ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြဝတီမြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားမှ မေ ၁ ရက်ကစ၍ ပြန်လည်လက်ခံခဲ့ရာ ယနေ့တွင် ၄၄ ဦး ပြန်လည်ဝင်ရောက်လာ ခဲ့ကြောင်း သိရည်။
ကြီးကြပ်ဆောင်ရွက်
ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှု နှင့် အခြားသောလိုအပ်ချက်များကို ရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေ ၁ ရက်တွင် ၆၀၊ မေ ၂ ရက်တွင် ၅၄ ဦး၊ မေ ၃ ရက်တွင် တစ်ဦး၊ မေ ၄ ရက်တွင် ၄၄ ဦး၊ မေ ၅ ရက်တွင် ၂၃ ဦး၊ မေ ၆ ရက်နှင့် ၇ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၈ ရက်တွင် ၁၀၀၊ မေ ၉ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ယနေ့တွင် ၄၄ ဦး ပြန်လည်ဝင်ရောက်ခဲ့ရာ စုစုပေါင်း ၃၂၆ ဦးထိ ပြန်လည် ဝင်ရောက်ပြီးဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် ကယားပြည်နယ်မှ တစ်ဦး၊ ကရင်ပြည်နယ်မှ တစ်ဦး၊ မွန်ပြည်နယ်မှ နှစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၁၇ ဦး၊ မကွေးတိုင်းဒေသကြီးမှ ကိုးဦး၊ မန္တလေးတိုင်းဒေသကြီးမှ သုံးဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ငါးဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ငါးဦး စုစုပေါင်း ၄၄ ဦးရှိကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)