Tuesday, November 10, 2020

မဲတစ်ပြားအတွက် ဇွဲလုံ့လ

ရွေးကောက်ပွဲမကျင်းပမီ ၈ နာရီ ခန့်အလို နိုဝင်ဘာ ၇ ရက် ည ၁၀ နာရီဝန်းကျင်

ထနောင်းပင်တန်းတွေ၊ ထန်းတောတွေနဲ့ သာသာယာယာရှိလှတဲ့ တံတားဦး-မြို့သာ လမ်းဟာ ညဉ့်နက်ချိန်မှာတော့ လမ်းမီးမရှိဘာမရှိနဲ့ ချောက်ချားစရာကောင်းနေ တယ်။ ဒီကြားထဲ သီတင်းကျွတ်လပြည့်ကျော် ၇ရက်နေ့မို့ ကောင်းကင်မှာ လတောင်မမြင်ရဘူး။ အဲဒီ မှောင်မည်းတိတ်ဆိတ်နေတဲ့ တံတား ဦး-မြို့သာလမ်းပေါ်မှာ အမျိုးသားနှစ်ယောက် ကိုယ့်ခြေထောက်တောင် ကိုယ်မသယ်နိုင်တော့တဲ့ မျက်နှာတွေနဲ့ တစ်လှမ်း ချင်း လျှောက်လာနေတယ်။ နှာ ခေါင်းစည်းကိုယ်စီနဲ့ မျက်လုံးတွေကလည်း အားနည်းဖျော့တော့နေပြီ။ ‘‘မြို့သာရောက်တော့မယ်။ အားတင်းထား ငါ့တူရေ’’ လို့ အသက် (၄၀)ကျော် အမျိုးသားက သူ့ဘေးက အသက် (၂၀)ကျော် လူငယ်လေးကို အားပေးလိုက်တယ်။ လူငယ်လေးကပြုံးရင်း ခေါင်းညိတ်တယ်။ ဒီဇာတ် လမ်းက အဲဒီလူငယ်လေးကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။

အဲဒီလူငယ်လေးနာမည်က မောင်ကျော်သိန်းလို့ ခေါ်ပါတယ်။ အသက်က (၂၄)နှစ်ရှိပါပြီ။ သူကမန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့သာဇာတိပါ။ သူ့ဘေးက လူကတော့ ကိုအောင်ခင်လို့ ခေါ်ပါတယ်။ အသက်ကတော့ (၄၀)ကျော်ပါပြီ။ ကိုအောင်ခင်ကတော့ မြို့သာဇာတိမဟုတ်ပါဘူး။ မတ္တရာနယ်ဘက်ကပါ။ မောင်ကျော်သိန်းရဲ့အဒေါ်နဲ့ ကိုအောင် ခင်က လင်မယားပါ။ စပ်မယ်ဆို တူဝရီးသဘောမျိုးပေါ့။

Tuesday, November 03, 2020

သဲပုံစေတီပွဲ ဓလေ့


မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် တပေါင်းလ သဲပုံစေတီပွဲဟု ဖော်ပြထားသည့်အတိုင်း တပေါင်းလတွင် ဗုဒ္ဓဘုရားရှင်ကို ရည်မှန်းလျက် သဲများဖြင့်  စေတီတည်ကာ ပူဇော်သည့်ထုံးတမ်းသည် အလွန်ထင်ရှားခဲ့သည်။ ယခုအချိန်တွင် သဲပုံစေတီပွဲကျင်းပသည့် မြန်မာ့ယဉ်ကျေးမှုဓလေ့သည် နည်းပါးခဲ့ပြီဖြစ်သည်။

သို့တိုင်အောင် ရှေးအခါက တည်ထားခဲ့သည့် သဲပုံစေတီများကို မန္တလေး မြို့နှင့် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ၊ နေရာဒေသအချို့၌ ယခုတိုင် ဖူးမြင် နိုင်ကြသည်။ ယင်းတို့အနက် မန္တလေးမြို့၌ သဲပုံစေတီများသည် ရွှေတချောင်း ၏အရှေ့ဘက်ခြမ်းတွင်  ငါးဆူနှင့်  အနောက်ဘက်ခြမ်းတွင် တစ်ဆူတည်ရှိ  သည်။ ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်၊ စမ်းချောင်း၊ တွံတေး စသည့် မြို့နယ်များ၊မွန်ပြည်နယ်၊ သထုံ၊ မော်လမြိုင် စသည့် မြို့နယ်များနှင့် ကျိုက္ခမီ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အပါအဝင် နေရာ ဒေသများစွာ ၌ သဲပုံစေတီများကို တွေ့ရှိနိုင်ကြပေသည်။


Friday, October 30, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်၌ ကြိုတင်ဆန္ဒမဲပေး


နေပြည်တော်   အောက်တိုဘာ   ၂၉

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်   မဲဆန္ဒနယ်မှ    ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လျှို့ဝှက်ဆန္ဒမဲပေးပြီး ယာယီကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲ လက်မှတ်များကို ထည့်သွင်းသည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နေပြည်တော်၌ ကြိုတင်ဆန္ဒမဲပေး

 


နေပြည်တော်   အောက်တိုဘာ   ၂၉

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ တာမွေမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများ အတွက် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးသည်။

Thursday, October 29, 2020

ဒီနေ့အတွက် ဒီအတွေး ၄


ဒီကနေ့မနက် ကျွန်မ ကြိုတင်မဲသွားပေးခဲ့ပါတယ်။ အခြားသူတွေဘယ်လိုနေမလဲတော့ မသိပါ။ ကျွန်မကတော့ မဲပေးရတာ စိတ်လှုပ်ရှားပါတယ်။ ကျွန်မ ရွေးကောက်ပွဲ (၃) ပွဲမှာ မဲပေးခဲ့ဖူးပါပြီ။ တစ်ကြိမ်သာ မဲရုံသွားပြီး အခြားပြည်သူတွေနဲ့အတူ မဲပေးခဲ့ရပါတယ်။ အဲဒါကလည်း အသက် (၇၀) ပြည့်ပြီးမှပါ။ ၂၀၁၅ ခုနှစ်ကပါ။

ပထမအကြိမ် မဲပေးခဲ့ရတာဟာ (၁၉၉၀)ခုနှစ်မှာပါ။ အကျယ်ချုပ်ကျနေစဉ် ကြိုတင်မဲ အိမ်မှာပဲ ပေးခဲ့ရပါတယ်။ မဲထည့်စရာ NLD က ကိုယ်စားလှယ် ကျွန်မတို့မြို့နယ်အတွက် မရှိတော့၊ မဲတွေမကွဲသွားအောင် ပါတီကသတ်မှတ်တဲ့ အခြားပါတီကိုယ်စားလှယ်ကိုသာ မဲပေးခဲ့ရပါတယ်။ တာဝန်ကျေပြီဆိုတဲ့စိတ်နဲ့ ကျေနပ်ရပါတယ်။

Tuesday, October 27, 2020

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ မြန်မာနိုင်ငံသား၂ဦး မူးယစ်ဆေးဝါးနဲ့အတူဖမ်းဆီးရမိ


မြန်မာနဲ့ထိုင်းနှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ကန်ချဘူရီခရိုင် စံခဘူရီမြို့နယ် နောင်လုကျေးရွာ အုပ်စု ၃ တွင် ပြီးတဲ့ တနင်္လာနေ့ မွန်းလွဲ ၃.၃၀နာရီခန့်မှာတရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြတဲ့ အသက် ၃၃နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားနှစ်ဦးကို  ကင်းလှည့်နေတဲ့ ထိုင်းစစ်သားများက ကြံခင်တစ်ခုအတွင် ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပိုစ့်သတင်းစာက ဖော်ပြထားပါတယ်။

Wednesday, October 21, 2020

ဘက်လိုက်ခွင့်လေးရှိပါရစေ

 


ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာ မြန်မာနိုင်ငံအတွက် နှစ်ခါပြန်မေးစရာမလိုတဲ့ နိုင်ငံရေး မျှော်မှန်းချက်ဖြစ်ပါတယ်။

ဒီခရီးရှည်ကို လျှောက်တဲ့အခါ နည်းလမ်းအမျိုးမျိုးရွေးကြသူတွေထဲမှာ ပြည်သူမနာဆုံး နည်းလမ်းကို ရွေးချယ်တဲ့ ပါတီအစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကို အားပေးထောက်ခံကြရမယ်ဆိုတာ ကျိုးကြောင်း ဆီလျော်တဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် ပြည်သူမနာဆုံးနည်းကို ရွေးတဲ့ခေါင်းဆောင်၊ ပါတီဖက်ကို အပြတ်ဘက်လိုက်ကြဖို့ပါပဲ။