Thursday, October 07, 2021

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာ ၄၉ ဖမ်းဆီးခံရ

 
ကန်ချဘူရီ ၊ အောက်တိုဘာ ၅ ၂၀၂၁ ၊ အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲချိန်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၉ ဦး တို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။

ဖမ်းဆီးရမိသည့် အခြေနေများနှင့်ပက်သတ်ပြီး မွန်လွဲ ၂ နာရီအချိန်ခန့်တွင်  စံခဘူရီမြို့ နောင်လုမြို့နယ်တွင် မြန်မာနိုင်ငံသား၄၀ ဦး ( ကျား ၂၂ ၊ မ ၁၈ ) ဦးနှင့် မွန်လွဲ ၂ နာရီခွဲခန့်တွင် နောက်ထပ် ၉ ဦး ( ကျား ၄ ၊ မ ၅) တို့ကို ဘန်ကောင်မြို့နယ်များတွင် အသီးသီးဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူ ၂၁ ဦး အဖမ်းခံရ

 


အောက်တိုဘာ ၆ ၂၀၂၁ ၊ ကန်ချနဘူရီ ၊ အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံအတွင်း အထောက်ထားမဲ့အလုပ်သမားများကို ပန်းရောင်ကတ်ပြုလုပ်ပေးမည်ဟု ထိုင်းအလုပ် သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပြီးသည့်နောက် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများ နေ့စဉ် အဖမ်းခံရလျက်ရှိကြောင်းသိရသည်။


Monday, October 04, 2021

မြန်မာ - ထိုင်းနယ်စပ် စံခရဘူရီမှာ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ထိုင်းလုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိ


မြန်မာ - ထိုင်းနယ် ကန်ချနဘူရီခရိုင် စံခရဘူရီမြို့နယ်ထဲမှာ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ နယ်မြေခံထိုင်းစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

မနေ့ အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြန်မာ ထိုင်းနယ်စပ်ကနေတစ်ဆင့် ထိုင်းနိုင်ငံ စခံရဘူရီထဲကိုတရားမဝင်ဝင် ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၀ ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ 

“ချင်းမိုင်ခရိုင် ဖန် ရွာအဆုံးမှာရှိတဲ့ ဥယျာဉ်ခြံတစ်ခုအတွင်း ရောက်ရှိလာတဲ့ တရားမဝင်အလုပ်သမား ၁၅ ဦး ဖမ်းဆီးခံရ”



၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ၊ ၄ ရက်နေ့မှာ ကျေးရွာအကြီးအကဲတွေနဲ့ ကျေးရွာလုံခြုံရေး ကင်းလှည့်အဖွဲ့တို့က ချင်းမိုင်ခရိုင်၊ ဘန် လူအန် ကျေးရွာအုပ်စု(၅)၊ မဲ့ငူဖန် ခရိုင်၊ မဲ့ငူကျေးရွာ အဆုံးမှာရှိတဲ့ အသီးဥယျာဉ်ခြံဧရိယာကို စစ်ဆေးခဲ့ပါတယ်။ အဆိုပါဥယျာဥ်ထဲမှာ တရားမဝင် ဝင်ရောက်လာခဲ့တဲ့ အသက် ၁၅ နှစ်နှင့် ၃၀ နှစ်ကြား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၇ ဦးတို့ကို ရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ ၎င်းအလုပ်သမားတွေဟာ မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းလာသူတွေဖြစ်တယ်လို့ သိရပါတယ်။ 

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာ ၁၄ဦးအဖမ်းခံရ

 


ထိုင်းမြန်မာနယ်စပ်အနီး တာ့ခ်ခရိုင် မဲ့ရတ်မနယ်မြေ   ဟွေ့ခါသစ်ကျေးရွာအတွင်း နယ်စပ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့်စစ်သားများပါဝင်သည့်  ပူးပေါင်းအဖွဲ့က ကင်းလှည့်နေစဉ် ဝါးတောထဲ ပုန်းအောင်းနေသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့်မြန်မာအမျိုးသား ၁၄ ဦး ( ကျား ၆၊ မ ၈)တို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ပကျွတ်ခီလီခမ်ခရိုင်တွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၈ဦးအဖမ်းခံရ

 

ထိုင်းမြန်မာနယ်စပ်အနီးရှိ ပကျွတ်ခီလီခမ်ခရိုင်တွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၅၈ ဦး နှင့် လမ်းပြခေါ်ဆောင်လာသူ၂ ဦးနှင့် ကား၁စီးတို့ကို အောက်တိုဘာလ ၃ရက်နှင့် ၄ရက်နေ့တို့တွင်း သီးခြားဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်၏ သတင်းထုတ်ပြန်များအရသိရသည်။

Sunday, October 03, 2021

ရွှေတိဂုံစေတီတည်ထားနေသည့် ဓာတ်ပုံမှတ်တမ်းများ

 


ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ မူစီရပ်ကွက်အတွင်းရှိ ဝပ်ထစ်ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားကိုးကွယ်ပူဇော် ရန် ရွှေတိဂုံပုံတူစေတီတော်မြတ်ကြီးအား တည်ဆောက်လျက်ရှိရာ ယနေ့( ၃.၁၀.၂၀၂၁) တနင်္ဂနွေနေ့တွင် မြန်မာအလုပ်သမားများ လာရောက်လုပ်အားပေးသည့် မြင်ကွင်းများ(ဓာတ်ပုံ)