ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၃ဦးထပ်မံတွေ့ရှိကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် တာဝီဆင် ဗီဆနူယိုသင်က ယနေ့တွင် ပြောကြားသည်။
အဆိုပါအတည်ပြုလူနာ ၃ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း ရလာခရိုင်မှဖြစ်ပြီး အသက် ၅၉နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦးသည် မလေးရှားနိုင်ငံမှပြန်ရောက်လာသူဖြစ်ပြီး အသက် ၄၆နှစ်အရွယ်ရှိအမျိုးသားတစ်ဦးနှင့် အသက်၅၁နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးတို့သည် ကာဇက်စတန်နိုင်ငံမှ ပြန်ရောက်လာသူများ
ဖြစ်ကာ Quarantine Center ဝင်နေသူများ ဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံအတွင်း ကိုရိုဗိုင်းရပ်စ်စတင်တွေ့ရှိသည့် ဇန်နဝါရီလ ၁၂ရက်နေ့မှ မေလ ၇ ရက်နေ့အထိ အတည်ပြုလူနာ ၂၉၉၂ဦး ၊ ကျန်းမာရေးပြန်လည်းကောင်းမွန်လာသူ ၂၇၇၂ဦး၊ ဆေးရုံများတွင် ဆေးကုသမှုခံယူနေသူ ၁၆၅ဦးရှိကြောင်းသိရသည်။
နိုင်ငံအတွင်း ပထမဆုံးကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာကို ဘန်ကောက်မြို့၌ စတင်တွေ့ရှိခဲ့သလို ယနေ့ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၅၅ဦး အထိရှိခဲ့ကြောင်းသိရသည်။