Friday, May 08, 2020

ထိုင်း၌ ပြည်ပမှာပြန်လာသူ ၈ဦးထံမှ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ



ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၈ဦးထပ်မံတွေ့ရှိကြောင်းကို ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနသတင်းထုတ်ပြန်ချက်များအရသိရသည်။

အတည်ပြုလူနာ ၈ဦးအနက် အမျိုးသား၃ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း ရလာခရိုင်မှဖြစ်ပြီး မလေးရှားနိုင်ငံမှပြန်ရောက်လာသူဖြစ်ကြောင်း၊ ကျန် ၅ဦးသည်အမျိုးသမီးများဖြစ်ပြီး စုန်ခလာခရိုင် ဝင်မှုကြီးကြပ်ရေးဌာနရှိ Quarantine Center ဝင်နေသူများတို့ဖြစ်သည်။


ထိုင်းနိုင်ငံအတွင်း ကိုရိုဗိုင်းရပ်စ်အတည်ပြုလူနာ ၃၀၀၀ဦး ၊ ကျန်းမာရေးပြန်လည်းကောင်းမွန်လာသူ ၂၇၈၄ဦး၊ ဆေးရုံများတွင် ဆေးကုသမှုခံယူနေသူ ၁၆၁ဦးရှိကာကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၅၅ဦး အထိရှိခဲ့ကြောင်းသိရသည်။