Monday, May 11, 2020

အာရပ် - အစ္စရေး ( ၆ ) ရက် စစ်ပွဲ ( Six Day War ) ပထမပိုင်း


( ၁၉၆၇ ခုနှစ် ၊ ဇွန်လ )

ခေတ်သစ်စစ်သမိုင်းတွင် အချိန်အတိုးဆုံးစစ်ပွဲဖြစ်ပြီး အစ္စရေးနိုင်ငံစစ်စွမ်းရည်ကို ကမ္ဘာကတုန်လှုပ်ခဲ့ရသည့် စစ်ပွဲဖြစ်သည်။

#အာရပ်_အစ္စရေး_နောက်ခံသမိုင်း

ကမ္ဘာဦးကျမ်းလာအဆိုများ

လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်ကဖြစ်သည်။ အေဘရာဟင်၏ သားများဖြစ်ကြသော အစ်ရှ်မေယယ်နှင့် အစ်ဇာယယ် နှစ်ဦးမှတဆင့် အာရပ်နှင့် ဂျူ းလူမျိုးများ ဆင်းသက်ပေါက်ဖွားလာကြသည်။ အစ်ရှ်မေယယ်၏ မိခင်မှာ အီဂျစ်ကျွန်အမျိုးသမီးဖြစ်၍ ဖခင်နယ်မြေမှ နှင်ထုတ်ခံရသည်။ အစ်ရှ်မေယယ်သည် တောထဲတွင် နေထိုင်သွားရသည်။ ၎င်းမှတဆင့် ဆင်းသက် ပေါက်ဖွားလာသူများကို ဘီဒင်လူမျိုးစုဟု ခေါ်ဝေါ်ခဲ့ကြသည်။ ယနေ့ အာရပ်လူမျိုးများ၏ ဆင်းသက်ရာဟု ဆိုသည်။ အစ်ဇာယယ်မှ ပေါက်ဖွားလာသော လူမျိုးစုမှာ ဂျူ းလူမျိုးစု ၁၂ စု ပင်ဖြစ်သည်။ ၎င်းတို့အနက် ၂ စု မှာပျောက်ဆုံးနေသည်။ ထိုပျောက်ဆုံးနေသော လူမျိုးစု ၂ စု အနက် တစ်စုမှာ အင်္ဂလိပ်လူမျိုးများ ဖြစ်လာကြသည်ဟု ယုံကြည်ကြသည်။ တစ်စုကို တရုတ်ပြည်တွင် တွေ့ရသည်ဟုဆို၏။



အီဂျစ်နိုင်ငံတွင် ဖိနှိပ်ကျွန်ပြုခံနေရသော ဂျူ းလူမျိုးများကို တမန်တော်မောဆက် ( Moses ) က စုစည်းခေါ်ဆောင်ပြီး ဆိုင်းနိုင်းသဲဂန္တာရကိုဖြတ်သန်း၍ ကာနန်ဒေသသို့ ခေါ်ဆောင်လာသည်။ စစ်လိုလားသော ဂျူ းလူမျိုးများသည် ကာနန်ဒေသတွင် အခြေချနေထိုင်လျက်ရှိသော လူမျိုးစုများကို တိုက်ခိုက်အောင်ပွဲခံခဲ့သည်။ ထိုလူမျိုးများမှာ အာရပ်လူမျိုးများသာ ဖြစ်ပေသည်။ ထိုအချိန်မှစ၍ ခရစ်ပေါ်ပြီး သက္ကရာဇ် ၇၀ ပြည့်နှစ်အထိ ဂျူ းတို့သည် ကာနန်( Canaan ) ဒေသတွင် အခြေစိုက် နေထိုင်ကာ ဘေဘီလုံအင်ပါယာလက်အောက် ၊ အလက်ဇန္ဒားဘုရင်၏ လက်အောင်တို့တွင် နှစ်ပေါင်းများစွာ ကျွန်ပြု နှိပ်စက်ခံခဲ့ကြသည်။

ခရစ်ပေါ်ပြီး ၇၀ ပြည်နှစ်ခန့်တွင် ရောမအင်ပါယာမှ တိုင်းတပ်စ် ( Titus ) ၏ တိုက်ခိုက်သိမ်းပိုက်ခြင်းခံရပြီး ရောမအင်ပါယာ၏ လက်အောက်သို့ ရောက်ခဲ့ပြန်သည်။ ခရစ်ပေါ်ပြီး ၁၃၅ ခုနှစ်တွင် ဂျူ းခေါင်းဆောင် ဂျူ ဒေယာ ( Judaea ) က ရောမအင်ပါယာကို တော်လှန်ပုန်ကန်သဖြင့် ရောမတို့က နှိင်နင်းပြီး ဂျူ းတို့တည်ထောင်ထားသော ဂျေရုဆလင်မြို့ကိုပါ မြေလှန်ဖျတ်ဆီးပစ်ကာ ဂျူ းများအားလုံးနီးပါး အသက်ခံကြရပြီး တစ်ချို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြသည်။ တစ်ချို့မှာ နိုင်ငံမှ နှင်ထုတ်ခြင်း ခံကြရသည်။ ဂျေရုဆလင်မြို့မှာလည်း မြို့နေရာပင်မကျန်အောင် ရှင်းလင်းဖျတ်ဆီးပစ်ခြင်း ခံရသည်။

ဂျူ းများကိုလည်း မိမိသားမယာများကို မိမိကိုယ်တိုင် သတ်စေခြင်း ၊ ၁၀ ယောက်ကို ၁ ယေက်က သတ်ရပြီး နောက်ဆုံးကျန်သည့် တစ်ယောက်ကိုမူ မိမိကိုင်ဆောင်သည့် ဓါးပေါ်သို့ လှဲအိပ်စေခြင်းဖြင့် ဂျူ းများကို လူမျိုးပြုန်းအောင်ညှဉ်းပန်းခဲ့သည်။ သို့ရာတွင် ကျောက်ဂူတွင် ပုန်းအောင်နေသော အဖွားအို ၂ ယောက်နှင့် ကလေး ၅ယောင်မှာ လွတ်မြှောက်သွားသည်။

နောက်နှစ်ပေါင်း ၆၀ ကြာသောအခါ ထပ်မံတော်လှန်တိုက်ခိုက်မှု ဖြစ်ခဲ့သေးသော်လည်း အောင်မြင်မှုမရှိပဲ ဂျူ းလူမျိုးတို့ ထပ်မံပျောက်ကွယ်သွားခဲ့ပြန်သည်။ ရောမတို့ အသစ်ပြန်လည် တည်ဆောက်ထားသော ဂျေရုဆလင်မြို့သစ်တွင် မည်သည့်ဂျူ းလူမျိုးကိုမျှ ခြေချခွင့်မပေးတော့ပေ။ သို့ရာတွင် ဂျူ းလူမျိုးတို့ကာ ကျန်ရှိနေသေးသည်။ သို့သော်ဂျူ းနိုင်ငံတည်ထောင်လိုသော ရည်ရွယ်ချက်မှာမှု ပျောက်ကွယ်မသွားခဲ့ပေ။ ပါလက်စတိုင်းကို ရောမများ အုပ်စိုးနေချိန်တွင် ဂျူ းများသည် အာရှမိုင်းနား နိုင်ငံများသို့ ပျံနှံထွက်ပြေးခဲ့ကြသည်။ တစ်ချို့က ပင်လယ်နီကမ်းရိုးတန်းတောင်ပိုင်း ၊ ရုရှား ၊ ဂျာမဏီနှင့် အင်္ဂလန်ကျွန်းသို့ ပျံနှံသွားကြသည်။ ဂျူ းနိုင်ငံတည်ထောင်ရေး ဆန္ဒကိုလည်း အသက်ရှင်ကျန်ရစ်သော မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းပေးခဲ့ကြသည်။ မိဘဘိုးဘွားမှ သားစဉ်မြေးဆက်သို့ ဂျူ းတို့၏ မူရင်းဒေသတွင် ပြန်လည်နေထိုင်ရေးကိုလည်း နှုတ်ဖြင့်ဆင့်ပွါးမှာကြားခဲ့ကြသည်။

ဂျူ းတို့သည် မောဆက်၏ ဆိုဆုံးမမှုကို လိုက်နာကြပြီး စိတ်ဓါတ်ရေးရာ ကိုယ်ကျင့်တရားများကို စောင့်ထိန်းကြသည်။ ယခုတိုင်အသုံးပြုလိုက်နာနေသော တရားဥပဒေများ ဘာသာရေးအလေ့အထများ အစဉ်အလာများသည် မောဆက်၏ သွန်သင်ဆုံးမချက်များသာ ဖြစ်သည်။ ဥရောပတွင်၎င်း အာရှတွင်၎င်း နေထိုင်ကြသောဂျူ းတို့သည် အခြားလူမျိုးတို့၏ ယဉ်ကျေးမှုကို ဝါမျိုခဲ့ကြသည်။

ဂျေရုဆလင်မြို့

ခရစ်ပေါ်ပြီး ၅၇၀ ပြည်နှစ်တွင် မိုဟာမက်ကို မက္ကာမြို့တွင်မွေးဖွားသည်။ အစ္စလာမ်ဘာသာသည် တမန်တော် မိုဟာမက်၏ သွန်သင်ဆုံးမဟောကြားချက်မျာူသာဖြစ်သည်။ အစ္စလာမ်ဟူသည်မှာ '' ဘုရားသခင်၏ အလိုတော်အတိုင်း ကျင့်ကြံအားထုပ်ခြင်း '' ဟု အဓိပ္ပါယ်ရသည်။ သက္က္တရာဇ် ၆၃၂ ခုနှစ်တွင် တမန်တော် မိုဟာမက် ကွယ်လွန်သည်။ တမန်တော်မိုဟာမက် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၁၀၀ ခန့်အကြာတွင် အစ္စလာမ်ဘာသာသည် မက္က္တာမြို့၏ အပြင်သို့ ပျံနှံသွားသည်။ အေဒီ ၇၃၂ ခုနှစ်တွင် တူးအာစ်စစ်ပွဲ (Battle Of Tours ) ဖြစ်ပွားပြီးနောက် အစ္စလာမ်ဘာသာမှာ ပိုမိုပျံနှံလာခဲ့သည်။

ဂျေရုဆလင်မြို့သည် ခရစ်ယာန်ဘာသာနှင့် ရေဝတီဘာသာဝင်များအတွက် ထွဋ်မြတ်သော မြို့တစ်မြို့ ဖြစ်သကဲ့သို့ အစ္စလာမ်ဘာသာအတွက်လည်း အထွဋမြတ်နေရာဖြစ်လေသည်။ ဂျေရုဆလင်မြို့သည် ဘာသာသုံးခု၏ အလေးအမြတ်ထားရာ မြို့ဖြစ်သဖြင့် ထင်ပေါ်ကြော်ကြားခဲ့သည်။



နိုင်ငံမဲ့လူမျိုးဘဝ

အေဒီ ၁၀၀၀ မှ ၁၉၀၀ ပြည်နှစ်များအတွင်း ဂျူ းတို့သည် ဘဝရပ်တည်ရေး မိမိလူမျိုးယဉ်ကျေးမှု စုစုစည်းစည်းရှိရှိလာရေးအတွက် တိုက်ပွဲမျိုးစုံဝင်ခဲ့ကြသည်။ ဂျူ းတို့သည် နိုင်ငံတကာတွင် အရေးပါသောနေရာများသို့ ဝင်ရောက်လာနိုင်ကြသော်လည်း သူတို့၏ပါဝင်မှုကို အသိအမှတ်ပြုခြင်းမခံရချေ။ လူမျိူ းတိုင်းက ဝိုင်းပယ်ထားကြသည်။ ၁၈၇၀ ပြည်နှစ်တစ်ဝိုက်တွင် ဂျာမဏီနိုင်ငံအတွင်း ဂျူ းများဝင်ရောက်ခြင်းကို ပိတ်ပင်ရန် ဂျူ းဆန့်ကျင့်ရေးအသင်းက တောင်းဆိုခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌လည်း ဂျူ းဆန့်ကျင့်ရေး ပေါ်ပေါက်ခဲ့သည်။ ၁၈၉၀ ပြည်နှစ်တစ်ဝိုက်တွင် ရုရှားနိုင်ငံ၌ပါ ဂျူ းဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလာခဲ့သည်။ မော်စကို / ကိယက်ဗ် စသည့်မြို့များတွင် ဂျူ းလူမျိုးကို နေထိုင်ခွင့်မပေးပဲ နှင်ထုတ်ခဲ့ကြသည်။

၁၈၈၂ ခုနှစ်တွင် အော်ဒက်စာမြို့မှ ရူပဗေဒပညာရှင်တစ်ဦးက ၎င်းရေးသားသော စာအုပ်တွင် - - -

'' ဂျူ းလူမျိုးများသည် နေရာတကာတွင် ဝိုင်းပယ်ခံနေရကြောင်း၊ မည်သည့်နိုင်ငံကမျှ လက်မခံလိုကြကြောင်း ၊ နိုင်ငံတစ်ခု၏ နိုင်ငံသားဖြစ်ရေးမှ ခတ်ခဲနေကြောင်း ၊ ယင်းအခတ်ခဲကို ဖြေရှင်းရန် ဂျူ းအမျိုးသားများ သိက္ခာရှိရှိဖြင့် ထင်ထင်ပေါ်ပေါ် အတည်တကျနေထိုင်ရန်မှာ ဂျူ းအမျိုးသားများ၏ မူလနေထိုင်ရာဖြစ်သော ပါလက်စတိုင်းဒေသတွင် နိုင်ငံဖန်တီးထူထောင်ကြရန် ပင်ဖြစ်ကြောင်း ''
ထုတ်ဖော်ရေးသား လှုံ့ဆော်လိုက်သည်။

စောစောပိုင်း ရာစုနှစ်များကပင် နိုင်ငံအသီးသီးတွင် ပျံနှံနေထိုင်ကြသော ဂျူ းလူမျိုးများအနက် ဂျူ းအုပ်စုအနည်းငယ်သည် ဘာသာရေးအကြောင်းပြချက်များဖြင့် ပါလက်စတိုင်းတွင် အခြေချနေထိုင်ရန် ရောင်ရှိလာကြသည်။ ၁၈၀၀ ပြည့်နှစ် ဝန်းကျင်တွင် ရုရှား ပိုလန် ဂျူ းများသည် စိုက်ပျိုးရေးသမားများ အသွင်ဖြင့် ပါလက်စတိုင်းသို့ ရောက်လာကြသည်။


၁၈၉၇ ခုနှစ်တွင် ဇီယွန်ဝါဒ လှုပ်ရှားမှုပေါ်ပေါက်လာပြီး ထိုဝါဒကို စတင်တည်ထောင်သူ ဒေါက်တာ သီအိုဒိုဟာဇယ် ( Dr - Theodore Herzl ) ပ စိုက်ပျိုးရေးနှင့် ယဉ်ကျေးမှုကို အခြေတစိုက်ဆောင်ရွက်ပြီး ပါလက်စတိုင်းတွင် တရာဝင်နေထိုင်နိုင်သော တိုင်းပြည်ထူထောင်ရန်အတွက် ဇီယွန်လှုပ်ရှားမှုရကြောင်းပြောဆိုသည်။ ဂျူ းများသည် ပါလက်စတိုင်းသေဒသို့ လယ်သမား / ယာသမားအဖြစ် ရောက်ရှိလာမှုမှာ ၁၈၀၀ ပြည်နှစ်မှ ၁၉၁၄ ခုနှစ်အတွင်း အံ့သြလောင်အောင်ပင်များပြားလာရာ လူဦးရေ ၂၅,၀၀၀ မှ ၈၀,၀၀၀ အထိရှိလာခဲ့သည်။

ဇီယွန်ဝါဒကို ဂျူ းလူမျိုးတို့ သက်ဝင်ယုံကြည်လာကြသည်။ လက်ခံလာကြသည်။ ကိုယ်ပိုင်တိုင်းပြည် ထူထောင်ရေးရည်မှန်းချက်သည် ဂျူ းလူမျိုးများအား များစွာစွဲဆောင်နိုင်ခဲ့သည်။ ဗြိတိသျှအစိုးရသည် ဟာဇယ်အာ များစွာအထင်ကြီးပြီး ဆိုင်းနိုင်းကျွန်းဆွယ်ပေါ်တွင် မြေနေရာပေးခဲ့သည်။ ၁၉၁၄ ခုနှစ် အသက် ၄၄ နှစ်တွင် ဟာဇယ် သေဆုံးခဲ့သော်လည်း ၎င်းစတင်ပျိုးထောင်ခဲ့သော ဇီယွန်ဝါဒမှာ ခိုင်မြဲကြီးထွားသည်ထက် ကြီးထွားခဲ့သည်။



ရှုပ်ထွေးမှုအနန္တ

ဂျူ းတို့သည် ပါလက်စတိုင်းမြေပေါ်တွင် မြေကွက်တစ်ကွက် ဝယ်ယူရန် ရန်ပုံငွေများ ကောက်ခံစု ဆောင်း ခဲ့ကြသည်။ ၁၉၀၄ ခုနှစ်တွင် ပါလက်စတိုင်းဒေသ၌ ဂျူ းများစတင်အခြေချကာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လာကြသည်။ ၁၉၀၉ ခုနှစ်တွင် ဒီဂါနီယာ စုပေါင်းရွာကို စတင်ည်ထောင်သည်။ တစ်ဆက်တည်းမှာပင် အာရပ်မြို့ဖြစ်သည့် ဂျက်ဖာ ( Jaffa ) အနီးသဲသောင်ပေါ်တွင် တဲလ်အဗိဗ် ( Tel Aviv ) မြို့ကို တည်ထောင်လိုက်သည်။

၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဗြိတိသျှအစိုးရက ဘော်လ်ဖိုး ကြေငြာချက် (Balfour Declarat ion ) ထုပ်ပြန်သည်။ ၎င်းကြေငြာချက် အဓိပ္ပာယ်မှာ ဂျူ းလူမျိုးတို့၏ ဇီယွန်ဝါဒ သက်ဝင်ယုံကြည်မှုအပေါ် စာနာထောက်ထားပြီး ဂျူ းလူမျိုးတို့အတွက် ပါလက်စတိုင်းတွင် အမျိုးသားနိုင်ငံတည်ထောင်ရန်အတွက် ထောက်ခံကြောင်း ကတိပေးချက်များ ပါရှိနေပေသည်။ ယင်းကြေငြာချက်ကြောင့် ပါလက်စတိုင်းရှိ အာရပ်နွယ်ဖွားများက ဘော်လ်ဖိုး ကြေငြာချက်ကို ဆန့်ကျင့်ကန့်ကွက်ပြောဆိုလာကြသည်။

၁၉၂၀ ပြည့်နှစ် ဧပြီလတွင်ကျင်းပသော ဆန်နီမိုကွန်ဖရင့်တွင် ပါလက်စတိုင်း အုပ်ချုပ်မှုကိစ္စကို ဗြိတိသျှတို့လက်အောက်သို့ လွဲပြောင်းလိုက်သည်။ အာရပ်လူမျိုးများက လက်မခံကြပေ။ ၁၉၁၂ ခုနှစ်တွင် ဂျူ းဆန့်ကျင်ရေး အဓိကရုဏ်းများ ဂျက်ဖာမြို့တွင် ဖြစ်ပွားခဲ့သည်။ တစ်ဆက်တည်းမှာပင် ဗြိတိသျှတို့အား ဆန့်ကျင်မှုများလည်း အာရပ်လောကတွင် ပိုမိုကြီးထွားလာကြသည်။ ဗိုလ်မှုးကြီး တီအီးလောရင့်သည် အာရပ်တို့နှင့် လက်တွဲတိုက်ပွဲဝင်သဖြင့် ဗြိတိသျှလူမျိုးများကပင် မကျေနပ်ခဲ့ကြချေ ။

၁၉၂၂ ခုနှစ်တွင် အီဂျစ်နိုင်ငံကို အင်္ဂလိပ်တို့က လွတ်လပ်သော နယ်မြေအဖြစ် သတ်မှတ်ပေးလိုက်ရတော့သည်။ သို့ရာတွင် အီဂျစ်၌ ဗြိတိသျှတို့ သြဇာလွမ်းမိုးဆဲဖြစ်ရာ ဗြိတိသျှလူမျိုး ဘုရင်ခံချုပ် ဆာလီစတတ် ကို အီဂျစ်အမျိုးသားရေးဝါဒီများက ၁၉၂၄ ခုနှစ်တွင် လုပ်ကြံသတ်ပစ်လိုက်ကြသည်။ ၁၉၃၃ ခုနှစ်အထိ အကြမ်းဖက်တိုက်ခိုက်မှုများ ဂျူ းဆန့်ကျင့်ရေးများ ပိုမိုပြင်ထန်လာခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် အာရပ်လှုပ်ရှားမှုမှ အောက်ပါ တောင်းဆိုချက်များကို တောင်းဆိုလာကြသည်  



(၁) ဂျူ းလူမျိုးများဝင်ရောက်လာခြင်းကို တားမြစ်ပိတ်ပင်ပေးရန်။

(၂) ဂျူ းများအား မြေနေရာရောင်းချခြင်းမှ ရပိဆိုင်းရန်။

(၃) အာရပ်အမျိုးသား ကိုယ်စာလှယ်အစိုးရ ဖွဲ့စည်းပေးရန်။

၁၉၃၇ ခုနှစ်ခန့်တွင် ဂျူ းများသည် ပါလက်စတိုင်းသို့ ဝင်ရောက်လာကြရာ ပါလက်စတိုင်း လူဦးရေးအားလုံး၏ ၃ ပုံ ၁ ပုံမျှရှိနေခဲ့သည်။ ၁၉၂၈ ခုနှစ်မှ ၁၉၃၇ ခုနှစ်အတွင်းဟအင်အား ၁၅၁၀၀၀ မှ ၄၀၀၀၀၀ ခန့်အထိ တိုးတတ်ပြန့်ပွားဝင်ရောက်လာခဲ့ကြသည်။ 

၁၉၃၉ ခုနှစ် မေလ ၁၇ ရက်နေ့ ဗြိတိသျှ အစိုးရ၏ ပါလက်စတိုင်း စက္ကူ ဖြူ စာတမ်းအရ နောက် ၅ နှစ်အတွင်း ဂျူ းလူမျိုး ၇၅၀၀၀ သာ ပါလက်စတိုင်းသို့ ဝင်ခွင်ပြုတော့မယ်ဖြစ်ပြီး ၇၅၀၀၀ ထက်ပိုဝင်လာလျှင် အာရပ်တို့၏ သဘောတူညီချက်ကို ရယူရန်လိုကြောင်းဖြင့်လည်း ဆိုထားသည်။ 

ယင်းစာတမ်းသည် ဂျူ းတို့ ဝင်ရောက်လာမှုကို တားမြစ်သကဲ့သို့ အာရပ်တို့တောင်းဆိုသည့် အာရပ်နယ်မြေအတွင်း ဂျူ းတိုင်းပြည်ထူထောင်ခွင့် / ခွဲထွက်ခွင့်မပေးနိုင်ကြောင်း တောင်းဆို ကန့်ကွက်ချက်ကိုလည်း ပိုမိုခိုင်မာအောင် ပြုလုပ်လိုက်ခြင်းပင်ဖြစ်သည်။ ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ် ဖြစ်ပွားသောအခါ ဂျူ းတို့အား တပ်မဟာအဆင့်ဖွဲ့စည်းပြီး အင်္ဂလိပ်တို့၏ ကွပ်ကဲမှုအောက်တွင် ဝင်ရောက်တိုက်ခိုက်စေခဲ့သည်။



ဂျာမန်နာဇီတို့၏ ရက်စက်မှု သတ်ဖြတ်မှုတို့ကြောင့် ဝင်ရေက် ခိုလှုံလာကြသည့် ဂျူ းလူမျိုးတို့အားတင်းတင်း ကျပ်ကျပ် ပိတ်ပင်ရန် တောင်းဆိုလာကြသူများက တစ်ဖက် / အစိုးရမှ ယင်းဂျူ းတို့အပေါ်တင်း ကျပ်သော ပိတ်ပင်မှုမျိုးမလုပ်ဟူ၍ စွပ်စွဲသူများက တစ်ဖက်ဖြင့် အခြေအနေတင်းမားခဲ့သည်။ ဤသို့ဖြင့် ရှုပ်ထွေးမှုနှင့်တင်းမာမှုများ ပြင်းထန်လာခဲ့လေသည်။ ဂျူ းတို့ကလည်း အင်္ဂလိပ်တပ်မှ လက်နက် များခိုးယူခြင်း / အင်္ဂလိပ်များအား သတ်ဖြတ်ခြင်းဖြင့် တစ်ဖက်တွင် စစ်ဖြစ်နေရင်း အင်္ဂလိပ်ဆန့်ကျင်မှုများ ပြင်းထန်လာခဲ့ပြီး ဆန့်ကျင်ရေးစိတ်ဓာတ်များ ပေါက်ကွဲလာခဲ့လေသည်။ 

၁၉၄၇ ခုနှစ်အတွင်း၌ပင် အာရပ်နှင့် ဂျူ းတို့၏ အယူသီးစွာတိုက်ခိုက်မှုများသည် မကြာခဏပေါ်ပေါက်လျက်ရှိသည်။ ဗြိတိသျှတိုသည် ပါလက်စတိုင်းနယ်မြေတွင် ဂျူ းနိုင်ငံတည်ထောင်ရေး ရည်မှန်းချက် / ကြံရွယ်ချက်ကို ကြေငြာပေးခဲ့ပြီး ပါလက်စတိုင်းရှိ အာရပ်တို့ကလည်း ကုလသမဂ္ဂသို့ တင်ပြတောင်းဆိုလာကြသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပါလက်စတိုင်းပြဿ နာကို ကုလသမဂ္ဂသို့ တင်သွင်းမည်ဖြစ်ကြောင်း ဗြိတိသျှအစိုးရက ကြေငြာလိုက်သည်။ ထိုနှစ် မေလ ၁၅ ရက်နေ့တွင် ပါလက်စတိုင်းရေးရာ ကုလသမဂ္ဂ အထူးကော်မရှင်ကို ဖွဲစည်းလိုက်သည်။ ဂျူ းနိုင်ငံနှင့် အာရပ်နိုင်ငံ ခွဲခြားသတ်မှတ်ရန် အကြံဉာဏ်ပေးနေသော ကာလလည်းဖြစ်သည်။ ဂျေရုဆလင်ဒေသကို နိုင်ငံတကာအုပ်ချုပ်မှုအောက်တွင် ထားရှိလိုက်ကြောင်း ကုလသမဂ္ဂ ပါလက်စတိုင်းရေးရာ အထူးကော်မတီက ကြေငြာလိုက်သည်။



အစ္စရေးနိုင်ငံတော် 

ဂျူ းနှင့်အာရပ်အရေးနှင့် ပတ်သက်၍ လပေါင်းများစွာ ဆွေးနွေးကြပြီးနောက် ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဂျူ းနှင့် အာရပ်တို့ ခွဲသင့် / မခွဲသင့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်ကြသည်။ ခွဲခြားရန်ဘက်မှ ၃၃ မဲ / ကန့်ကွက်မဲ ၁၃ မဲ / ကြားနေမဲ ၁၀ မဲ ဖြင့် ခွဲခြားရန်အဆိုက အနိုင်ရ အတည်ပြုလိုက်လေသည်။ ရုရှား / အမေရိကန်နှင့် ပြင်သစ်တို့က သီးသန့်ခွဲထုပ်ရန်ဘက်မှ မဲပေးကြသည်။ ထိုအစီအစဉ်ကို ဂျူ းများက လက်ခံကြသည်။ ပါလက်စတိုင်းရှိ အာရပ်လူမျိုးများနှင့် အာရပ်နိုင်ငံများကမူ ကန့်ကွက်ကြသည်။ ဂျူ းများကို မြေနေရာသေးအမွှား ပေးခြင်းကိုပင် လက်မခံနိုင်ကြောင်း ရှုပ်ချကြောင်း အဆိုပြုသည်။ ဗြိတိသျှအစိုးရက မိမိတို့ အုပ်ချုပ်မှုသက်တမ်း ကုန်ဆုံးမည့် ၁၉၄၈ ခုနှစ် မေလ ၁၅ ရက်နေ့အထိ လုံးဝအုပ်ချုပ်နေဦးမည် ဖြစ်ကြောင်း ထိုရက်နောက်ပိုင်း ရက်သတ္တ နှစ်ပတ်ကြာအထိ ကုလသမဂ္ဂကော်မတီ အနေဖြင့် ပါလက်စတိုင်းဒေသသို့ ဝင်ရောက် အုပ်ချူ ပ်မည် မဟုတ်ကြောင်း ကြေငြာသည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အရ အာရပ်နှင့် ဂျူ းနယ်အား ခွဲခြားပေးလိုက်သည်။

ဂျူ းလူမျိုးတို့၏ ဧရိယာမှာ မြေထဲပင်လယ် ဟိုက်ဖာ ( Haifa ) မြို့မှ ရီဟိုဗော့ (Rehovoth) ဧရိယာအတွင်း / အရှေ့ဘက် ဂလီလီ ( Galilee ) ပင်လယ်ထိ / တောင်ဘက်တွင် နီဂျော့ဗ် (Negev) သဲဂန္တာရအဆုံးထိ / အာရပ်တို့၏ ဧရိယာမှာ ဂလီလီ အနောက်ဘက်ခြမ် / ပင်လယ်သေ (Dead Sea ) မှ အစ္စရေးတို့၏ အရှေ့ဘက် နယ်စပ်တစ်လျှောက် / ဂါဇာကမ်းမြောင် (Gaza Strip) အပါအဝင် နီဂျော့ဗ်သဲဂန္တာရအစိတ်အပိုင်းအပါအဝင် အနောက်ဘက်တစ်လျှောက်ဟူ၍ သတ်မှတ်လိုက်သည်။

ကုလသမဂ္ဂမှနယ်မြေခွဲခြားပေးပြီးနောက်ပိုင်း ရက်အနည်းငယ်အတွင်း အာရပ်နှင့်ဂျူ းတို့၏ ဆန့်ကျင်တိုက်ခိုက်မှုများသည် ဂျေရုဆလင်နှင့် အခြားနယ်များတွင် ပြင်းပြင်းထန်ထန်ပိုမို ဖြစ်ပွားလာကြသည်။ ၁၉၄၈ ခုနှစ် မက်လမှစ၍ လက်နက်ကိုင်တိုက်ခိုက်လာသည့်အဆင့်သို တိုင်အောင်ရောင်ရှိခဲ့သည်။ အာရပ်များသည် ဆီးရီးယားနှင့် ထရန်စ်ဂျော်ဒန်ဘက်များမှ ပါလက်စတိုင်းအတွင်းသို့ စိမ့်ဝင်လာကြသည်။ နယ်စပ်ရှိ ဘာယုတ်ဆင်ရွာတွင် အာရပ်လူကြီး လူငယ် ကျား/မ အရွယ်စုံ ၂၅၄ ယောက်ကို ဂျူ းအယူသီးတို့က သတ်ပစ်လိုက်ကြသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂူရီယန်က ထရန်စ်ဂျော်ဒန်ဘုရင်ထံသို့ ချက်ချင်း တော်းပန်သည့်ကြေးနန်းပေူပို့ခဲ့သည်။


၁၉၄၈ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် အာရပ်တို့က ပြန်လည် လက်စားချေခဲ့ပြန်သည်။ ဂျူ းဆေးရုံတစ်ရုံတွင် ဆရာဝန် / ဆရာမ / ကျောင်းဆရာ / ဆရာမ / ကျောင်းသား ၇၇ ယောက်ကို အာရပ်တို့က သတ်ပစ်လိုက်ပြန်သည်။ ဂျူ းတို့၏ လက်နက်ကိုင်အင်အားမှာလည်း ကောင်းသည်ထက် ကောင်းလာသည်။ စိမ့်ဝင်လာသော အာရပ်များအပါအဝင် အာရပ်အများစု ပါလက်စတိုင်းစွန့်ခွာသွားကြလေသည်။ မူလ ၇၀၀၀၀၀ ခန့်ရှိရာမှ နောက်ဆုံး ၁၇၀၀၀၀ ခန့်သာကျန်တော့သည်။

၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ဘော်လ်ဖိုးကြေငြာစာတမ်းမှ စတင်လှုပ်ရှားလာခဲ့သော အစ္စရေးတို့၏ ကိုယ်ပိုင်နိုင်ငံတည်ထောင်ရေးကိစ္စကြီးသည် အဆုံးတိုင်ရောက်ရှိသွားပေသည်။ အစ္စရေးနိုင်ငံတော်ကြီး ပေါ်ပေါက်လာခဲ့သည်။ အနှစ် ၂၀၀၀ ကျော် ကမ္ဘာ့အလယ်တွင် နိုင်ငံမဲ့ လူမျိုးဘဝမှ မူလနိုင်ငံကိုပြန်လည်ထူထောင် နေထိုင်ခွင့်ရသွားခဲ့သည်။




အာရပ်တို့နှင့်_စစ်ဖြစ်ပွားခြင်း ( ပထမအကြိမ် )

၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် အစ္စရေးနိုင်ငံတော်သစ် ပေါ်ပေါက်လာသည်နှင့် နောက်နေ့ မေလ ၁၅ ရက်နေ့ နံနက်စောစောပိုင်းတွင် အစ္စရေးနိုင်ငံဟု သတ်မှတ်ထားသောနေရာ၏ တောင်ဘက်အခြမ်းမှ အီဂျစ်တပ်မတော်သည်လည်းကောင်း / အရှေ့ဘက်ခြမ်းမှ ထရန်စ်ဂျော်ဒန်သည်လည်ကောင်း မြောင်ဘက်ခြမ်းမှ ဆီးရီးယားနှင့်လက်ဘနွန်တို့သည်လည်ကောင်း စစ်အင်အားအလုံးအရင်းဖြင့် သုံးဖတ်သုံးတန်မှ ဝင်ရောင်တိုက်ခိုက်ကြလေတော့သည်။

အာရပ်တို့က လပေါင်းများစွာတိုင်အောင် ပြင်းပြင်းထန်ထန် ဝိုင်းဝန်းတိုက်ခိုက်သော်လည်း အစ္စရေးတို့၏ ကြံ့ကြံ့ခံ တွန်းလှန်တိုက်ခိုက်မှုကြောင့် လပေါင်းများစွာ ကြာပြီးနောက် ဂလီလီ ဒေသတစ်ခုလုံး / ဂျေရုဆလင်နှင့် ဆက်စပ်နေသော ပါလက်စတိုင်း အလယ်ပိုင်းဒေသ / နီဂျေဗ့်ဒေသတစ်ခုလုံးကို အစ္စရေးတို သိမ်းပိုက်ရရှိသွားပြီး ထိုဒေသရှိ အာရပ်ထောင်ပေါင်းများစွာတို့မှာ နေအိမ်များကို စွန့်ခွာကာ ဆီးရီးယား / ဂျော်ဒန် နှင့် အီဂျစ်ပိုင် ဂါဇာကမ်းမြောင်ဘက်သို့ ထွက်ပြေးခဲ့ကြလေသည်။ ၁၉၄၉ ခုနှစ် နှစ်လယ်ပိုင်းအထိ ပါလက်စတိုင်းအာရပ် ၉၄၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ထွက်ပြေးကြရသည်။



အစ္စရေးတို့သည် အီဂျစ်နှင့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်လည်ကောင်း / ထရန်စ်ဂျော်ဒန်နှင့် ဧပြီ ၃ ရက်နေ့တွင်လည်ကောင်း / ဆီးရီးယားနှင့် ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြသည်။

ထို့နောက်ပိုင်းတွင် ဆီးရီးယား / ဂျောဒန် / အီဂျစ်စသည့် အာရပ်နိုင်ငံများနှင့် အစ္စရေးနိုင်ငံကြားတွင် ဝင်ရောက်တိုက်ခိုက်မှုများ / အကြမ်းဖက်သတ်ဖြတ်မှုများ /နယ်မြေလုယက်မှုများ မကြာခဏဖြစ်ပွားခဲ့ပြီး ခေတ္တခဏ အေးငြိမါးသွညးတတ်သည်မှအပ အာရပ်နှင့် အစ္စရေးတို့မှာ ကမ္ဘာ့ရန်သူ ရန်ဘက်ကြီးများ ဖြစ်သွားကြသည်။ ၁၉၄၈ ခုနှစ် စစ်ပွဲတွင် အစ္စရေးတို့သည် လက်နက်အင်အား မမျှတခြင်းမရှိသော်လည်း အင်အားကြီးအာရပ်တပ်မတော်ကြီးကို ကျားကုတ်ကျားခဲ အသေခံတိုက်ခိုက်နေချိန်တွင် ကုလသမဂ္ဂ၏ ကြားဝင် စေ့စပ်ပေးမှုကြောင့် အသက်ရှုချောင်သွားပြီး နောက်ဖြစ်လာမည့် စစ်ပွဲ ( ၆ ရက်စစ်ပွဲ ) အတွက် ပြင်ဆင်ချိန် များစွာရရှိခဲ့သည်။


၁၉၅၆ ခုနှစ်တွင် စူးအက်တူးမြောင်းအရေးကိစ္စနှင့် ဆက်နွယ်၍ အာရပ် - အစ္စရေး စစ်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ရာ အစ္စရေးတိုပင် အနိုင်ရရှိခဲ့သည်။ စစ်မက်တိုက်ခိုက်မှုများ အကြိမ်ကြိမ် ဖြစ်ခဲ့ကြပြီး တစ်ကြိမ်တိုက်ခိုက်ပြီးတိုင်း အာရပ်ပိုင်နယ်မြေတစ်ချို့မှာ အစ္စရေး၏သိမ်းပိုက်မှုအောက် အနည်းငယ်စီရောက်သွားခဲ့သည်။ အာရပ်တို့ကလည်း ၎င်းတို့နယ်မြေများ ပွန်းပဲ့ပါသွားသဖြင့် မကျေမနပ်အရေးဆိုကြသည်။ စစ်ပြင်ကြသည် ။ အစ္စရေးကလည်း တစ်စတစ်စ စစ်သည်အင်အား / လက်နက်အင်အားပါ ကောင်းလာသည်။ ၁၉၆၆ ခုနှစ်အတွင်း ရောက်လာသောအခါ အာရပ်နဲ့အစ္စရေးတို့သည် တစ်ဦးခြေလှမ်း တစ်ဦးကစောင့်ကြည့်ပြီး စစ်ပြင်ဆင်လျက် ရှိခဲ့ကြလေသည်။

Thura Oo