ကျနော်တို့ဘဝတူအလုပ်သမားအချို့မှာ ကိုဗစ်ပိုးတွေ့လို့ ငါကံဆိုးလိုက်တာဆိုပြီး စိတ်မညစ်နဲ့ ..... လုံး၀ ညစ်စရာကိုမရှိတာ။
အဲဒါ ကံကောင်းတယ်လို့ပြောရမယ်....
ကိုဗစ်ပိုးတွေ့တာ ဘယ်နှယ်ကံကောင်းရမှာလဲဆို....
ဟုတ်တယ်လေး...
အခုကြည့် ကိုဗစ်ရောဂါရှိနေတာ ဘာလက္ခဏာမှမပြလို့ ရှိမှန်တောင်မသိရလို့ပုံမှန်သွားလာနေထိုင်နေရာက... အခု ကျမ္မားရေးစစ်လိုက်တော့ ကိုဗစ်ရှိမှန်သိရတယ်။
အဲဒါကိုက ကံကောင်းနေတာပေါ့ဗျာ ....
အခုမှရောဂါစဖြစ်နေတဲ့အချိန်ဖြစ်လို့သာ ဘာဝေဒနာမှမခံစားရတာ...အဲသလို ရောဂါရှိနေတယ်ဆိုတာကို ရက်ရှည်ဆက်နေသွားလို့ ရောဂါရင့်မှသိရမယ်ဆို အသက်အန္တရာယ် အတွက် စိတ်ပူစရာကောင်းနေမလဲဆိုတာထက် ဝေဒနာတွေခံစားရမှာတော့ သေချာတယ်ဆိုတာ တွေးကြည့်ရင်သိနိုင်ပါတယ်။
ခုလို စောစီစွာသိရတဲ့အတွက် စောစောဆေးကုသခွင့်ရလို့ မိမိရဲ့ အသက်အန္တရာယ် ဒါမှမဟုတ် ဝေဒနာခံစားရမယ့်ဘေးအတွက် စိုးရိမ်းပူပမ်းစရာမရှိတော့ဘူးပေါ့...
အဲဒါကိုက ကျနော်တို့အားလုံးအတွက် အဆိုးထဲကအကောင်းလို့ပြောလို့ရတယ်။
မိမိအသက်လောက် ဘာတန်းဖိုးရှိလို့လဲဗျာ.....
ဒါကြောင့် ငါ့ကံကောင်းလို့ အခုလိုစောစောဆေးကုသခွင့်ရတဲ့အတွက် ငါ့ချစ်တဲ့ မိဘညီအစ်ကိုမောင်နှမိသားစုတွေနဲ့ သေကွဲ ကွဲတော့မယ့် ဘေးက လွတ်သွားပါလားဝေဒနာခံစားရမယ့်ဘေးကလွတ်သွားပါလာလို့စိတ်ဖြေပြီး..ကျမ္မားရေးညွှန်ကြားချက်အတိုင်းနေထိုင်ပြီး ဆေးကုသမှုခံယူလိုက်တော့ ရောဂါမြန်မြန်ပျောက်တာပေါ့။
ထိုင်းနိုင်ငံရဲ့ ကျမ္မားရေးစနစ်တွေကလည်း အားလုံးသိတဲ့အတိုင်းဆိုတော့ ဆေးကုသမှုစောစီစွာခံယူလိုက်ရတဲ့အတွက် ပိုပြီးစိတ်ချမ်းသာစရာကောင်းတာပေါ့။
"အာရောဂျံ ပရမံ လာဘံ"ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်ဆိုတဲ့အတိုင်းကိုဗစ်ရောဂါနဲ့ပက်သက်ပြီး ကျမ္မားရေးစစ်ဖို့ရှိနေတဲ့သူတွေလည် အထောက်ထာရှိရှိမရှိရှိ မိမိချစ်ရတဲ့ မိဘညီအစ်ကိုမောင်နှမမိသားစုနဲ့မိမိအသက်လောက်ဘာမှအရေးမကြီးဘူးလို့ တွေးပြီး မဖြစ်မနေ ကျမ္မားရေးစစ်ဖြစ်အောင် စစ်ကြပါလို့ မေတ္တာရပ်ခံပါတယ်။
စောမောင်(အလုပ်သမားဟစ်တိုင်)
၂၂.၁၂.၂၀၂၀