မြန်မာ - ထိုင်းနယ် ကန်ချနဘူရီခရိုင် စံခရဘူရီမြို့နယ်ထဲမှာ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ နယ်မြေခံထိုင်းစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့ အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြန်မာ ထိုင်းနယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံ စခံရဘူရီထဲကိုတရားမဝင်ဝင် ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀ ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၈ ဦးပါတဲ့ အဲ့ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘန်ကောက်မြို့မှာ အလုပ်သွားလုပ်ဖို့အတွက်ဖြစ်တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
အဲ့ဒီ ရွှေ့ပြောင်းမြန်မာအလုပ်သမားတို့ကို ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးရာ မှာ ပိုးမတွေ့ရှိဘူးလို့ နယ်မြေခံထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Klo FM
Photo - Army PR Center