Sunday, May 10, 2020

ထိုင်းမိုးလေဝသနဲ့ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်


ထိုင်းနိုင်ငံမိုးလေဝသဌာနက အင်အားပြင်း အပူပိုင်းမုန်တိုင်းတစ်ခုသည် ထိုင်းနိုင်ငံအတွင်းမေလ ၁၀ ရက်နေ့မှ ၁၃ ရက်အထိ ခရိုင် ၆၀တို့တွင် တိုက်ခတ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။

အဆိုပါဒေသတွင် နေထိုင်ကြသူများကို အပူပိုင်းမုန်တိုင်းတိုက်ခတ်ချိန်တွင် လေပြင်း မုန်တိုင်းတိုက် ခတ် မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများလုပ်ထားကြရန် နှိုးဆော်ထားကြောင်းသိရသည်။



အဆိုပါ အပူပိုင်းမုန်တိုင်းကို သတိပြုရမည့်ဒေသများမှာ ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ခရိုင် ၁၇ခု ၊ ထိုင်းနိုင်ငံအရှေ့မြောက်ဒေသရှိခရိုင်ပေါင်း၂၀၊ ထိုင်းနိုင်ငံအလယ်ပိုင်းဒေသရှိ ခရိုင်၁၆ခု၊ ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသရှိခရိုင် ၇ခုတို့ဖြစ်ကြောင်းသိရသည်။



မုန်တိုင်းတိုက်ခတ်နေစဉ် အန္တရာယ်ကင်းဝေးစေရန် သစ်ပင်အောက်များ၊ ဓာတ်တိုင်များ၊ကြော်ငြာဆိုင်ဘုတ်အောက်များ၌ နေထိုင်ခြင်းများကို မပြုလုပ်ကြရန်သတိပေးနှိုးဆော်ထားသလို၊သဘာဝဘေး အန္တရာယ်ကျရောက်သည့် ဒေသများတွင် ကယ်ဆယ်ရေးများပြုလုပ်ရန် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်းနှင့် အကယ်၍ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်အကူညီလိုအပ်ပါက အရေးပေါ်ဖုန်းခေါ်ဆိုရန် ဖုန်းနံပါတ် ၂၄၈၄ သို့ ၂၄နာရီခေါ်ဆိုနိုင်ကြောင်းသတင်းထုတ်ထားပါသည်။