Monday, October 04, 2021

“ချင်းမိုင်ခရိုင် ဖန် ရွာအဆုံးမှာရှိတဲ့ ဥယျာဉ်ခြံတစ်ခုအတွင်း ရောက်ရှိလာတဲ့ တရားမဝင်အလုပ်သမား ၁၅ ဦး ဖမ်းဆီးခံရ”



၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၊ ၄ ရက်နေ့မှာ ကျေးရွာအကြီးအကဲတွေနဲ့ ကျေးရွာလုံခြုံရေး ကင်းလှည့်အဖွဲ့တို့က ချင်းမိုင်ခရိုင်၊ ဘန် လူအန် ကျေးရွာအုပ်စု(၅)၊ မဲ့ငူဖန် ခရိုင်၊ မဲ့ငူကျေးရွာ အဆုံးမှာရှိတဲ့ အသီးဥယျာဉ်ခြံဧရိယာကို စစ်ဆေးခဲ့ပါတယ်။ အဆိုပါဥယျာဥ်ထဲမှာ တရားမဝင် ဝင်ရောက်လာခဲ့တဲ့ အသက် ၁၅ နှစ်နှင့် ၃၀ နှစ်ကြား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၇ ဦးတို့ကို ရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ ၎င်းအလုပ်သမားတွေဟာ မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းလာသူတွေဖြစ်တယ်လို့ သိရပါတယ်။ 



ထို့နောက် ပန်မ ရွာအဆုံးမှာ အမည်မသိအမျိုးသားတစ်ဦးနှင့် တရုတ်နိုင်ငံသားတို့ကိုလည်း ထပ်မံဖမ်းမိခဲ့ပါတယ်။ အဆိုပါနှစ်ဦးဟာ ဘန်ကောက်မှာ အလုပ်လုပ်ဖို့အတွက် ကားစောင့်ပြီး၊ အန်းခန် လမ်းဆုံမှ စစ်ဆေးရေးဂိတ်သုံးခုကိုဖြတ်သွားခဲ့ကာ တောလမ်းအတိုင်း လျှောက် လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ၎င်းတို့အား ပို့ဆောင်ခ အနေနဲ့ တစ်ယောက်ကို ဘတ် ၂၉,၀၀၀ ခန့် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ဖမူဝမ်အဖွဲ့တွေက ဥပဒေအရ အရေးယူရန် သက်ဆိုင်ရာသို့ မပို့မီ ဒွန်အန်းခန် ရဲစခန်းမှ ဝန်ထမ်းများနှင့်စိစစ်ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ 

.

ဖမူဝမ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးက ချင်းမိုင်နယ်စပ်ခရိုင် ၅ ခုဖြစ်တဲ့ ချမ်းဒါအို ခရိုင်၊ ဖန် ခရိုင်၊ မဲ့အိုင် ခရိုင်၊ ချိုင်း ပရကန်ခရိုင်နှင့် ဝီအန် ဟိန့် ခရိုင်တို့မှာရှိတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို ကြားဖြတ်စစ်ဆေးရန် တပ်မဟာ ၄ တပ်ရင်းမှ တပ်ဖွဲ့များ ဖွဲ့စည်းလိုက်ပြီးနောက် တစ်ချိန်တည်းမှာပဲ သက်ဆိုင်ရာဌာနများနှင့် အုပ်ချုပ်ရေးဌာနနှစ်ခုလုံးကို ပူးပေါင်းလိုက်ပါတယ်။

.

အဲ့ဒီနောက် အဓိကလမ်းကြောင်း၊ ဖြတ်လမ်းနှင့် သဘာဝလမ်းကြောင်း တွေမှ တိုင်းပြည်အတွင်းသို့ တရားမဝင် မှောင်ခိုကူးမှုများနှင့် တရား မဝင် ဝင်ရောက်မှုများကို ၂၄ နာရီလုံးလုံး ကာကွယ်ရန်အတွက် နယ်ခြား ကင်းလှည့်ရဲတပ်ဖွဲ့နှင့် ဒေသခံအစိုးရအဖွဲ့တွေက စစ်ဆေးရေး ဂိတ်တွေ တည်ဆောက်ပြီး၊ ကင်းလှည့်တပ်ဖွဲ့တွေ တပ်ဖြန့်ချထားတယ်လို့ သိရ ပါတယ်။ 

#Migrant_Times #thailand #Myanmar #IllegalImmigration #migrantworkers 

Source – #chaingmainews.co.th