Tuesday, May 05, 2020

နေရပ်ပြန်လိုသူများနှင့်ထိုင်းနိုင်ငံသို့ပြန်လည်းဝင်ရောက်မည့်မြန်မာအလုပ်သမားများအတွက် အထူးသတင်း


ယနေ့ ထိုင်းနိုင်ငံ တိုင်းအမှတ်၃ ဒုတိုင်းမှူး၊ တက်ခ်ခရိုင်မှူး တို့ ဦးဆောင်ပြုလုပ်သော အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံသို့ ဝင်ရောက်အလုပ်လုပ်မည့်သူများအတွက် အမှတ်၂ ချစ်ကြည်ရေးတံတားမှ သာ ဖြတ်သန်းရန်နှင့် ထိုင်းမှ မြန်မာနိုင်ငံသို့ ပြန်မည့်သူများအတွက် အမှတ်၁ ချစ်ကြည်ရေးတံတားမှသာ ဖြတ်သန်းရန် ၎င်း ဖြတ်သန်းခွင့်ကို ထိုင်းနိုင်ငံ အရေးပေါ်အမိန့်ပြီးဆုံးမည့် ဇွန်လ(၆လပိုင်း )မှသာ စတင်နိုင်မည်ဟု ဆုံးဖြတ်ကြပါသည်။




သို့ဖြစ်ပါ၍ လက်ရှိအခြေအနေအရ မဲဆောက် မြဝတီ ဖြတ်သန်းသွားလာခွင့်သည် ဇွန်လ(၆လပိုင်း) မှသာ ဖြစ်နိုင်ဖွယ်ရှိကြောင်း တက်ခ်ခရိုင် သတင်းထုတ်ပြန်ချက်အရ အသိပေးအပ်ပါသည်။

(အကယ်၍ မြန်မာ ထိုင်း ၂နိုင်ငံအစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုမရှိပါက ၎င်းအခြေအနေမှာ ပြောင်းလဲဖွယ်မရှိဟု မိမိတို့ ထင်မြင်မိပါသည်။)

MWRN