Saturday, May 09, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၅)


 ငွေကုန်မှ ကောင်းတယ်ထင်ကြတာ


၁၀။ ခြေတစ်ဖက် ဆာနေသူ
ဦးဘကျော်သည် ပင်ကိုယ်စိတ်ရင်းကောင်းသူလည်းဖြစ်၊ မန္တလေးအမျိုးသားကျောင်းထွက်လည်းဖြစ်သောကြောင့် မြန်မာမှုကို အားပေးသည်။ အမျိုးသားစိတ်လည်း ပြင်းထန်သည်။ တစ်မျိုးသားလုံးကို ကျန်းကျန်းမာ မာဖြစ်စေချင်သူဖြစ်သည်။ သွားလေရာ ရောက်လေရာတွင် အယုတ်အလတ် အမြတ်မရွေး လေးလေး စား စား။ သူသိထားသမျှ ကျန်းမာရေး နည်းကောင်းများကို ဖောက်သည်ချ ပြောလေ့ရှိပါသည်။

စာရေးသူသည် အုန်းမှုတ်ခွက်နင်း ရောဂါကင်း စာအုပ်ရေးသား ထုတ်ဝေရေးအတွက် မကွေးမှ မန္တလေးသို့ ခုနှစ်ခေါက်မျှ ဦးလေး ဦးဘကျော်ထံ သွားခဲ့ပါသည်။ သေချာကျနစွာ မှတ်သားရပါသည်။ ဦးလေးဦးဘကျော် ပြောပြသည်မှာ......

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၄)


၇။ အနှိပ်တော်
ရှေးက အကြောပြင်အတတ်ပညာ ကောင်းစွာတတ်ကျွမ်း နားလည်သူများရှိခဲ့ကြပါသည်။ နင်းခြင်း၊ နှိပ်ခြင်း
ဖြင့် ရောဂါဘယ ကင်းစင်စေခဲ့၏။ ထို့ကြောင့် ကုန်းဘောင်ခေတ်၊ ဘိုးတော်မင်း တရားလက်ထက်မှ အစ
ပြု၍ မင်းတုန်းမင်းလက်ထက်အထိ ၎င်းပညာရပ်များ ထွန်းကားခဲ့သည်ဟု ရာဇဝင် အထောက်အထားများ အရသိကြရပါသည်။ ရှေးဘုရင်များ အနင်း-အနှိပ် ကျွမ်းကျင်သူများကို “အနှိပ်တော်” ရာထူး များပေးကာ ချီးမြှင့်မြှောက်စားခဲ့ကြသည်ဟု ဆိုပါသည်။

သို့သော် “တစ်ဦးကောင်း ပညာသေရွာပါ” ဆိုသလို ဆင့်ပွားပညာပေးခဲ့ခြင်းများ နည်းပါးလှ ပါသောကြောင့် (တတ်ကျွမ်းသည့် ပညာများလျှို့ဝှက်ထိန်ချန် ဆရာစားချန်ခဲ့ကြဟန်တူပါ၏။) တစ်စတစ်စတိမ်ကောပပျောက် လာခဲ့ပါတော့သည်။ပြီးတော့ စစ်ပြီးခေတ်တွင် နင်းကြသူ နှိပ်ကြသူများမှာ တကယ်တတ်ကျွမ်းသူနည်းပါး လာပြီး ယင်းအလုပ်ကို ဘိန်းစားများ နေရာယူလာပါသည်။ အနှိပ်သည်ဆိုသည် မှာ အောက်တန်းစား အ လုပ်ဟု အထင်အမြင် သေးလာပါသည်။ ထို့ကြောင့် အကြောနားလည်သူများ ပါးရှားခဲ့ကြပါသည်။

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၃)




စာရေးသူ၏အမှာစကားနှင့် နိဒါန်း(မကွေးဝင်းမြင့်)

၅။ စာရေးသူ၏ အမှာစကား
စာရေးသူသည် မကွေးတိုင်း အားကစားမှူး ဦးတင်ထွဋ်နှင့် အတူ ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင် ဝင်းအတွင်း တစ်လနီးပါးမျှ နေထိုင်ခဲ့ဖူးပါသည်။ ထိုစဉ်က တိုင်းနှင့် ပြည်နယ် လက်ဝှေ့အသင်းများ စုံစုံညီညီ
ရောက်ခိုက် ညတိုင်း သူ့အခန်းကိုယ်သွား၊ ကိုယ့်အခန်းသူလာ ရောက်တတ်ရာရာထွေရာလေးပါး ပြောကြ ဆိုကြ၊ ငြင်းကြ ခုံကြရင်း ကျန်းမာရေးအကြောင်းများလည်း တစ်ယောက်၏ ဗဟုသုတတစ်ယောက်ယောက်
ကို ဖောက်သည်ချကြပါသည်။

ကျွန်တော်တို့ နှစ်ယောက်တည်းသာ သီးသန့်နေထိုင်သော မိုးလုံလေလုံ အားကစား အဆောက်အအုံကြီး
 မြောက်ဖက်တွင်ရှိသော အခန်းကလေးထဲသို့ ညတိုင်းလိုလို ရောက်ရှိလာလေ့ရှိသူကတော့ မန္တလေး လက်ဝှေ့ အသင်းကို အုပ်ချုပ်လာသူ ဦးဘကျော် ဖြစ်ပါသည်။

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၂)


အုန်းမှုတ်ခွက်ဂယက်
(ဦးလေးကြီး ဦးတင်မောင်)
“အုန်းမှုတ်ခွက်နင်း ရောဂါကင်း ” ဆောင်းပါးကို သင့်ဘဝမဂ္ဂဇင်းတွင် စာရေးသူ ထည့်သွင်းဖော်ပြခဲ့စဉ်က အချက်နှစ်ခုကို စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချခြင်း ဖြစ်ပါသည်။

မဆုံးဖြတ်မီ စဉ်းစားရသည့် ပထမအချက်မှာ “ အုန်းမှုတ်ခွက်နင်း ဆောင်းပါးသည် ပရိသတ်အတွက် အကျိုး ရှိနိုင်မည်လားဟူ၍ ဒုတိယအချက်မှာ အကျိုးမရှိစေအုံးတော့ အပြစ်ဖြစ်နိုင်မည်လား ဟူ၍ ဖြစ်ပေသည်။


အုန်းမှုတ်ခွက်နင်း ဆောင်းပါးကို ဖတ်ကြည့်သောအခါ ဤမျှ လွယ်ကူသော လေ့ကျင့်ခန်းဖြင့် ထိုမျှ ခက်ခဲ
သောရောဂါများကို ပျောက်ကင်းစေနိုင်သည်ဟု ညွန်ပြခြင်းမှာ ပြုံးချင်စရာ ဖြစ်သည် မှန်သော်လည်း မကွေး ဝင်းမြင့် တင်ပြပုံက ကောင်းနေသည်။ထို့ပြင် အုန်းမှုတ်ခွက်နင်းရန် နည်းပေးသူကလည်း မန္တလေး လက်ဝှေ့ အသင်းကို အုပ်ချုပ်ကာ ရန်ကုန်သို့ လိုက်ပါလာသူ ဦးဘကျော် ဖြစ်နေသည်။ ဦးဘကျော်ကား ကွယ်လွန်သူ အများသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇာတ်၏ ညီအရင်းပေတည်း။

ဦးဘကျော်ကိုယ်တိုင်ကလည်း ကျန်းမာရေး ကောင်းပြီး ဖျတ်လတ်နေသည့်အပြင် သူလိုက်ပြသော စာပေ၊ ရုပ်ရှင်နှင့် အနုပညာလောကတို့မှ အုန်းမှုတ်ခွက် နင်းနေသူများမှာလည်း ကျန်းမာရေးကောင်းလျှက်ပင် ရှိနေကြသည်ဟု မျှော်လင့်ထားခဲ့သည်။

အကယ်၍ မျှော်လင့်ထားသည့်အတိုင်း အကျိုးမရှိသည့်တိုင် အပြစ်ဖြစ်နိုင်မည်လားဟု ချိန်ဆကြည့်သော အခါမှာလည်း ဘာမှ အပြစ်မဖြစ်နိုင်ဟု အဖြေရသောကြောင့် သင့်ဘဝမဂ္ဂဇင်း၌ ဖော်ပြလိုက် ရခြင်း ဖြစ်ပေ သည်။

ယင်းသို့ ဖော်ပြလိုက်သော ၁၉၆၇ ခု စက်တင်ဘာလမှ စတင်ရိုက်ခတ်ခဲ့သည့် အုန်းမှုတ်ခွက်ဂယက်သည်
 နှစ်လအကြာတွင် စာအစောင် တစ်ရာ့ ငါးဆယ်မျှကို ဆောင်းပါးရှင် မကွေးကိုဝင်းမြင့်လက်သို့ ရောက်
 ရှိစေ ခဲ့လေသည်။ထိုစာများနှင့်တကွ မြစ်ကြီးနား၊ မော်လမြိုင် ဟင်္သတ စသည်တို့သို့ လူကိုယ်တိုင် ရောက်
 ရှိ ပြောကြားသွားသူတို့၏ ပယောဂကြောင့် “ အုန်းမှုတ်ခွက်နင်း ရောဂါကင်း ” စာအုပ်ငယ် ဖြစ်မြောက်ရေး အတွက် ကိုဝင်းမြင့် လုပ်ငန်းစရတော့သည်။

သတင်းထောက်လည်းဖြစ်၊ စာရေးဆရာလည်း ဖြစ်သော၊ မကွေးကိုဝင်းမြင့်ကား အချက်အလက်များ ရရှိ မည်ဆိုပါက မည်သူနှင့်မဆို တွေ့ဆုံရန် ဦးမလေးသူ တစ်ဦး ဖြစ်ရာ သူ့စာအုပ်အတွက် အပြီးသတ် လုပ်ငန်း အနေဖြင့် ရန်ကုန်မြို့ သိမ်ဖြူဆရာတော် ဘုရားထံ ကိုယ်တိုင် သွားရောက်ဖူးမြော်ခဲ့လေသည်။

ဤတွင် လက်တွေ့ခံစားနေကြရသည့် ကျန်းမာကြံ့ခိုင်မှု “ အကျိုးတရား ” တည်းဟူသော ကိုယ်ထည်အ တွက် “ အကြောင်းတရားတည်း “ ဟူသော တတိယ ဆေးပညာ ဦးခေါင်းကို ဆရာတော် ဘုရားက တပ်ဆင်ပေးလိုက်တော့သည်။

ဆရာတော်ဘုရားက…
“ ခြေဖဝါး အလယ်သည် အရေးကြီးလှ၏။ ယင်းသည် သွေးကြော လေကြောတို့ ဆုံရာ “ သွေးကြောဘူ တာရုံကြီး ” ဖြစ်၏။ ဟု တင်စားခေါ်ဝေါ်ထားသည်။ “ မူးခြင်း၊ မေ့ခြင်း၊ တက်ခြင်း” စသည်တို့ ဖြစ်လျှင်
 ခြေဖဝါး အလယ်ကို နာနာ နှိပ်ပေးရာ၏ ” ဟုလည်း ညွှန်ကြားတော်မူသည်။ရတနာသုံးပါးကို မပြတ်ဆည်း ကပ်သော ဥပါသကာ လူငယ်တစ်ဦး ဖြစ်၍ လူအများ ကျန်းမာရေးအတွက် ရှေးရှုသော မကွေးကိုဝင်းမြင့်၏ ကြိုးပမ်းမှု တိုးတက်အောင်မြင်ပါစေ။

သူတော်ကောင်းဓာတ်……တရားမြတ်…..လွှမ်းပတ်ကမ္ဘာတည်စေသော်။

ဦးလေးကြီး ဦးတင်မောင်



အုန်းမှုတ်ခွက်နင်း ရောဂါကင်း(တေးထပ်)

ဓာတ်လေးဖြာ ညီကာမမျှတဲ့
ဂီလာနတွေမှာ
ဇီဝက အဖြေရှာတယ်
သေအချာ မယွင်း။

ကုထုံးဖြင့် တဖြာသိစရာငယ်
နာဠီကာ အုန်းမှုတ်ခွက်နင်း
လေငန်းဖြင့် ကြောက်ဖွယ်မလိုတယ်
ပျောက်တယ်ဗျို့ချက်ချင်း
သက်ရှည်စွာ အနာကင်းလို့
ကျန်းမာခြင်း လာဘံ။

ဘယ်ရောဂါ ဝင်လာပူးစေတော့
ယှဉ်သာဘူး ပျောက်လိမ့်ဧကန်။

ဆီးချိုနဲ့ သွေးတိုး မကျန်တယ်
ဘေးဆိုးရန် ဟူသမျှရယ်တို့
မြျူတစ်စ မကြွင်းရလေအောင်
အလျဉ်းပသွေရှောင်
သမ္ဘဝမင်းညီနောင်တောင်
မျက်မြင်အောင် ကုနိုင်ရဲ့လေး ။ ။

မောင်အုန်းသောင်း (မကွေး)
ဆက်လက် ဖေါ်ပြပေးပါမည်။

တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ မကွေးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့်တင်ပြပေးပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁)

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁)




သူ့ကျေးဇူး
(ဓမ္မဃောသက ဦးမောင်မောင်)

“ ကျွန်တော်တို့ ရုံးမှာ “ သင့်ဘဝ” မဂ္ဂဇင်း လစဉ် ယူပါတယ်၊ လွန်ခဲ့တဲ့ ၃ -လ လောက်က အုန်းမှုန်း ခွက် ဆောင်းပါးပါတဲ့ မဂ္ဂဇင်း ဘယ်သူ့ ငှားလိုက်မိတယ်မသိဘူး၊ အဲဒါရှိရင် ခဏကြည့်ပါရစေ” ဟု တောင်းဆို မေတ္တာရပ်ခံလာသူကား ရန်ကုန် ချွေတာစုဆောင်းရေးဘဏ် ဌာနချုပ်ရုံးမှ ဦးစိန်ရိုးဖြစ်၏။ သူအလိုရှိသော ၁၉၇၉ခု၊စက်တင်ဘာလထုတ် သင့်ဘဝမဂ္ဂဇင်းကို ရှာဖွေ၍ ပေးပြီးနောက် စာရေးသူက သူ၏ ဆန္ဒကို သိလို သဖြင့်် …


“ ဦးစိန်ရိုးက မကွေးဝင်းမြင့်ရဲ့ အုန်းမှုတ်ခွက်နင်း ရောဂါကင်း ဆောင်းပါးကို ဖတ်ချင်လို့လား”

“ ကျွန်တော် ဖတ်ပြီးပါပြီ၊ ဖြစ်နိုင်ရင် အဲဒီ ဆောင်းပါးကို ကူးယူပုံနှိပ်ပြီး ဝေငှကမ်းလှမ်းချင်လို့ပါပဲ”

Thursday, May 07, 2015

မိုးမီးလောင်ခြင်း(ပုံပြင်)


လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)ကျော်လောက်က ဟိမ၀န္တာတောင်ခြေမှာရှိတဲ့ တောအုပ်ကြီးတစ်ခုထဲမှာ ဆင်၊ ကျား၊ ခြင်္သေ့၊ ကျားသစ်၊ ကြံ့၊သမင်၊ ဒရယ်၊ ရေမြင်း၊ ၀ံပုလွေ၊ မြေခွေး၊ ၀က်ဝံနဲ့ အခြား တိရစ္ဆာန် ငယ် ပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြတယ်။ ကျားဟိန်းသံ၊ ခြင်္သေ့ဟောက်သံ၊ သမင်
တောက် သံ၊ ဒေါင်းတွန်သံနဲ့ ကျေးငှက်သာရကာသံတွေကို အခါမလပ် ကြားနေကြရတယ်။

အဲဒီတောကောင်အုပ်တွေဟာ တောအုပ်တွေရဲ့ မြောက်ဖက်အကျဆုံးမှာရှိတဲ့အတွက် ဥတ္တရာပထ
၊ တောအုပ် လို့ အမည်တွင်နေတယ်။ မြောက်ပိုင်းကျတဲ့တောအုပ်(တိုင်းပြည်)လို့ အဓိပ္ပာယ်ရပါတယ်။ အံ့သြဖွယ်ကောင်းတာတစ်ခုက သူတို့တတွေဟာ တောအုပ်ကြီး အတွင်း လှည့်ပတ်ရှာဖွေ စားသောက်နေ ကြပေမယ့် အချင်းချင်း ကြီးနိုင်ငယ်ညှင်း မရှိကြဘူး။ ဖမ်းဆီးသတ်ဖြတ် စားသောက်ခြင်းလည်း မရှိဘူး။ ကျား၊ ခြင်္သေ့တို့လို အသားစားတိရစ္ဆာန်တွေကလည်း တောအုပ်ကြီးရဲ့ အပြင်ဖက်က အခြား အခြားသော တိရစ္ဆာန်တွေကိုသာ ရှာဖွေဖမ်းဆီး စားသောက်လေ့ရှိတယ်။

 တောအုပ်ကြီးအတွင်း အတူနေထိုင်ကြတဲ့ တိရစ္ဆာန်ငယ်တွေကို ဖမ်းဆီးစားသောက်ခြင်း မပြုရဆိုတဲ့ ဥပဒေ မရှိပေမယ့် ဥပဒေ တစ်ခုလို တင်းတင်းကျပ်ကျပ် လိုက်နာလေ့ ရှိကြတယ်။ ဆွေစဉ်မျိုးဆက်သက် ဆင်းလာပြီးတဲ့နောက်မှာတော့ ဒီအမူအကျင့်က ကျင့်ဝတ်တစ်ခုသာမက ဥပဒေတစ်ခုသာမက တိရစ္ဆာန် အားလုံးရဲ့ လောကပါလတရားလို တိရစ္ဆာန်ပိုင်ခွင့် တစ်ခုလို၊ ပဋိညာဉ်လိုဘယ်တိရစ္ဆာန်မှ ချိုးဖောက်လေ့ မရှိကြဘူး။ ခြွင်းချက် တစ်ခုတော့ ရှိပါတယ်။ တောအုပ်ကြီးအတွင်းမှာရှိတဲ့ ရေကန်ကြီးနဲ့ စမ်းချောင်း ကလေးတွေက ငါးနဲ့ ရေနေသတ္တ၀ါတွေကိုတော့ ဖမ်းဆီးစားသောက်ခွင့်ရှိတယ်။


Monday, May 04, 2015

ယုန် ပုံပြင်



တခါတုန်းက တောအုပ်လေးတခုမှာ ယုန် အသိုင်းအ၀ိုင်းလေး တခုရှိတယ်။ သူတို့တတွေက အေးအေး ချမ်းချမ်းလေး နေပြီး တောအုပ်ထဲက တခြားတောကောင်တွေနဲ့လဲ မရောပဲ သီးခြားလေးနေလေ့ရှိတယ်။ ဒါပေမယ့် တောအုပ်ထဲမှာ ဖြစ်ပျက်နေတာတွေကို လုံးဝ မျက်ချေပြတ်နေတာတော့ မဟုတ်ဘူး။ ဟိုးနား၊ ဒီနားတောလည်သွားရင်း ကြားလာရတဲ့ သတင်းတွေကို ယုန်လေးတွေ အချင်းချင်း ပြန်မျှဝေတတ် ကြတယ်။

ယုန်လေးတွေ ပြောနေတာကို နားထောင်ပြီး၊ ယုန် ဖိုးဖိုး၊ ဖွားဖွားကြီးတွေက အကဲဖြတ် သုံးသပ်ချက်
တွေ ပေး တတ်ကြတယ်။ ယုန်လေးတွေကလဲ ပညာရှိ ဖိုးဖိုး၊ ဖွားဖွားကြီးတွေရဲ့ စကားလုံးတွေကို တလေးတစားနဲ့ နားထောင်တတ်ကြတယ်။ ဒါပေမယ့် ယုန်လေးတကောင်ကတော့ ဒီလို မဟုတ်ဘူး။ ဖိုးဖိုးတို့ တွေးတာတွေက တကယ့်လက်တွေ့နဲ့ ကိုက်မှာ မဟုတ်ဘူးလို့ အမြဲသံသယ ရှိနေတတ်တယ်။ ပညာရှိများ တွေးကြည့်ရင်၊ ပြေးကြည့်တာထက် မှန်တယ် ဆိုတာကို ယုန်လေးက လုံးဝ လက်မခံဘူး ။ ပြေးကြည့်မှ တကယ်သိမှာပေါ့လို့ အမြဲတွေးနေတတ်တယ်။