မြန်မာနဲ့ထိုင်းနှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ကန်ချဘူရီခရိုင် စံခဘူရီမြို့နယ် နောင်လုကျေးရွာ အုပ်စု ၃ တွင် ပြီးတဲ့ တနင်္လာနေ့ မွန်းလွဲ ၃.၃၀နာရီခန့်မှာတရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြတဲ့ အသက် ၃၃နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားနှစ်ဦးကို ကင်းလှည့်နေတဲ့ ထိုင်းစစ်သားများက ကြံခင်တစ်ခုအတွင် ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပိုစ့်သတင်းစာက ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာနှစ်နိုင်ငံသားနှစ်ဦးထံက ရေခဲ(ရာအိုက်စ်)၃.၂ဂရမ်းနဲ့နောက်တစ်ဦးမှာ စိတ်ကြွရူးသွပ်ဆေး ၃ပြားတို့ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
စောမောင်( အလုပ်သမားဟစ်တိုင်_☭)