Friday, November 12, 2021

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် တစ်ရက်ခြား (၅၀၀) ဦးနှုန်းဖြင့် မြန်မာလုပ်သားများ နေရပ်ပြန်နိုင်ရေးခွင့်ပြုပေးနေ

 


ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် တစ်ရက်ခြား (၅၀၀) ဦးနှုန်းဖြင့် မြန်မာလုပ်သားများ နေရပ်ပြန်နိုင်ရေးခွင့်ပြုပေးနေ ကြောင်း အလုပ်သမား သံအရာရှိ ရုံး ထံက နိုဝင်ဘာလ ၁၂ ရက်တွင် သတင်း ရရှိသည်။ 


Thursday, November 11, 2021

ထိုင်းနိုင်ငံ က မြန်မာ စက်ရုံလုပ်သား ၅၀၀ ခန့် ဆန္ဒပြမှု နှင့် ပတ်သက်၍ အလုပ်သမား သံအရာရှိရုံးက ဖြေရှင်း ညှိနှိုင်းပေးခဲ့


၁၀ နိုဝင်ဘာ ၂၀၂၁၊ ပရာကျွတ်၊ အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရိုင် အသီးအနှံနှင့် စားသောက်ကုန်စက်ရုံမှ မြန်မာလုပ်သား ၅၀၀ခန့် ဆန္ဒပြမှု နှင့် ပတ်သက်၍ အလုပ်သမား သံအရာရှိရုံးက ဖြေရှင်း ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။  

ယင်းစက်ရုံတွင် မြန်မာအလုပ်သမား ၇၆၇ ဉီး၊ ထိုင်းအလုပ်သမား ၆၆၉ ဉီး၊ လာအိုအလုပ်သမား ၁၅ ဉီး၊ ကမ္ဘောဒီးယားအလုပ်သမား ၈ ဉီး စုစုပေါင်း ၁၄၅၉ ဦး အလုပ်လုပ်ကိုင်နေကာ နိုဝင်ဘာလ ၉ ရက်က စတင်ပြီး အလုပ်မဆင်းပဲ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။


Monday, November 08, 2021

မြန်မာအလုပ်သမားများ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများ နေ့စဉ်ရှိနေ


ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်ခရိုင်တွင် ယမန်နေ့တရက်တည်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသည့် မြန်မာအလုပ်သမားပေါင်း ၂၃၅ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

လူသေဆုံးမှုအထိဖြစ်လာတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများ


ယမန်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာလုပ်သမား ၁၀၃ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းဘုရင့်တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။



Saturday, November 06, 2021

မိအေးအခါခါနာသလို နာနေရတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော် မြန်မာအလုပ်သမားများအဖြစ်


မြန်မာနဲ့ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူမျာအနေဖြင့် တရားဝင်နယ်စပ်ဖြတ်ကျော်အလုပ်လုပ်ကိုင်ခွင့်များပြန်လည်းစတင်ရန် နှောင့်နှေးကြန့်ကြာနေမှုများကြောင့် မြန်မာအလုပ်သမားများသည် မိသားစုစားဝတ်နေရေးအတွက် တရားမဝင်လမ်းကြောင်းများမှတဆင့် အရဲစွန့်သွားလာရာမှ ကန်ချနဘူရီခရိုင် မီ(င်)နယ်မြေတွင် မြန်မာအလုပ်သမား ၂၉ ဦး ထပ်မံအဖမ်းခံရကြောင်း ထိုင်းဘုရင့်တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။