အောက်တိုဘာ ၆ ၂၀၂၁ ၊ ကန်ချနဘူရီ ၊ အလုပ်သမားဟစ်တိုင်
ထိုင်းနိုင်ငံအတွင်း အထောက်ထားမဲ့အလုပ်သမားများကို ပန်းရောင်ကတ်ပြုလုပ်ပေးမည်ဟု ထိုင်းအလုပ် သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပြီးသည့်နောက် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများ နေ့စဉ် အဖမ်းခံရလျက်ရှိကြောင်းသိရသည်။
ယနေ့ညနေ ၃နာရီခွဲအချိန်ခန့်တွင် ကန်ချနဘူရီခရိုင် ဘန်ကောင်မြို့နယ် ဘန်းပရတူဒန် အုပ်စု (၁၄ ) ကျေးရွာတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား ၂၁ ဦး (ကျား ၆ ၊ မ ၁၅ ) တို့ကို လာရောက်ခေါ်ဆောင် သည့် ပစ်ကက်ကား ၁စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
#News Source_Jeab Matican