Saturday, May 09, 2020

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ဦးအထိရှိလာ



ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၄ဦး ထပ်မံတွေ့ရှိကြောင်းကို ထိုင်းကျန်းမာရေးဝန်ကြီးဌာနကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနသတင်းထုတ်ပြန်ချက်များအရသိရသည်။

Friday, May 08, 2020

ထိုင်း၌ ပြည်ပမှာပြန်လာသူ ၈ဦးထံမှ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ



ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၈ဦးထပ်မံတွေ့ရှိကြောင်းကို ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနသတင်းထုတ်ပြန်ချက်များအရသိရသည်။

အတည်ပြုလူနာ ၈ဦးအနက် အမျိုးသား၃ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း ရလာခရိုင်မှဖြစ်ပြီး မလေးရှားနိုင်ငံမှပြန်ရောက်လာသူဖြစ်ကြောင်း၊ ကျန် ၅ဦးသည်အမျိုးသမီးများဖြစ်ပြီး စုန်ခလာခရိုင် ဝင်မှုကြီးကြပ်ရေးဌာနရှိ Quarantine Center ဝင်နေသူများတို့ဖြစ်သည်။

Thursday, May 07, 2020

ယနေ့ ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေနေ




ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၃ဦးထပ်မံတွေ့ရှိကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် တာဝီဆင် ဗီဆနူယိုသင်က ယနေ့တွင် ပြောကြားသည်။

တစ်ကမ္ဘာလုံးရှိ အဝင်အထွက်ကန့်သတ်ပိတ်ဆို့မှု အခြေအနေများကြောင့် တီဘီရောဂါဖြင့်သေဆုံးသူအရေအတွက် ပိုများလာဖွယ်ရှိ


ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်း၌ အဝင်အထွက်ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ထား လျက်ရှိရာ ယင်းသို့ကန့်သတ်ပိတ်ဆို့ထားရသည့်အခြေအနေများကြောင့် လာမည့် ၂၀၂၅ ခုနှစ်အရောက်တွင် တစ်ကမ္ဘာ လုံးရှိ တီဘီရောဂါခံစားနေရသူ ၁ ဒသမ ၄ သန်းနီးပါးအထိ ထပ်မံသေဆုံးနိုင်သည့် အန္တရာယ်ရှိနေကြောင်း လေ့လာမှု အသစ်တစ်ရပ်က မေ ၆ ရက်တွင် ဖော်ပြခဲ့သည်။

အဆုတ်ကိုထိခိုက်စေသည့် ကူးစက်ရောဂါတစ်ခု ဖြစ်သည့် တီဘီရောဂါသည် ပျောက်ကင်းအောင်ကုသ နိုင်သော်လည်း နှစ်စဉ်နှစ်တိုင်းအဆိုပါရောဂါကူးစက်ခံရသူ ခန့်မှန်းခြေ ၁ဝ သန်းခန့်ရှိနေကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်က တီဘီရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိလူ ၁ ဒသမ ၅ သန်းခန့် အသက်ဆုံးရှုံးခဲ့ရပြီး သေဆုံးခဲ့သူများထဲတွင် ကလေးငယ်နှစ်သိန်းကျော် ပါဝင်နေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားခဲ့သည်။

မြဝတီနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားပိတ်ချိန်မှ ရောက်ရှိလာသူ နေရပ်ပြန် ၂၃ ဦးအား မေ ၅ ရက်က လက်ခံခဲ့ပြီး မေ ၆ ရက်တွင် ပြန်လည်ဝင်ရောက်သူ မရှိ


ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ် သမားများကို မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ မေ ၅ ရက်က တံတားပိတ်ချိန်ဖြစ်သည့် ညနေ ၆ နာရီခွဲတွင် မြန်မာရွှေ့ပြောင်းအလုပ် သမား ၂၃ ဦး ပြန်လည်ဝင်ရောက်မှုကိုလက်ခံခဲ့ကြောင်း သိရပြီး ယနေ့ တွင် ပြန်လည်ဝင်ရောက်သူ မရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့



၁။ နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံတွင် အခက်အခဲများကြုံတွေ့ နေကြသည့် မြန်မာနိုင်ငံသား(၁၃၅)ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(Myanmar Airways International-MAI) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ၆-၅-၂၀၂၀ ရက်နေ့၊ ည(၈:၀၀)နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။

Wednesday, May 06, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့်COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေး



Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား Video Con-ferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍ လက်တွေ့အခြေအနေ များအား အပြန်အလှန် ဆွေးနွေး သည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကရင်ပြည်နယ်၊ မွန် ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် ယခုလိုတွေ့ဆုံရသည်မှာ နယ်စပ် မှ ပြန်လည်ဝင်ရောက်လာမည့် အလုပ်သမားများ နေရပ်ပြန်လည် ဝင်ရောက်လာနိုင်ရေးကိစ္စ ဖြစ်ပါ ကြောင်း၊ တချို့ခန့်မှန်းထားသည် မှာ အလုပ်သမားများ တစ်သိန်းခွဲ ခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး တချို့ကလည်း ၇၀၀၀၀ ၊ ၈၀၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားကြ ပါကြောင်း၊ မိမိတို့အနေဖြင့် အများဆုံး ခန့်မှန်းထားသည့် တစ်သိန်းခွဲခန့်အတွက် ပြင်ဆင်ထား ကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိ အနေ အထားတွင် အများအပြား မဝင် သေးဟု သိရပါကြောင်း၊ အစုလိုက် အပြုံလိုက် ဝင်ရောက်လာခြင်း မရှိမှု သည်လည်း မိမိတို့အတွက် သက်သာ ပါကြောင်း၊ ထိုင်းနိုင်ငံနှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်မှာလည်း အဆင် ပြေသည်ဟု ထင်မြင်ပါကြောင်း၊ ကရင် ပြည်နယ်သည် အဓိကကျပါကြောင်း၊ ယခင် ဝင်ရောက်လာသည့် အများစု မှာ မြဝတီဘက်မှတစ်ဆင့် ဝင်ရောက် ပြီး တခြားဒေသများသို့ သွားရောက် ကြပါကြောင်း၊ တချို့မှာ တနင်္သာရီ တိုင်းဒေသကြီးဘက်မှ ဝင်ရောက်ကြ ပါကြောင်း ပြောကြားသည်။