ထိုင်းမြန်မာနယ်စပ်အနီး တာ့ခ်ခရိုင် မဲ့ရတ်မနယ်မြေ ဟွေ့ခါသစ်ကျေးရွာအတွင်း နယ်စပ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့်စစ်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့က ကင်းလှည့်နေစဉ် ဝါးတောထဲ ပုန်းအောင်းနေသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့်မြန်မာအမျိုးသား ၁၄ ဦး ( ကျား ၆၊ မ ၈)တို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသူများကို ခန္ဓာကိုယ်အပူချိန်တိုင်းခြင်းများပြုလုပ်ခဲ့ရာ အားလုံး ပုံမှန်အပူချိန်များရှိကြကြောင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာမှု ဆက်လက်အရေးယူနိုင်ရန်မဲ့ရတ်မရဲစခန်းသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မြဝတီမြို့မှတဆင့် မဲ့ဆောက်ဘက်ခြမ်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂ ဦး (ကျား ၁ ၊ မ ၁) တိူ့ကို သစိုင်လူးနယ်မြေတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
News Score_AEC ASEAN News