Wednesday, May 06, 2020

ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ဦးထပ်မံတွေ့ရှိ ၁ဦးထပ်မံသေဆုံး



ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် တာဝီဆင် ဗီဆနူယိုသင်က အတည်ပြုလူနာ ၁ဦးထပ်မံတွေ့ရှိကြောင်း ယနေ့တွင် ပြောကြားသည်။

အဆိုပါ အတည်ပြုလူနာ ၁ဦးသည်  စမုပရာကန်ခရိုင်ရှိ ပြည်ပနိုင်ငံမှပြန်ရောက်လာသူများကို ထားရှိသည့်   Quarantine Center မှဖြစ်ကြောင်းသိရသည်။



ထိုင်းနိုင်ငံအတွင်း ကိုရိုဗိုင်းရပ်စ်စတင်တွေ့ရှိသည့် ဇန်နဝါရီလ ၁၂ရက်နေ့မှ မေလ၅ ရက်နေ့အထိ အတည်ပြုလူနာ ၂၉၈၉ဦးအထိတွေ့ရှိကာ ကျန်းမာရေးပြန်လည်းကောင်းမွန်လာသူ ၂၇၆၁ဦး၊ ဆေးရုံများတွင် ဆေးကုသမှုခံယူနေသူ ၁၇၃ဦးရှိကြောင်းသိရသည်။

နိုင်ငံအတွင်း ပထမဆုံးကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာကို ဘန်ကောက်မြို့၌ စတင်တွေ့ရှိခဲ့သလို ယနေ့ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၅၅ဦး အထိရှိခဲ့ကြောင်းသိရသည်။