ယနေ့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနသတင်းထုတ်ပြန်ချက်များ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၆ဦးထပ်မံတွေ့ရှိရာ အသက် ၆ နှစ်ကလေးတစ်ဦးပါဝင်ကြောင်းသိရသည်။
ထိုင်းနိုင်ငံတွင် အသက်၆နှစ်အရွယ်ကလေးငယ်တစ်ဦးကို ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာအဖြစ် ပထမအကြိမ်တွေ့ရှိခြင်းဖြစ်ကာ ထိုကလေးငယ်သည် ထိုင်းနိုင်ငံတောင်ပိုင်း နာ့လာထီးဝါးခရိုင်၌နေထိုင်သူဖြစ်ပြီး ဆေးကုသမှုခံယူနေသည့် ဖခင်ဖြစ်သူကို သွားရောက်တွေ့ရာမှ ကူးစက်ခံရကြောင်းသိရသည်။
ကျန်အတည်ပြုလူနာ ၅ဦးမှာ ဖူးခက်ခရိုင်တွင်နေထိုင်သည့် အသက်(၂၉)နှစ်အရွယ် ရဲဝန်ထမ်းတစ်ဦး၊ အသက် ၂၃နှစ်အရွယ်ရှိ အမျိုးသမီးကုမ္ပဏီဝန်ထမ်းတစ်ဦး၊ အသက်၂၉နှစ်အရွယ်ရှိ အမျိုးသမီး စတိုးဆိုင်ဝန်ထမ်းတစ်ဦးတို့ဖြစ်ကာကျန် အတည်ပြုလူနာတစ်ဦးသည် ရလာခရိုင်၌နေထိုင်သည့် အသက် ၂၂နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး မလေးရှားနိုင်ငံမှပြန်လာသူဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံအတွင်း ကိုရိုဗိုင်းရပ်စ်အတည်ပြုလူနာ ၃၀၁၅ဦး ၊ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၇၉၆ဦး၊ ဆေးရုံများတွင် ဆေးကုသမှုခံယူနေသူ ၁၆၃ဦးရှိကာကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၅၆ဦး အထိရှိခဲ့ကြောင်းသိရသည်။