Monday, October 04, 2021

ပကျွတ်ခီလီခမ်ခရိုင်တွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၈ဦးအဖမ်းခံရ

 

ထိုင်းမြန်မာနယ်စပ်အနီးရှိ ပကျွတ်ခီလီခမ်ခရိုင်တွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၅၈ ဦး နှင့် လမ်းပြခေါ်ဆောင်လာသူ၂ ဦးနှင့် ကား၁စီးတို့ကို အောက်တိုဘာလ ၃ရက်နှင့် ၄ရက်နေ့တို့တွင်း သီးခြားဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်၏ သတင်းထုတ်ပြန်များအရသိရသည်။


အောက်တိုဘာလ ၃ ရက်နေ့ ည ၇နာရီအချိန်ခန့်တွင် ပကျွတ်ခီလီခမ်ခရိုင်အွတ်နွဲ့မြို့နယ် ဘန်နောင်စုနယ်မြေတွင် ၃၄ ဦး (ကျား ၅ ၊ မ ၂၉ )နှင့် အောက်တိုဘာလ၄ ရက်နေ့ နံနက် ၈နာရီအချိန်တွင် ၂၄ ဦး ( ကျား ၁၀ ၊ မ ၁၄ )တို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ မြိတ်ခရိုင် နှင့်ပုလောမြို့နယ်တို့မှဖြစ်ကြကြောင်းသိရသည်။

News Score_Army PR Center