Monday, May 11, 2020

အာရပ် - အစ္စရေး ( ၆ ) ရက် စစ်ပွဲ ( Six Day War ) ဒုတိယပိုင်း



(၁၉၆၇ ခုနှစ် ။ ဇွန်လ )

စစ်ပွဲအကြိုဖြစ်ရပ်များ

၁၉၆၇ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အင်္ဂလိပ်နှင့်အမေရိကန်တို့က အက္ကဘာပင်လယ်ကွေ့နှင့် ပတ်သက်၍ သင်္ဘောများ လွတ်လပ်စွာ သွားလာခွင့်ကို အီဂျစ်နိုင်ငံထံ တောင်းဆိုထားသည်။ ပင်လယ်ရေကြောင်းသွား နိုင်ငံ ၂၀ ကျော်ကလည်း ထောက်ခံတောင်းဆိုကြသည်။ ဝါရှင်တန်ရှိ အစ္စရေးသံရုံးကလည်း ဤအဆိုပြုချက်ကို ထောက်ခံကြောင်း ကြေငြာချက်တစ်စောင် ထုပ်ပြန်ခဲ့သည်။ အလားတူပင် သြစတြေးလျ / နယူးဇီလန် / နယ်သာလန် / ပြင်သစ်နှင့် ဆိုဗီယက်တို့ကလည်း ထောက်ခံကြသည်။

အစ္စရေးတို့ ကြေငြာချက်တွင် - - - -

၁။ အက္ကာဘာပင်လယ်ကွေ့ကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းလမ်း ဖြစ်သဖြင့် သင်္ဘောအားလုံးအတွက် ဖွင့်ပေးထားရန်။

၂။ ဤရေလက်ကြားသည် သင်္ဘောအားလုံး၏ လွတ်လပ်ပိုင်ခွင့်ဖြစ်ပြီး အပြစ်ကင်းစွာ သွားလာခွင့်ပေးရန် ။

၃။ နိုင်ငံအားလုံးနှင့် သက်ဆိုင်နေသော အခွင့်အာဏာဟု သတ်မှတ်ရန်။

အာရပ် - အစ္စရေး ( ၆ ) ရက် စစ်ပွဲ ( Six Day War ) ပထမပိုင်း


( ၁၉၆၇ ခုနှစ် ၊ ဇွန်လ )

ခေတ်သစ်စစ်သမိုင်းတွင် အချိန်အတိုးဆုံးစစ်ပွဲဖြစ်ပြီး အစ္စရေးနိုင်ငံစစ်စွမ်းရည်ကို ကမ္ဘာကတုန်လှုပ်ခဲ့ရသည့် စစ်ပွဲဖြစ်သည်။

#အာရပ်_အစ္စရေး_နောက်ခံသမိုင်း

ကမ္ဘာဦးကျမ်းလာအဆိုများ

လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်ကဖြစ်သည်။ အေဘရာဟင်၏ သားများဖြစ်ကြသော အစ်ရှ်မေယယ်နှင့် အစ်ဇာယယ် နှစ်ဦးမှတဆင့် အာရပ်နှင့် ဂျူ းလူမျိုးများ ဆင်းသက်ပေါက်ဖွားလာကြသည်။ အစ်ရှ်မေယယ်၏ မိခင်မှာ အီဂျစ်ကျွန်အမျိုးသမီးဖြစ်၍ ဖခင်နယ်မြေမှ နှင်ထုတ်ခံရသည်။ အစ်ရှ်မေယယ်သည် တောထဲတွင် နေထိုင်သွားရသည်။ ၎င်းမှတဆင့် ဆင်းသက် ပေါက်ဖွားလာသူများကို ဘီဒင်လူမျိုးစုဟု ခေါ်ဝေါ်ခဲ့ကြသည်။ ယနေ့ အာရပ်လူမျိုးများ၏ ဆင်းသက်ရာဟု ဆိုသည်။ အစ်ဇာယယ်မှ ပေါက်ဖွားလာသော လူမျိုးစုမှာ ဂျူ းလူမျိုးစု ၁၂ စု ပင်ဖြစ်သည်။ ၎င်းတို့အနက် ၂ စု မှာပျောက်ဆုံးနေသည်။ ထိုပျောက်ဆုံးနေသော လူမျိုးစု ၂ စု အနက် တစ်စုမှာ အင်္ဂလိပ်လူမျိုးများ ဖြစ်လာကြသည်ဟု ယုံကြည်ကြသည်။ တစ်စုကို တရုတ်ပြည်တွင် တွေ့ရသည်ဟုဆို၏။

၆နှစ်အရွယ်ကလေးငယ်အပါဝင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၆ဦးထပ်မံတွေ့ရှိ


ယနေ့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနသတင်းထုတ်ပြန်ချက်များ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၆ဦးထပ်မံတွေ့ရှိရာ အသက် ၆ နှစ်ကလေးတစ်ဦးပါဝင်ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် အသက်၆နှစ်အရွယ်ကလေးငယ်တစ်ဦးကို ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာအဖြစ် ပထမအကြိမ်တွေ့ရှိခြင်းဖြစ်ကာ ထိုကလေးငယ်သည် ထိုင်းနိုင်ငံတောင်ပိုင်း နာ့လာထီးဝါးခရိုင်၌နေထိုင်သူဖြစ်ပြီး ဆေးကုသမှုခံယူနေသည့် ဖခင်ဖြစ်သူကို သွားရောက်တွေ့ရာမှ ကူးစက်ခံရကြောင်းသိရသည်။

ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများ မြဝတီတံတား အမှတ် (၂)မှ ၄၄ ဦး ဆက်လက်ဝင်ရောက်


ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြဝတီမြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားမှ မေ ၁ ရက်ကစ၍ ပြန်လည်လက်ခံခဲ့ရာ ယနေ့တွင် ၄၄ ဦး ပြန်လည်ဝင်ရောက်လာ ခဲ့ကြောင်း သိရည်။

ကြီးကြပ်ဆောင်ရွက်
ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှု နှင့် အခြားသောလိုအပ်ချက်များကို ရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

Sunday, May 10, 2020

ထိုင်းမိုးလေဝသနဲ့ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်


ထိုင်းနိုင်ငံမိုးလေဝသဌာနက အင်အားပြင်း အပူပိုင်းမုန်တိုင်းတစ်ခုသည် ထိုင်းနိုင်ငံအတွင်းမေလ ၁၀ ရက်နေ့မှ ၁၃ ရက်အထိ ခရိုင် ၆၀တို့တွင် တိုက်ခတ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။

အဆိုပါဒေသတွင် နေထိုင်ကြသူများကို အပူပိုင်းမုန်တိုင်းတိုက်ခတ်ချိန်တွင် လေပြင်း မုန်တိုင်းတိုက် ခတ် မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများလုပ်ထားကြရန် နှိုးဆော်ထားကြောင်းသိရသည်။

Saturday, May 09, 2020

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ဦးအထိရှိလာ



ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၄ဦး ထပ်မံတွေ့ရှိကြောင်းကို ထိုင်းကျန်းမာရေးဝန်ကြီးဌာနကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနသတင်းထုတ်ပြန်ချက်များအရသိရသည်။

Friday, May 08, 2020

ထိုင်း၌ ပြည်ပမှာပြန်လာသူ ၈ဦးထံမှ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ



ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၈ဦးထပ်မံတွေ့ရှိကြောင်းကို ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရာဂါအခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာနသတင်းထုတ်ပြန်ချက်များအရသိရသည်။

အတည်ပြုလူနာ ၈ဦးအနက် အမျိုးသား၃ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း ရလာခရိုင်မှဖြစ်ပြီး မလေးရှားနိုင်ငံမှပြန်ရောက်လာသူဖြစ်ကြောင်း၊ ကျန် ၅ဦးသည်အမျိုးသမီးများဖြစ်ပြီး စုန်ခလာခရိုင် ဝင်မှုကြီးကြပ်ရေးဌာနရှိ Quarantine Center ဝင်နေသူများတို့ဖြစ်သည်။