားတစီးကို ရနောင်းခရိုင် လအူ(န်)မြို့နယ် စကဲဝိုရပ်ကွက် အုပ်စု (၃)ရှိ စစ်ဆေးရေးဂိတ်တွင် ရပ်တန်စစ်ဆေးရာ အသက် (၄၃ )နှစ်အရွယ်နှင့် အသက် (၂၀)အရွယ်ရှိ ထိုင်းနိုင်ငံသား ယာဉ်မောင်းသမားများနှင့် ကားနောက်ဘက်အတွင်း လိုက်ပါလာသည့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၃ ဦး (ကျား ၃၆ ၊ မ ၇ )တို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၂ ဦး ထပ်မံအဖမ်းခံရ



အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၇ နာရီ မှ မွန်းလွဲ ၂ နာရီအထိ ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်ခရိုင် နှင့် ကန်ချနဘူရီခရိုင်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၂ ဦး ( ကျား ၂၄ ၊ မ ၈ )  တို့နှင့်အတူ ခေါ်ဆောင်လာသူ ၂ ဦး ကား ၂ စီးတို့နဲ့ အတူ နေရာအသီးသီးတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

Thursday, October 07, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာ ၄၉ ဖမ်းဆီးခံရ

 
ကန်ချဘူရီ ၊ အောက်တိုဘာ ၅ ၂၀၂၁ ၊ အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲချိန်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၉ ဦး တို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။

ဖမ်းဆီးရမိသည့် အခြေနေများနှင့်ပက်သတ်ပြီး မွန်လွဲ ၂ နာရီအချိန်ခန့်တွင်  စံခဘူရီမြို့ နောင်လုမြို့နယ်တွင် မြန်မာနိုင်ငံသား၄၀ ဦး ( ကျား ၂၂ ၊ မ ၁၈ ) ဦးနှင့် မွန်လွဲ ၂ နာရီခွဲခန့်တွင် နောက်ထပ် ၉ ဦး ( ကျား ၄ ၊ မ ၅) တို့ကို ဘန်ကောင်မြို့နယ်များတွင် အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူ ၂၁ ဦး အဖမ်းခံရ

 


အောက်တိုဘာ ၆ ၂၀၂၁ ၊ ကန်ချနဘူရီ ၊ အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံအတွင်း အထောက်ထားမဲ့အလုပ်သမားများကို ပန်းရောင်ကတ်ပြုလုပ်ပေးမည်ဟု ထိုင်းအလုပ် သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပြီးသည့်နောက် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများ နေ့စဉ် အဖမ်းခံရလျက်ရှိကြောင်းသိရသည်။


Monday, October 04, 2021

မြန်မာ - ထိုင်းနယ်စပ် စံခရဘူရီမှာ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိ


မြန်မာ - ထိုင်းနယ် ကန်ချနဘူရီခရိုင် စံခရဘူရီမြို့နယ်ထဲမှာ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ နယ်မြေခံထိုင်းစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

မနေ့ အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြန်မာ ထိုင်းနယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံ စခံရဘူရီထဲကိုတရားမဝင်ဝင် ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀ ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ 

“ချင်းမိုင်ခရိုင် ဖန် ရွာအဆုံးမှာရှိတဲ့ ဥယျာဉ်ခြံတစ်ခုအတွင်း ရောက်ရှိလာတဲ့ တရားမဝင်အလုပ်သမား ၁၅ ဦး ဖမ်းဆီးခံရ”



၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၊ ၄ ရက်နေ့မှာ ကျေးရွာအကြီးအကဲတွေနဲ့ ကျေးရွာလုံခြုံရေး ကင်းလှည့်အဖွဲ့တို့က ချင်းမိုင်ခရိုင်၊ ဘန် လူအန် ကျေးရွာအုပ်စု(၅)၊ မဲ့ငူဖန် ခရိုင်၊ မဲ့ငူကျေးရွာ အဆုံးမှာရှိတဲ့ အသီးဥယျာဉ်ခြံဧရိယာကို စစ်ဆေးခဲ့ပါတယ်။ အဆိုပါဥယျာဥ်ထဲမှာ တရားမဝင် ဝင်ရောက်လာခဲ့တဲ့ အသက် ၁၅ နှစ်နှင့် ၃၀ နှစ်ကြား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၇ ဦးတို့ကို ရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ ၎င်းအလုပ်သမားတွေဟာ မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းလာသူတွေဖြစ်တယ်လို့ သိရပါတယ်။