
ထိုင်းနိုင်ငံ၏ ပထမဆုံး လျှပ်စစ်မော်တော်ဘုတ် (၂)စင်းကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီးဘန်ကောက်မြို့အနီးရှိ ကျောက်ဖယာမြစ်အတွင်း ၂၀၂၁ခုနှစ်၌ စတင်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။
ခရီးစဉ်အနေဖြင့် ဘန်ကောက်မြို့ ဆာထော်မြို့နယ်မှ နွန်ထဘူရီခရိုင် ပါကတ်မြို့နယ်ကို ပြေးဆွဲမည်ဖြစ်ကာ ခရီးသွားကြာမြင့်ချိန် ၁နာရီခန့်သာကြာမြင့်မှာဖြစ်ပြီး ခရီးသည် (၂၀၀)အထိ လိုက်ပါနိုင်မှာဖြစ်ကြောင်းသိရသည်။







