Friday, October 30, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်၌ ကြိုတင်ဆန္ဒမဲပေး


နေပြည်တော်   အောက်တိုဘာ   ၂၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်   မဲဆန္ဒနယ်မှ    ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လျှို့ဝှက်ဆန္ဒမဲပေးပြီး ယာယီကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲ လက်မှတ်များကို ထည့်သွင်းသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နေပြည်တော်၌ ကြိုတင်ဆန္ဒမဲပေး

 


နေပြည်တော်   အောက်တိုဘာ   ၂၉

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ တာမွေမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများ အတွက် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးသည်။

Thursday, October 29, 2020

ဒီနေ့အတွက် ဒီအတွေး ၄


ဒီကနေ့မနက် ကျွန်မ ကြိုတင်မဲသွားပေးခဲ့ပါတယ်။ အခြားသူတွေဘယ်လိုနေမလဲတော့ မသိပါ။ ကျွန်မကတော့ မဲပေးရတာ စိတ်လှုပ်ရှားပါတယ်။ ကျွန်မ ရွေးကောက်ပွဲ (၃) ပွဲမှာ မဲပေးခဲ့ဖူးပါပြီ။ တစ်ကြိမ်သာ မဲရုံသွားပြီး အခြားပြည်သူတွေနဲ့အတူ မဲပေးခဲ့ရပါတယ်။ အဲဒါကလည်း အသက် (၇၀) ပြည့်ပြီးမှပါ။ ၂၀၁၅ ခုနှစ်ကပါ။

ပထမအကြိမ် မဲပေးခဲ့ရတာဟာ (၁၉၉၀)ခုနှစ်မှာပါ။ အကျယ်ချုပ်ကျနေစဉ် ကြိုတင်မဲ အိမ်မှာပဲ ပေးခဲ့ရပါတယ်။ မဲထည့်စရာ NLD က ကိုယ်စားလှယ် ကျွန်မတို့မြို့နယ်အတွက် မရှိတော့၊ မဲတွေမကွဲသွားအောင် ပါတီကသတ်မှတ်တဲ့ အခြားပါတီကိုယ်စားလှယ်ကိုသာ မဲပေးခဲ့ရပါတယ်။ တာဝန်ကျေပြီဆိုတဲ့စိတ်နဲ့ ကျေနပ်ရပါတယ်။

Tuesday, October 27, 2020

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ မြန်မာနိုင်ငံသား၂ဦး မူးယစ်ဆေးဝါးနဲ့အတူဖမ်းဆီးရမိ


မြန်မာနဲ့ထိုင်းနှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ကန်ချဘူရီခရိုင် စံခဘူရီမြို့နယ် နောင်လုကျေးရွာ အုပ်စု ၃ တွင် ပြီးတဲ့ တနင်္လာနေ့ မွန်းလွဲ ၃.၃၀နာရီခန့်မှာတရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြတဲ့ အသက် ၃၃နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားနှစ်ဦးကို  ကင်းလှည့်နေတဲ့ ထိုင်းစစ်သားများက ကြံခင်တစ်ခုအတွင် ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပိုစ့်သတင်းစာက ဖော်ပြထားပါတယ်။

Wednesday, October 21, 2020

ဘက်လိုက်ခွင့်လေးရှိပါရစေ

 


ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာ မြန်မာနိုင်ငံအတွက် နှစ်ခါပြန်မေးစရာမလိုတဲ့ နိုင်ငံရေး မျှော်မှန်းချက်ဖြစ်ပါတယ်။

ဒီခရီးရှည်ကို လျှောက်တဲ့အခါ နည်းလမ်းအမျိုးမျိုးရွေးကြသူတွေထဲမှာ ပြည်သူမနာဆုံး နည်းလမ်းကို ရွေးချယ်တဲ့ ပါတီအစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကို အားပေးထောက်ခံကြရမယ်ဆိုတာ ကျိုးကြောင်း ဆီလျော်တဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် ပြည်သူမနာဆုံးနည်းကို ရွေးတဲ့ခေါင်းဆောင်၊ ပါတီဖက်ကို အပြတ်ဘက်လိုက်ကြဖို့ပါပဲ။

Tuesday, September 29, 2020

ဒီနေ့အတွက်၊ ဒီအတွေး ၃

ဒီလိုအချိန်မှာ နိုင်ငံအတွက်၊ ပြည်သူတွေအတွက် ဘယ်လိုစကားတွေ ပြောသင့်လဲဆိုတာ အမြဲစဉ်းစားရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ လာမည့် အထွေထွေရွေးကောက်ပွဲအကြောင်းနဲ့၊ လက်ရှိအခြေအနေအရ အလွန်အရေးကြီးတဲ့ Covid ရောဂါကိစ္စ အကြောင်း၊ ဒီအကြောင်းနှစ်ခုလုံးကို အလေးထားရပါတယ်။ 

ဘယ်အကြောင်းပဲပြောပြော၊ ကျိုးရှိမှန်ကန် သူခံသာတဲ့ စကား ပြောနိုင်ဖို့ ကြိုးစားပါတယ်။ တစ်ခါတစ်ရံတော့လည်း လိုအပ်တယ်လို့ သုံးသပ်ပြီး အချို့အတွက် မခံသာစရာ စကားတွေလည်း ပါသွားပါတယ်။ 

ပထမဦးဆုံး ဒီအချိန်မှာ ဘယ်လိုစကားတွေက အကျိုးရှိမလဲလို့ စဉ်းစားပါတယ်။ ပြည်သူတွေ နှလုံးစိတ်ဝမ်းအေးချမ်းစေမည့် စကားတွေလို့ ခေါင်းထဲဝင်လာပါတယ်။ ကျွန်မအတွက်ပဲဖြစ်ဖြစ် အခြားသူတွေအတွက်ပဲဖြစ်ဖြစ် အကောင်းဆုံး ဆုတောင်းကတော့ “နှလုံးစိတ်ဝမ်းအေးချမ်းပါစေ”ပဲလို့ ကျွန်မယုံကြည်ပါတယ်။ 

Friday, September 25, 2020

ဒီနေ့အတွက်၊ ဒီအတွေး (၁)



“ပြည်သူ” ဆိုတာ ကျွန်မအတွက် တစ်ယောက်လို့လည်း ပြောလို့ရတယ်၊ သောင်း၊ သိန်း၊ သန်း ချီတယ်လို့လည်း ပြောလို့ရတယ်။ 

တစ်ယောက်ထဲပြောရမယ်ဆိုရင်၊ ဧရာဝတီကမ်းဘေးမှာ (၁၉၈၈ - ၈၉) လောက်က တွေ့ခဲ့တဲ့ ရေလုပ်သား။ သူ့ရဲ့လှေနားမှာ။ ကျွန်မကိုမြင်တော့ ပြောတယ်၊ “ဒေါ်အောင်ဆန်းစုကြည်၊ ကျွန်တော်တို့ ဗမာတွေ ဆင်းရဲပါတယ်” တဲ့။ မျက်နှာက တည်တည်ငြိမ်ငြိမ်၊ သူဘာဆိုလိုတယ်ဆိုတာ ကျွန်မ နားလည်မယ်လို့ ယုံကြည်စိတ်ချပြီးသား။