Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား Video Con-ferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍ လက်တွေ့အခြေအနေ များအား အပြန်အလှန် ဆွေးနွေး သည်။
ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကရင်ပြည်နယ်၊ မွန် ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် ယခုလိုတွေ့ဆုံရသည်မှာ နယ်စပ် မှ ပြန်လည်ဝင်ရောက်လာမည့် အလုပ်သမားများ နေရပ်ပြန်လည် ဝင်ရောက်လာနိုင်ရေးကိစ္စ ဖြစ်ပါ ကြောင်း၊ တချို့ခန့်မှန်းထားသည် မှာ အလုပ်သမားများ တစ်သိန်းခွဲ ခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး တချို့ကလည်း ၇၀၀၀၀ ၊ ၈၀၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားကြ ပါကြောင်း၊ မိမိတို့အနေဖြင့် အများဆုံး ခန့်မှန်းထားသည့် တစ်သိန်းခွဲခန့်အတွက် ပြင်ဆင်ထား ကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိ အနေ အထားတွင် အများအပြား မဝင် သေးဟု သိရပါကြောင်း၊ အစုလိုက် အပြုံလိုက် ဝင်ရောက်လာခြင်း မရှိမှု သည်လည်း မိမိတို့အတွက် သက်သာ ပါကြောင်း၊ ထိုင်းနိုင်ငံနှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်မှာလည်း အဆင် ပြေသည်ဟု ထင်မြင်ပါကြောင်း၊ ကရင် ပြည်နယ်သည် အဓိကကျပါကြောင်း၊ ယခင် ဝင်ရောက်လာသည့် အများစု မှာ မြဝတီဘက်မှတစ်ဆင့် ဝင်ရောက် ပြီး တခြားဒေသများသို့ သွားရောက် ကြပါကြောင်း၊ တချို့မှာ တနင်္သာရီ တိုင်းဒေသကြီးဘက်မှ ဝင်ရောက်ကြ ပါကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ပထမပိုင်းကာလက နေရပ် ပြန်လာသူ ၈၀၀၀၀ ကျော် ဝင်ရောက် ခဲ့မှု အခြေအနေ၊ ဒုတိယပိုင်းကာလနေရပ်ပြန်လည်ဝင်ရောက်လာမည့်သူများ အတွက် Quarantine Center များ ပြင်ဆင် ထားရှိမှု၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အရေးပေါ်ကုသရေး လုပ်ငန်းများအတွက် ပြင်ဆင်ထားမှု၊ Quarantine ဝင်ရောက်နေ သူများအတွက် INGO ၊ NGO များနှင့် အလှူ ရှင်များက ပူးပေါင်းပါဝင် ဆောင်ရွက်နေမှုများ နှင့် မော်တော်ယာဉ်များ စီမံထားရှိမှု အခြေ အနေတို့ကို လည်းကောင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက Facilities Quarantine များမှတစ်ဆင့် Complain တက်ပါက Hospital Quarantine ထားရှိရန် ဆောင်ရွက်ထားမှု၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ မွန်ပြည်နယ် အတွင်း အသက်ရှူကူစက်များနှင့် ဆရာဝန် များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပြည်သူ များ ပူးပေါင်းဆောင်ရွက်သည့်အတွက် ထိရောက်မှုအခြေအနေ၊ ပထမကာလ နေရပ် ပြန်လည်ဝင်ရောက်လာသူများ Quarantine ထားရှိ ခဲ့မှု၊ လက်ရှိတွင် နေရပ်ပြန်လည် ဝင်ရောက်လာသူများ Quarantine ဝင်ရောက်နေမှုနှင့် ပြည်နယ်အတွင်းလူဦးရေ ၇၈၀၀ ကျော်အား Quarantine ထားရှိနိုင် ရန် ပြင်ဆင်ထားရှိမှု၊ ထပ်မံလိုအပ်လာ ပါက Quarantine Center ပြုလုပ်နိုင်ရန် လျာထားဆောင်ရွက်မှု၊ Quarantine Center များတွင် ရေနှင့်သန့်စင်ခန်းများ ကောင်းမွန် စေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကျေးရွာ များ၌ ၎င်းတို့ အစီအစဉ်ဖြင့် ကိုယ်တိုင်ချုပ် ပြန်လည်အသုံးပြုနိုင်သည့် Mask များ ဆောင်ရွက်နေမှုနှင့် ဖြန့်ဝေနေမှု အခြေ အနေနှင့် COVID – 19 ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကို လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က တနင်္သာရီ တိုင်းဒေသကြီးသို့ ပထမပိုင်းကာလ နေရပ် ပြန်လည်ဝင်ရောက်လာသူ ၆၀၀၀ ကျော် ရောက်ရှိခဲ့မှု အခြေအနေ၊ ၎င်းတို့အား Facilities Quarantine ထားခဲ့ရှိမှု အခြေ အနေ၊ သတ်မှတ်ရက် ကာလပြည့်မြောက် သည့်အတွက် နေအိမ်သို့ပြန်သွားသည့် အခြေအနေ၊ မြဝတီမှတစ်ဆင့် တနင်္သာရီ တိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက်လာ မည့် လူဦးရေစာရင်းရရှိမှု၊ ယင်းတို့အား သွားရောက်ကြိုဆိုရန် ပြင်ဆင်ထားရှိမှု၊ ပြန်လည်ဝင်ရောက်လာသူများထားရှိရန် Quarantine Center များ ပြင်ဆင်ထားရှိမှု၊ ကျန်းမာရေးနှင့် အားကစာ ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ နေထိုင်မည့်သူ များအတွက် ဟိုတယ် Quarantine များ ပြင်ဆင်ထားရှိမှု၊ နွေရာသီကာလ ရေလိုအပ် ချက်အတွက် ဆောင်ရွက်ထားရှိမှု အခြေ အနေ၊ Facilities Quarantine များအား အလှူရှင်များနှင့် ပရဟိတအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေမှုနှင့် အများသုံးသန့်စင်ခန်း လိုအပ်မှုအတွက် ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေ တို့ကို လည်းကောင်း ဆွေးနွေးတင်ပြကြ သည်။
ကူညီပေးရမည်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က နေရပ်ပြန်လည်ဝင်ရောက်လာကြ သူများ များပြားလာပါက ကရင်ပြည်နယ် အား မွန်ပြည်နယ်အနေဖြင့် ကူညီပေးရ မည် ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်တွင် Quarantine Center များရှိပါကြောင်း၊ အားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လုပ်ဆောင်နေကြပါကြောင်း၊ ပြန်လည် ဝင်ရောက်လာသူများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပို့ဆောင် ပေးသည်မှာ နေရာအခက်အခဲကြောင့် ဖြစ်ပါ ကြောင်း၊ တစ်နေရာတည်းတွင် Quarantine လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပါကြောင်း၊ လက်တွေ့ကျကျဖြင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ ပြန်လည်ပို့ဆောင် ပေးနိုင်မည်ဆိုပါက ၎င်းတို့ မိသားစုများနှင့် နီးစပ်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းမှာလည်း စိတ်ဓာတ်အင်အား ဖြစ်စေပါကြောင်း၊ ကရင် ပြည်နယ်သို့ နေရပ်ပြန်လည်ဝင်ရောက်လာသူ အရေအတွက်များလာပါက မွန်ပြည်နယ်သို့ သွားရမည် ဖြစ်ပါကြောင်း။
အကုန်အကျ များပြား
မိမိတို့နိုင်ငံတွင် Home Quarantine ထားသည်မှာ ခက်ခဲပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံများတွင် Home Quarantine များ ဆောင်ရွက်ကြပါကြောင်း၊ Facilities Quarantine များ စီစဉ်မပေး ပါကြောင်း၊ သို့သော် မိမိတို့နိုင်ငံတွင် စတင် ဖြစ်ပွားချိန်မှစ၍ Home Quarantine ထားရှိခြင်းမှာ လက်တွေ့မကျပါကြောင်း၊ Facilities Quarantine ထားရှိခြင်းသည် နိုင်ငံတော်အတွက် အကုန်အကျ များပြားပါ ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စေတနာ ရှင်များ၊ ပရဟိတများကို အားကိုးရခြင်း ဖြစ်ပါကြောင်း။
ပြန်လည်လက်ခံမည်
COVID – 19 နှင့် ပတ်သက်၍ အချိန် ကြာလာသည်နှင့်အမျှ ပေါ့ဆမည်ကို စိုးရိမ် ပါကြောင်း၊ ထို့ပြင် ငြီးငွေ့ပြီး စည်းကမ်း မလိုက်နာမည်ကိုလည်း စိုးရိမ်ပါကြောင်း၊ Facilities Quarantine များသည် နိုင်ငံတော် အတွက် အကုန်အကျပိုများပြီး လူလည်း ပင်ပန်းပါကြောင်း၊ မိမိတို့၏မူမှာ တရားဝင် သွားသည်ဖြစ်စေ၊ တရားမဝင် သွားရောက် သည်ဖြစ်စေ ပြန်လည်လက်ခံမည် ဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာသို့ အသိပေးရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာသို့ အသိပေး ခြင်းမရှိဘဲ ပြန်လည်ဝင်ရောက်လာလျှင် အန္တရာယ်ရှိပါကြောင်း၊ တရားမဝင် အလုပ် သမားများအနေဖြင့်လည်း တရားဝင်အလုပ် သမားများကဲ့သို့ ယုံယုံကြည်ကြည်ဖြင့် ပြန်လည်ဝင်ရောက်နိုင်ပါကြောင်း၊ အားလုံး ကို တန်းတူညီတူ ဆက်ဆံပါကြောင်း၊ မွန်ပြည်နယ်အနေဖြင့် တနင်္သာရီတိုင်းဒေသ ကြီးအတွက် မိုဘိုင်းသန့်စင်ခန်းများ မျှဝေ ပေးရန် လိုအပ်ပါကြောင်း။
တစ်ပိုင်တစ်နိုင် လှူဒါန်းပံ့ပိုးနေ
COVID – 19 မှာ မည်သည့်အချိန်အထိ ကြာမြင့်မည်ကို မသိနိုင်ပါကြောင်း၊ မိမိတို့ ပြည်သူများမှာ အင်မတန်စေတနာကောင်းမွန် ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ စေတနာကို အားကိုးဆောင်ရွက်နေရပါ ကြောင်း၊ Facilities Quarantine နေသူများ ကို ကူညီပေးနေသူများမှာ ပြည်သူများဖြစ်ပါ ကြောင်း၊ အလှူရှင်များအားလုံးမှာ ချမ်းသာ သူများ မဟုတ်ပါကြောင်း၊ တချို့ပြည်သူများ မှာလည်း တစ်ပိုင်တစ်နိုင် လှူဒါန်းပံ့ပိုးနေ ကြခြင်း ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံတော်ဘဏ္ဍာတစ်ခုတည်းကို အသုံးပြု ရမည်ဆိုပါက လွယ်ကူနိုင်မည် မဟုတ်ပါ ကြောင်း၊ COVID-19 မှာ ကြာမြင့်နိုင်သည့် အတွက် တာဝေးပြေးအားကစားသမားများ ကဲ့သို့ စိတ်ကိုထားရမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် လည်း ကျင့်ယူရမည် ဖြစ်ပါကြောင်း၊ Mask တပ်ခြင်းသည် ပြဿနာမဟုတ်ပါကြောင်း၊ အလေ့အကျင့် ဖြစ်သွားပါက အခက်အခဲ မရှိတော့ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အားလုံးအတွက် Mask များကို အလကား ပေးနိုင်ရန်မှာ မဖြစ်နိုင်ပါကြောင်း၊ ကိုယ်တိုင်လုပ် Mask များကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ချုပ်ပြီးတပ်ဆင်ခြင်းမှာ မိမိတို့နိုင်ငံနှင့် သင့်တော်သည်ဟု ထင်မြင် ပါကြောင်း။
အထောက်အကူဖြစ်စေ
မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံ မှုတွင် COVID-19 ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကြိုတင်ပြင်ဆင်ထားရှိမှု အစီရင်ခံစာ လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရောက်ရှိပြီ ထင်ပါကြောင်း၊ ယင်းအစီရင်ခံစာ တွင် ဆောင်ရွက်ရမည်များ အသေးစိတ်ပါ ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် COVID-19 နှင့် ပတ်သက်ပြီး စတင်ပြင်ဆင်ခဲ့သည်မှာ ဇန်နဝါရီလ အစောပိုင်းကတည်းက ဖြစ်ပါကြောင်း၊ ယင်းဆောင်ရွက်မှုများမှာ အထောက်အကူဖြစ်စေပါကြောင်း၊ ဇန်နဝါရီ လမကုန်ခင်ကပင် ကျန်းမာရေးအတွက် သာမက စီးပွားရေးအတွက်ပါ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပါကြောင်း၊ WHO က ကပ်ရောဂါ အဖြစ် ကြေညာသည့်အခါ ယခင်အဖွဲ့ကို အခြေခံပြီး အမျိုးသားအဆင့် ဗဟိုကော်မတီ ကို ဖွဲ့စည်းခဲ့ပါကြောင်း။
အားလုံးပူးပေါင်း ဆောင်ရွက်ရန်လို
ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သည် ဆက်စပ် နေကြပါကြောင်း၊ ယခုအချိန်တွင် နယ်စပ်မှ ဝင်ရောက်လာမည့်သူများ များပြားပါကြောင်း၊ ပထမစိန်ခေါ်မှုလှိုင်းဖြစ်သည့် မတ်လအကုန် ပိုင်းက နေရပ်ပြန်လည်ဝင်ရောက်လာသူများ ပြန်လာသည့်အချိန်တွင် စိုးရိမ်ခဲ့ရပါကြောင်း၊ ၎င်းတို့အထဲမှ ရောဂါဖြစ်ပွားမည့်သူများ မည်မျှ များပြားမည်ကို စိုးရိမ်ခဲ့ရပါကြောင်း၊ ရောဂါပါလာပါက ပြန့်သွားမည်ဖြစ်ပါကြောင်း၊ ယင်းကို မည်သို့ကိုင်တွယ်ရမည်ကို အကောင်း ဆုံးပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သော်လည်း စိုးရိမ်ခဲ့ရပါကြောင်း၊ ယခု ဒုတိယစိန်ခေါ်မှုတွင် လူဦးရေ သောင်းဂဏန်းနှင့်ချီ၍ ပြန်လည် ဝင်ရောက်လာကြမည် ဖြစ်ပါကြောင်း၊ ပြန်လည်ဝင်ရောက်လာကြသူများမှာလည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် နေထိုင်ကြမည့်သူ များမဟုတ်ဘဲ တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်ကြမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ယခု ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ အရေးကြီးပါကြောင်း၊ ပြန်လည် လက်ခံရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်သို့ ပို့ဆောင်ရာတွင် ရောဂါပါလာ သည့်သူများရှိပါက ရောဂါမပြန့်ပွားစေရန် ပထမဆုံး ကာကွယ်ရမည်မှာ ယခု ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ လိုအပ်ချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့်လည်း စီစဉ်ပေးမည် ဖြစ်ပါကြောင်း၊ စိန်ခေါ်မှု မည်မျှပင်ကြီးမား ပါစေ ပူးပေါင်းဆောင်ရွက်မှုအားဖြင့် ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူ နှင့် အစိုးရကြားတွင်လည်း ပိုမို ယုံကြည်မှုရှိလာမည် ဖြစ်ပါကြောင်း၊ ယခု ဆိုလျှင် ပြည်သူများ၏ အကူအညီဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ မိမိတို့ဘက်ကလည်း ပြည်သူများ ကို ပြန်လည်ကူညီရမည် ဖြစ်ပါကြောင်း၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်း များကို တိတိကျကျလိုက်နာရန် ပြည်သူများ ကို ထပ်တလဲလဲပြောရမည် ဖြစ်ပါကြောင်း၊ COVID-19 နှင့် စပ်လျဉ်း၍ အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ထောင်စု ဆိုသည်ကို မမေ့ကြစေလိုကြောင်း ပြောကြား သည်။
သတင်းစဉ်