Tuesday, May 05, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ဦးသာ ထပ်မံတွေ့ရှိ



ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ဦးသာ ထပ်မံတွေ့ရှိကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် တာဝီဆင် ဗီဆနူယိုသင်က အတည်ပြုပြောကြားသည်။

အဆိုပါ အတည်ပြုလူနာ ၁ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်းနာ့နထီဝခရိုင်၌နေထိုင်သည် အသက် ၄၅ နှစ်အရွယ်ရှိအမျိုးသားတစ်ဦးဖြစ်ကာ သူသည် လွန်ခဲ့သည့် ၂၅ရက်နေ့က ပြည်ပနိုင်ငံတစ်ခုတွင်ကျင်းပသည့် ဘာသာရေးအခမ်းနာပွဲမှပြန်လာသူဖြစ်ကြောင်းထို့နောက် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း ၊လည်ချောင်းနာခြင်း၊ မောပမ်းခြင်း၊အသက်ရှုကြပ်ခြင်းတို့ဖြစ် ရောဂါများခံစားနေရသဖြင့် ကိုရိုနာရောဂါနှင့်ပတ်သက်၍ စစ်ဆေးကြည့်ရာမှ ကူးစက်ခံရကြောင်းတွေ့ရှိရသည်။

ယနေ့သတင်းထုတ်ပြန်ချက်များအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းသည် ၂၉၈၈ဦးရှိခဲ့ပြီး ၊ ၂၇၄၇ဦးသည်  ပြန်လည်ကျန်းမာလာကာ၊ ၁၈၇ဦး သည် ဆေးရုံများတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ဆက်လက်ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၅၄ဦးအထိရှိခဲ့ကြောင်းသိရသည်။