Monday, December 28, 2020

ထိုင်းတွင် ခရိုင်(၄၃)ခု၌ကိုဗစ်ကူးစက် စမွတ်ဆာခွန်ခရိုင်တွင် အတည်ပြုလူနာလေးဆယ့်နှစ်ဦးထပ်မံတွေ့ရှိ


စမွတ်ဆာခွန်ခရိုင်တွင် ကိုဗစ်ကူးစက်မှုအခြေနေနှင့်ပက်သတ် ခရိုင်ကျန်းမာရေးဌာန၏ ယနေ့ (၂၈.၁၂ . ၂၀၂၀) မွန်းလွဲ ၂နာရီက သတင်းထုတ်ပြန်ချက်များအရ အတည်ပြုလူနာ ၄၂ ဦး ( ထိုင်း ၂၁ ၊ ရွှေ့ပြောင်း ၂၁ )ဦး တွေ့ကြောင်းသိရသည်။

ယခုအခါ ခရိုင်အတွင် အတည်ပြုကိုဗစ်ကူုးစက်လူနာ ၁,၅၉၀ ဦး ( ထိုင်း ၂၆၆ ဦး၊ ရွှေ့ပြောင်း၁,၃၂၄ ဦး)ရှိပြီး ယင်းတို့အနက် ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ  ထိုင်း ( ၂၆၃ )ဦး၊ ရွှေ့ပြောင်း( ၃၄ )ဦးနှင့် ကွာရတင်းဝင်နေသူ  ထိုင်း ( ၃ )ဦး ၊ ရွှေ့ပြောင်း ( ၁,၂၉၀ ) ဦး ရှိကြသည်။

Tuesday, December 22, 2020

ကောင်းဖို့ဆိုးနေတာ......


ကျနော်တို့ဘဝတူအလုပ်သမားအချို့မှာ  ကိုဗစ်ပိုးတွေ့လို့ ငါကံဆိုးလိုက်တာဆိုပြီး စိတ်မညစ်နဲ့ ..... လုံး၀ ညစ်စရာကိုမရှိတာ။

အဲဒါ ကံကောင်းတယ်လို့ပြောရမယ်....

ကိုဗစ်ပိုးတွေ့တာ ဘယ်နှယ်ကံကောင်းရမှာလဲဆို.... 

ဟုတ်တယ်လေး... 

အခုကြည့် ကိုဗစ်ရောဂါရှိနေတာ ဘာလက္ခဏာမှမပြလို့ ရှိမှန်တောင်မသိရလို့ပုံမှန်သွားလာနေထိုင်နေရာက... အခု ကျမ္မားရေးစစ်လိုက်တော့ ကိုဗစ်ရှိမှန်သိရတယ်။

အဲဒါကိုက ကံကောင်းနေတာပေါ့ဗျာ .... 

ထိုင်းနိုင်ငံအတွင်း အတည်ပြုလူနာသတင်းထုတ်ပြန်ချက်

 


ထိုင်းနိုင်ငံအတွင်း ဒီဇင်ဘာလ (၁-၂၂)ရက်အထိ အတည်ပြုလူနာအခြေနေနှင့်ပက်သက်၍ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနမှ ယနေ့ (၂၂.၁၂.၂၀၂၀)ညနေ (၆) နာရီသတင်းထုတ်ပြန်ချက်။

Monday, December 21, 2020

မရှိခိုးနိုး မလှစုန်းရိုး


ထိုင်းနိုင်ငံ စမွတ်ဆာခွန် မဟာချိုင်မြို့ သလာတ်ကူး (ပုဇွန်ဈေး)မှာ ထိုင်းအမျိုးသမီးတစ်ဦးထံကနေ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ့်ရောဂါဟာ အခုဆို ခရိုင်ပေါင်း ၇ခုထိကျယ်ပြန့်သွားတာ အားလုံးသိကြမှာပါ။

အဲသလို စတင်ဖြစ်ပွားတဲ့ သလာ့တ်ကူး (ပုဇွန်ဈေး)ဆိုတာ မရောက်ဖူးတဲ့သူတွေကို ကျနော်ပြောပြချင်တာက အဲဒီဈေးဆိုတာ ထိုင်းနိုင်ငံရဲ့ရေထွက်ပစ္စည်းရောင်းဝယ်တဲ့ အကြီးဆုံး နေရာတစ်ခုဆိုတာရယ် အဲ့နေရာကို ခရိုင်အသီးသီးကနေ လူပေါင်းနေ့စဉ်ထောင်ဂဏန်းထက်မလျော့ပဲ ဝင်ထွက်သွားလာတဲ့ နေရာတစ်ခုဆိုတာ သိစေချင်တယ်။

Sunday, December 20, 2020

ထိုင်းနိုင်ငံ ပင်လယ်စာအရောင်းဈေးတစ်ခုတွင် ဒေသတွင်း ကူးစက်မှု (၅၁၆) ခု တွေ့ရှိ


ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ (၁၉) ရက်က ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ (၅၄၈) ဦးရှိခဲ့ရာ ၎င်းတို့အနက် (၅၁၆) ဦးမှာ အလယ်ပိုင်းဒေသ စမွတ်စခွန်း (Samut Sakhon) ပြည်နယ်ရှိ ပင်လယ်စာအရောင်းဈေးတစ်ခုနှင့် ဆက်စပ် ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေးဌာန တာဝန်ခံ Opasက ယင်းနေ့တွင် ပြောကြားခဲ့သည်။ 


၎င်းမှာ ထိုင်းနိုင်ငံ၌ ယခုနှစ် နှစ်ဆန်းကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် တစ်ရက်အတွင်း အတည်ပြုလူနာဦးရေ အများဆုံးတွေ့ရှိမှု ဖြစ်ကြောင်း သိရသည်။ စမွတ်စခွန်းပြည်နယ်ရှိ ပင်လယ်စာအရောင်းဈေးတစ်ခုတွင် ဒီဇင်ဘာ (၁၇) ရက်က ပထမဆုံး ကိုဗစ်-၁၉ ဒေသတွင်းကူးစက်မှု တစ်ခု စတင်တွေ့ရှိခဲ့ရာ သက်ဆိုင်ရာ ဌာနများက လုပ်ထုံးလုပ်နည်းများအတိုင်း လူပေါင်း (၁,၁၉၂) ဦးအား သီးခြားခွဲထား၍ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း Opasက ယင်းနေ့ညပိုင်း ရုပ်မြင်သံကြား သတင်းစာ ရှင်းလင်းပွဲမှတစ်ဆင့် ပြောကြားခဲ့သည်။ 

စီးပွားရေးယန္တရားကြီး ပြန်ပြီး လည်ပတ်ဖို့ ….

 


စီးပွားရေးပြန်ပြီးတော့ နာလန်ထူနေတဲ့နေရာတွေကို  ကျွန်မတို့ ဦးစားပေးပြီးတော့ ကာကွယ်ဆေးတွေ            ထိုးသင့်ရင်လည်း ထိုးပေးရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ စီးပွားရေးယန္တရားကြီး ပြန်ပြီးတော့ လည်ပတ်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ဒီအချိန်မှာ စီးပွားရေးယန္တရား ပြန်ပြီးတော့ လည်ပတ်နိုင်တဲ့ အခြေအနေရှိတဲ့ဒေသတွေ၊ ပြောချင်တာကတော့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးတော့ ထိန်းချုပ် ထားနိုင်တဲ့ ဒေသတွေမှာဆိုရင် ပိုပြီးတော့ စောစောစီးစီး ကာကွယ်ဆေးထိုးပေးနိုင်မယ့် အခြေအနေမျိုးလည်း ဖြစ်ပေါ်နိုင်ပါတယ်။ 


Saturday, December 19, 2020

မလေးရှားနိုင်ငံမှ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာသည့်မြန်မာနိုင်ငံသား ၁၁ဦးအဖမ်းခံရ

ထိုင်းနိုင်ငံတောင်ပိုင်း စတူ(လ်)ခရိုင် ခွန်ခံနယ်မြေ အုပ်စု(၆) ဆောက်လုပ်ဆဲနေအိမ်တစ်လုံးတွင် နေရပ်ပြန်ကြမည့်  မလေးရှားနိုင်ငံဘက်မှ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာလုပ်သမား (၁၁)ဦးကို  ယနေ့နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း   #Thai PBS သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။