သက်တမ်းအလိုအလျောက် တိုးပေးထားတဲ့ MOU နှင့် Border pass ကိုင်ဆောင်တဲ့ရွှေ့ပြောင်းလုပ်သားများအတွက် အရှင်းလင်းဆုံးနဲ့ အတိုဆုံးပြောရရင် .
၁၊ MOU ဖြင့်ဝင်လာတဲ့ ၃ နိုင်ငံသား ရွှေ့ပြောင်းလုပ်သားဖြစ်ကြတဲ့ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ စာအုပ်နှင့် အလုပ်လုပ်ကိုင်ခွင့် ၄ နှစ် ပြည့်ပြီ ဖြစ်တာကြောင့်ပြန်ထွက်သွားရန်ကိစ္စတွင် အရေးပေါ်ထုတ်ပြန် ထားတဲ့ ကာလဖြစ်နေတဲ့အတွက် မေလ ၁ ရက်နေ့မှစ၍ မေလ ၃၁ ရက်နေ့ ၂၀၂၀ ခုနှစ် ၎င်း၊ အထောက်အထားများကို ဘာမှပြုလုပ်ရန် မလိုဘဲအလိုအလျောက်သက်တမ်းတိုးပေးထားပါသည်။ .
၂၊ ယာယီနိုင်ငံကူးလက်မှတ် Border Pass ကိုင်ဆောင်ပြီး ဝင်လာတဲ့ ၂ နိုင်ငံသားဖြစ်ကြတဲ့ မြန်မာနှင့် ကမ္ဘောဒီးယား မေလ ၃၁ ရက်နေ့မတိုင်မီ အထောက်အထားသက်တမ်းကုန်ဆုံးပြီ ဖြစ်တာကြောင့် မေလ ၃၁ ရက်နေ့အထိကို အလိုအလျောက်နေထိုင် ခွင့်ပေးသွားပါမည်။ .
မှတ်ချက် အရေးပေါ်ကာလ (Carfew) ရုတ်သိမ်းသည့်နေ့မှစ၍ MOU လုပ်သား ၁၅ ရက်အတွင်းပြန်ထွက်သွားရမည်!! Border Pass ကိုင်ဆောင်သည့်သူများ ၎င်း အမိန့်ကို ရုတ်သိမ်းပြီးသည့် ၇ ရက်နေ့အတွင်း ပြန်ထွက်သွားရပါမည်!!
#Migrant_Reporter