ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနေရပ်ပြန်ရေး ကိစ္စ
• မြန်မာအစိုးရက ဧပြီလကုန်မှ ပြန်လာကျပါဆိုတော့ ရွေ့ပြောင်းအလုပ်သမားတွေက အစိုးရစကားကိုယုံပြီးစောင့်နေကြတယ်. ဧပြီလကုန်တာနဲ့ သူတို့ ပြန်ကြရမယ်ဆိုတဲ့အတွေးနဲ့ ရှိတဲ့ ငွေကြေးလေးတွေတွက်ချက်၊ Q ဝင်ရင် သုံးမဲ့ အသေးသုံးလေးတွေ ဖယ်ထား၊ပြီး ပြည်တွင်းမှာ ရှိတဲ့ မိသားစုတွေနဲ့ သူတို့ ဘယ်အချိန်လောက်မြန်မာပြည်ပြန်ရောက်မဲ့အကြောင်း ပြောခဲ့ကြတယ်.
• မြန်မာအစိုးရက ထိုင်း-မြန်မာနယ်စပ်ဂိတ် မဲဆောက်-မြဝတီ လမ်းကဘဲ၊ အားလုံးကိုလာခိုင်းပြီး ပြည်နယ်နှင့်တိုင်းအလိုက် နာမည်တွေရေးထားပြီး မြဝတီဖက်ခြမ်းကနေကြိုဆိုဖို့ ပြင်ဆင်ထားတာတွေတွေ့တယ်။ တစ်ခြားနယ်စပ်ဂိတ်တွေကို ယာယီဖွင့်ဖို့ ထိုင်းအစိုးရက လက်မခံခဲံ ရင်တောင်မှ အခုလိုအချိန်မျိုးမှာ တော့ အစိုးရခြင်းညိှနှိုင်းလို့ ရနိုင်ပါတယ်/ နိုင်ငံတကာကလည်းထောက်ခံမှာဆိုတော့ ထိုင်းအစိုးရအနေနဲ့ ငြင်းဖို့ မလွယ်ကူလှပါဘူး။
• အခုက မြန်မာနိုင်ငံသားအားလုံး မဲဆောက်-မြဝတီလမ်းကဘဲ ပြန်ရမယ် ( ထိုင်းအစိုးရကလည်း အရေးပေါ်ကာလကို မေ(၃၁)ရက်အထိထပ်တိုးထားတယ်/ထိုင်းနိုင်ငံထဲမှာ ခရိုင်တစ်ခုနဲ့ တစ်ခုဖြတ်ဖို့လည်းအခက်အခဲ ရှိပါတယ်)။
• ဥပမာအားဖြင့်.. မြန်မာပြည်ဖက်ခြမ်း ကော့သောင်းမြို့ကနေထိုင်းနိုင်ငံ ရနောင်းမှာအလုပ်လာလုပ်တဲ့ အလုပ်သမားတွေပြန်မယ်ဆိုရင်.. ရနောင်းကနေ ကော့သောင်းကို ကူးရင် လှေနဲ့ ( တစ်)နာရီလောက်ဘဲ ကြာပါတယ်၊ ရနောင်းကနေ မဲဆောက်ရောက်ဖို့ ထိုင်းနိုင်ငံထဲမှာ အနဲဆုံး ခရိုင် (၁၀) ခုကျော်ရမှာဖြစ်ပြီး မဲဆောက်နဲ့ ရနောင်းက ကီလိုမီတာ (တစ်ထောင်) ကျော်ပြီး၊ အနည်းဆုံး (၁၆) နာရီလောက် ကားစီးရပါမယ်။ မြဝတီကနေ ကော့သောင်းကို လာမယ်ဆိုရင်လည်း အနဲဆုံး နာရီ (၂၀) လောက်တော့ ကားစီးရဦးမယ်ထင်ပါတယ်။ ဒါတောင်မှ တစ်ခြားကြန့်ကြာမူ့တွေနဲ့ အခက်အခဲတွေကို မဖော်ပြထားသေးပါဘူး.
• အလားတူဘဲ ဆန်ခပူရီမှာအလုပ်လာလုပ်နေတဲ့ ကရင်ပြည်နယ် ဘုရားသုံးမြို့ ကအလုပ်သမားဆိုရင် လည်း ဆန်ခပူရီကနေ ဘုရားသုံးဆူကို သွားရင် ( တစ်) နာရီမကြာပါဘူး။ မဲဆောက်ကိုသွားပြီး မြန်မာပြည်ထဲက ပြန်ပတ်မယ်ဆိုရင်လည်း ရနောင်း-မဲဆောက်-ကော့သောင်းသွားသလောက်တော့ ကြာမှာပါ။
• နှစ်ဖက်အစိုးရတွေအနေနဲ့ အင်မတန်ဒုက္ခရောက်နေပါတယ်ဆို တဲ့ အလုပ်သမားတွေကို ပိုပြီး ဒုက္ခရောက်အောင် လုပ်နေသလိုဖြစ်နေပါတယ်။ လမ်းတွေကြာကြာပိတ်ထားလို့ အငတ်ပြသာနာနဲ့ ရင်ဆိုင်ရတော့မယ်ဆိုရင်ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ထဲ့ ပြီးတွက် ထားသင့်ပါတယ်။ ကြာကြာပိတ်ထားလေ၊ အလုပ်သမားတွေအနေနဲ့ ဒုက္ခရောက်လေပါဘဲ၊ လွယ်လွယ်ကူကူနဲ့ ဟိုဖက်ဒီဖက်အဆင်ပြေအောင်လုပ်နိုင်ပါရဲ့ နဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ အစိုးရကို မုန်းတီးအောင်၊ စနစ်တကျ၊ အစီစဥ်ရှိရှိနဲ့လုပ်နေသလားလို့တောင်ထင်မိပါတယ်။
မြန်မာအစိုးရအနေနဲ့ မဲဆောက်-မြဝတီလမ်းတစ်ကြောင်း ဘဲ ဘာကြောင့်ဖွင့် ရတာလဲ နဲ့ ထိုင်းအစိုးရအနေနဲ့ မဲဆောက်-မြဝတီလမ်းတစ်ခုဘဲ ဖွင့်ခိုင်းရင်တောင် မြန်မာအစိုးရအနေနဲ့ ဘာကြောင့် သံရေးတမာန်ရေးနည်းလမ်းကို စနစ်တကျအသုံးပြုပြီးဘာကြောင့် ထိုင်းအစိုးရကို နယ်စပ်လမ်းတွေကို အခုအချိန်မှာ ယာယီ ( ရက်ပိုင်းလောက်ဘဲ ဖြစ်ဖြစ်) ဖွင့်ပေးဖို့ ဘာကြောင့် မတောင်းဆိုနိုင်ခဲံ့တာလဲ ဆိုတဲ့မေးခွန်း ကို ကျနော်အနေနဲ့ မေးချင်နေမိတယ်။ ( ဖြေကြားနိုင်သူများစနစ်တကျအချက်အလက်နဲ့ ရုပ်တိတန်တန်ဖြေဆိုစေချင်ပါတယ်). ကျနော်အမှန်တကယ်လိုက်မမှီတော့လို့ပါ။
ထူးချစ် (FED)