Saturday, May 09, 2020

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ဦးအထိရှိလာ



ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၄ဦး ထပ်မံတွေ့ရှိကြောင်းကို ထိုင်းကျန်းမာရေးဝန်ကြီးဌာနကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနသတင်းထုတ်ပြန်ချက်များအရသိရသည်။



အတည်ပြုလူနာ ၄ဦးအနက် အမျိုးသား၁ဦးနှင့်အမျိုးသမီး၃ဦးတို့ဖြစ်ကြောင်းအသက် ၄၄နှစ်အရွယ်ရှိအမျိုးသားနှင့် အသက် ၄၁နှစ်အရွယ်ရှိ အမျိုးသမီးတို့သည် ရလာခရိုင်မှဖြစ်ပြီး ကျန်အမျိုးသမီး ၂ဦးမှာ ဘန်ကောက်မြို့ှမှ ၁ဦး၊ ဖူးခက်ခရိုင်မှ ပါကျန်ဘူရီခရိုင်ရှိ နေအိမ်သို့ပြန်လာသူ ၁ဦးတို့ဖြစ်သည်။

ယခုအခါ ထိုင်းနိုင်ငံအတွင်း ကိုရိုဗိုင်းရပ်စ်အတည်ပြုလူနာ ၃၀၀၄ဦး ၊ ကျန်းမာရေးပြန်လည်းကောင်းမွန်လာသူ ၂၇၈၇ဦး၊ ဆေးရုံများတွင် ဆေးကုသမှုခံယူနေသူ ၁၆၁ဦးရှိကာကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၅၆ဦး အထိရှိခဲ့ကြောင်းသိရသည်။