ဘန်ကောက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ်ထပ်မံတွေ့ရှိမှုဆက်လက်ကျဆင်းခဲ့သောကြောင့် ဈေးဆိုင်များနှင့် စားသောက်ဆိုင် အချို့ကို တစ်လကျော်ကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရက မြို့တော် ဘန်ကောက်တွင်ရှိသည့် ဆံသဆိုင်များ၊ စားသောက်ဆိုင်များနှင့် တခြား ဆိုင်တချို့ကို တနင်္ဂနွေနေ့ကစပြီး ပြန်ဖွင့်ခွင့် ပြုခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် နေ့စဉ်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ ရှိမှုအရေအတွက်သည လတ်တလော ရက်ပိုင်းတွင် ဆယ်ဂဏန်းအောက်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။







