Tuesday, July 21, 2020

မြန်မာအလုပ်သမားတစ်ဦး မိမိကိုယ်ကိုအဆုံးစီးရင်း

 

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် ဘန်ထိုလနယ်မြေ ဘန်ခေါင်ဆူးလမ်းခြံနံပါတ် ၅/၉ရှိ နေအိမ်တန်းလျားတစ်ခုတွင် မြန်မာအလုပ်သမားအမျိုးသား မောင်ချစ်ကိုကို(၂၀နှစ်)သည် ယမန်နေ့ ည ၇နာရီအချိန်ခန့် တွင် နေထိုင်ရာအခန်း၌ မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

သေဆုံးသူနှင့်အခန်းဖော်၃ဦးတို့သည် အခင်းဖြစ်ပွားသည့် အခန်းအားငှားရမ်နေထိုင်သည်မှာ ၂နှစ်ခန့်ရှိပြီးဖြစ်ကာ ယမန်နေ့တွင် အတူအခန်းဖော်များသည် အလုပ်မှပြန်လာပြီး အချိန်အတန်ကြာ အခန်းတံခါး
ခေါက်ရာ ထူးခြားမှုရှိသဖြင့် အခန်းအနောက်ဘက်မှကြိုးစားဝင်ရောက်ခဲ့ရကြောင်းသိရသည်။

Sunday, July 19, 2020

ပုံစံ၁၅လျှောက်ထာမှုဖြင့်ပက်သက်၍ ပအိုဝ်အမျိုးသားများ တွေ့ဆုံပွဲကျင်းပ

 


၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့၌ ကျင်းပပြုလုပ်မည့်အထွေထွေရွေးကောက်ပွဲ၌ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအလုပ်သမားများအနေဖြင့် ဆန္ဒမဲပေးခွင့်ရရှိစေရန် လူမှုအဖွဲ့စည်းများ တသီးပုဂ္ဂလတတ်ကြွသူများကဆောင်ရွက်လျက်ရှိပါသည်။




Wednesday, July 15, 2020

ဘန်ဘူထောင်နယ်မြေရှိ နိုင်ငံခြားအလုပ်သမားများကိုစစ်ဆေး

 

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီရေးနှင့် တရားမဝင်အလုပ်သမားပပျောက်ရေးစီးမံချက်များအရ နွန်ထဘူရီခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန၊ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်အလုပ်သမားဦးဌာန၊မြို့နယ်အုပ်ချုပ်အဖွဲ့၊ကျန်းမာရေးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည်ယမန်နေ့က ဘန်ဘူထောင်နယ်မြေ ဝီခစ်ကျေးရွာရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

နိုင်ငံခြားသားများအလုပ်သမားများကို ရေခဲမုန့်လှည့်လည်ရောင်းချအားခွင့်မပြု

 

ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ဘေးတွဲဆိုင်ကယ်များ လက်တွန်းလှည်းများနှင့် ရေခဲမုန့်ရောင်းချခြင်းကို ခွင့်မပြုကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် 
Mr. Suchat Phonchaiwisetkunက ပြောသည်။

ထိုသို့ ရေခဲမုန့်လှည့်လည်ရောင်းချကြသည့် ဒေသများမှာ စမွတ်ဆာခွန်၊ပထုန်ဌာနီ၊ စမွတ်ပုရာကန်၊ဖူးခက်၊ဆူရတ်ဌာနီ။စုန်ခလာ၊ချင်းမိုင်၊စသည့်ဒေသများအပါဝင်ဘန်ကောက်မြို့တွင် ဝှေ့ခွမ်နှင်စူခူဝီမြို့နယ်တို့၌ အများဆုံးတွေ့ရကြောင်း  ယခုလို လုပ်ကိုင်နေသည်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ပြဌာန်းထား
သည် နိုင်ငံခြားသားအလုပ်သမားများလုပ်ကိုင်ရန် တားမြစ်ထားသည့် အလုပ်ကိုင်ဖြင့်သဖြင့် ယင်းတို့အနေဖြင့် ဥပဒေပြဌာန်းချက်များကို လေးစားလိုက်နာသင့်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

Tuesday, July 14, 2020

အထောက်ထာမဲ့ မြန်မာအလုပ်သမားများဖမ်းဆီးရမိ

 

ယနေ့(၁၄.၇.၂၀၂၀) နေ့လယ် ၁၁နာရီအချိန်ခန့်တွင် ကန်ချနဘူရီခရိုင် စံခဘူရီမြို့ ဖရာ့ဖါမြို့နယ် လိလီယမ်ဘုရားကျောင်းတွင်း ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသားအလုပ်သမား ၁၂ဦး(ကျား ၁၀၊မ၂)ဦးတို့ကို ဖမ်းဆီးရမိကြောင်းသိရသည်။

ခွန်ခန်ရပ်ကွက်တွင်း တရားမဝင်အလုပ်သမားကို ဝင်ရောက်စစ်ဆေး



ယနေ့ (၁၄.၇.၂၀၂၀) နံနက် ၇နာရီအချိန်က ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မဟာချိုင်မြို့ ခွန်ခန်ရပ်ကွက်ရှိ မြန်မာအလုပ်သမားများကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနအပါဝင်ဌာနဆိုင်ရာများက ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

Saturday, July 11, 2020

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၆ဦးအဖမ်းခံရ

 

ထိုင်းနိုင်ငံ ပကျွတ်ခီလီခမ်ခရိုင် မေ(င်)နယ်မြေ ၊ခလောင်ဝမ်းမြို့နယ်၊ချောင်စင်ခွန်ကျေးရွာ အုပ်စု(၆)တွင် ယနေ့(၁၁.၇.၂၀၂၀) နံနက်(၁)နာရီအချိန်၌ တရားမဝင်နယ်မြေဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာအလုပ်သမား(၆)ဦးကို ဖမ်းဆီး၇မိကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပေါ်နေသည့်ကာလအတွင်း ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ဝင်ရောက်မှုများမဖြစ်ပေါ်စေရန် ပကျွတ်ခီလီခမ်ခရိုင်၌ သံဆူးကြိုးများကားရံထားရှိသောလည်း ယခုဖမ်းဆီးရမိသည့် တရားမဝင်နယ်မြေဖြတ်ကျော်ဝင်ရောက်သူများသည် ညသန်းခေါင်းယံအချိန်များတွင် ဖြတ်ကျော်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။