ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ် သမားများကို မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ မေ ၅ ရက်က တံတားပိတ်ချိန်ဖြစ်သည့် ညနေ ၆ နာရီခွဲတွင် မြန်မာရွှေ့ပြောင်းအလုပ် သမား ၂၃ ဦး ပြန်လည်ဝင်ရောက်မှုကိုလက်ခံခဲ့ကြောင်း သိရပြီး ယနေ့ တွင် ပြန်လည်ဝင်ရောက်သူ မရှိကြောင်း သိရသည်။
အဆိုပါတံတားကို နံနက် ၆ နာရီ မှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားပြီး မေ ၅ ရက်က ပြန်လည်ဝင်ရောက်လာ သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပြည်နယ်အစိုးရအဖွဲ့သို့ အဆင့်ဆင့်တင်ပြပြီး လက်ခံပေးခဲ့ ကြောင်း သိရသည်။
“မြန်မာသံအရာရှိနဲ့ ထိုင်းဘက် က အရာရှိတွေ ညှိနှိုင်းတာတွေရှိပါ တယ်။ ဟိုဘက်က ခွင့်ပြုချက်မရလို့ စောင့်ဆိုင်းနေတာလည်းရှိတယ်၊ အခု ကျွန်တော်တို့ ပြန်ပြီးခွင့်ပြုချက် ရတဲ့အချိန်က ညနေ ၅ နာရီ ၄၅ မိနစ် လောက်ရှိပါပြီ။ တံတားပိတ်ချိန်နဲ့ လည်း နီးနေပြီ၊ တံတားပိတ်ချိန်က ၆ နာရီ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒီမှာရှိတဲ့ ပြည်နယ် အစိုးရအဆင့်ဆင့်ကို ပြန်လည် တင်ပြပြီးတော့ ကိုယ်ရဲ့ မြန်မာ နိုင်ငံသားတွေ ပြန်လည်ဝင်ရောက် လာနိုင်ဖို့ ဖွင့်ပေးတာ ဖြစ်ပါတယ်” ဟု ရွှေ့ပြောင်းလုပ်သားများ ပြန်လည်လက်ခံမှုနှင့် ပတ်သက်၍ ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူများအနေဖြင့် မေ ၁ ရက်မှ ၅ ရက်အထိ ၁၈၂ ဦးရှိပြီး ယနေ့တွင် ပြန်လည်ဝင်ရောက်သူ မရှိကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)