စာရေးသူ၏အမှာစကားနှင့် နိဒါန်း(မကွေးဝင်းမြင့်)
၅။ စာရေးသူ၏ အမှာစကား
စာရေးသူသည် မကွေးတိုင်း အားကစားမှူး ဦးတင်ထွဋ်နှင့် အတူ ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင် ဝင်းအတွင်း တစ်လနီးပါးမျှ နေထိုင်ခဲ့ဖူးပါသည်။ ထိုစဉ်က တိုင်းနှင့် ပြည်နယ် လက်ဝှေ့အသင်းများ စုံစုံညီညီ
ရောက်ခိုက် ညတိုင်း သူ့အခန်းကိုယ်သွား၊ ကိုယ့်အခန်းသူလာ ရောက်တတ်ရာရာထွေရာလေးပါး ပြောကြ ဆိုကြ၊ ငြင်းကြ ခုံကြရင်း ကျန်းမာရေးအကြောင်းများလည်း တစ်ယောက်၏ ဗဟုသုတတစ်ယောက်ယောက်
ကို ဖောက်သည်ချကြပါသည်။
ကျွန်တော်တို့ နှစ်ယောက်တည်းသာ သီးသန့်နေထိုင်သော မိုးလုံလေလုံ အားကစား အဆောက်အအုံကြီး
မြောက်ဖက်တွင်ရှိသော အခန်းကလေးထဲသို့ ညတိုင်းလိုလို ရောက်ရှိလာလေ့ရှိသူကတော့ မန္တလေး လက်ဝှေ့ အသင်းကို အုပ်ချုပ်လာသူ ဦးဘကျော် ဖြစ်ပါသည်။
ဦးလေး ဦးဘကျော်သည် ကွယ်လွန်သူ အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇာတ်၏ ညီအရင်း ဖြစ်ပါသည်။ ရုပ်ချင်းကလည်း အင်မတန် တူပါသည်။ ကျန်းမာရေးလည်း အင်မတန် ကောင်းပါသည်။ လျင်လျင်မြန်မြန် ဖျတ်ဖျတ် လတ်လတ် ရှိပါသည်။ ဦးလေး ဦးဘကျော်၏ ကျန်းမာရေးကောင်းပုံကို စကားစပ်မိကြတော့ အုန်းမှုတ်ခွက် နင်းကြောင်း ပြေပါသည်။ အုန်းမှုတ်ခွက်နင်းခြင်း အကျိုး အာနိသင်များကို လည်း ပြောပါ သည်။
ဦးလေး ဦးဘကျော် ပြောပြသဖြင့် အုန်းမှုတ်ခွက် နင်းကြ၍ ကျန်းမာရေးကောင်းကြသူများထံ လက်တွေ့ လိုက်ပြပါသည်။ စာပေလောက၊ ရုပ်ရှင်လောက၊ အနုပညာလောကမှ ပုဂ္ဂိုလ်များကို တွေ့ရပါသည်။ ဟုတ်ပါ သည်။ အချို့ပြုံးစိစိဖြင့် မေးမှဖြေသည်။ အချို့ တိတ်တိတ်ကလေး ကြိတ်နင်းနေကြ၏။ နင်းနေကြ သူတိုင်း ကျန်းမာရေး မကောင်း၍ အသားအရေ စိုစိုပြည်ပြည် ရှိကြပါပေသည်။
ယင်းအကြောင်းများကို သင့်ဘဝမဂ္ဂဇင်းတွင် ဆောင်းပါးတစ်ပုဒ် ရေးလိုက်မိပါသည်။ ဆောင်းပါးပါပြီး နှစ်လ အကြာ စာရေးသူထံ စာအစောင် တစ်ရာ့ငါးဆယ်မျှ ရောက်လာပါတော့၏။ ဝမ်းပန်းတသာလူကိုယ်တိုင် လာရောက်တွေ့ဆုံ၍ ပြောသူများ၊ အထက်မုံရွာ၊ မြစ်ကြီးနားမြို့မှလည်းကောင်း အောက်မော်လမြိုင်၊အိမ်မဲ
နှင့် မြောင်းမြ၊ ဟင်္သတမြို့များမှလည်းကောင်း ရဟန်းရှင်လူများ ပါဝင်ပါသည်။
စာရေးသူ ဝမ်းမြောက်ပီတီဖြစ်မိပါ၏။ ဘာဝနာပွားမိပါသည်။ ပို၍ ဝမ်းမြောက် ဝမ်းသာဖြစ်မိသည်က ရန်ကုန်မြို့ မဟာစည်သာသနာ့ ရိပ်သာမှ တရားဟောဓမ္မကထိက ညောင်ကန် အရှင်က္ကုန္ဒက က “ ဒကာ့
ဆောင်းပါးကြောင့် ကျုပ်တို့ဘုန်းကြီးလောကမှာ အုန်းမှုတ်ခွက်နင်းကြဖို့ ရေပန်းစားနေသဗျ” ဟု မိန့်တော်မူ သည့်အပြင် လက်တွေ့စမ်းသပ်နင်းကြည့်၍ ကျန်းမာရေးကောင်းကြောင်း မိန့်တော်မူပါသည်။ထို့ကြောင့် စာရေးသူသည် အုန်းမှုတ်ခွက်နင်းကြသူများထံ ရပ်ဝေးရပ်နီးမကျန် အပင်ပမ်းခံ သွားရောက်လေ့လာခဲပါ သည်။ ထို့ပြင် သိမ်ဖြူဆရာတော်ဘုရား ပြုစုရေးသားတော်မူသော် အကြောပြင် အတတ်ပညာကျမ်းများကို လည်း ဖတ်ရှု လေ့လာရပါသည်။
အုန်းမှုတ်ခွက်နင်းနည်း သရုပ်ဖော်ပုံများနှင့်အတူ အနယ်နယ်က အုန်းမှုတ်ခွက်နင်းကြ၍ တစ်ပေါင်းတစ်စု တည်း တင်ပြပါသည်။
“ အာရောဂျံ ပရမံလာဘံ” မြတ်စွာဘုရား ဟောကြားတော်မူသည့် အတိုင်း ကျန်းမာခြင်းသည် လာတ်ကြီး တစ်ပါး ဖြစ်သောကြောင့် ငွေကုန်ကြေးကျမများ၊ ကရိကထလည်း မများသော ဤ “ အုန်းမှုတ်ခွက်နင်း
ရောဂါကင်း “ စာအုပ်ကို မွန်မြတ်သော စေတနာဖြင့် ရှာဖွေရေးသား တင်ပြပါသည်။အုန်းမှုတ်ခွက် နင်းခြင်း
ဖြင့်ရောဂါခပင်း ကင်းဝေးကြပါစေ။
မကွေးဝင်းမြင့်
၆။ နိဒါန်း
ရှေးဟောင်း ဆေးကျမ်းကြီးများတွင်“ လေသည်အသက်၊ အသက်သည်လေ”ဟူ၍ လည်းကောင်း၊“ အသက် ရှူသည် ” ဟူ၍ လည်းကောင်း၊ လေသာလျှင် အဓိက၊ လေသာလျှင် အုပ်စုခေါင်းဆောင် ဟု ဆိုခဲ့ကြသည်။
သိပ္ပံဆေးပညာ ပေါ်လာသောအခါ “ သွေးသည် အသက်၊ အသက်သည်သွေး ” “ ဖြစ်မှု ပျက်မှု သွေးအပြု ” “ အသက်သွေးခဲ အမြဲမနေသာ” “ သွေးဆုတ်ကုန်ပြီ ” စသည်ဖြင့် သွေးကို လူ၏ အသက်ရှင် တည်ရာ အတွက် အဓိက ထားလာကြသည်။
ကျွန်တော့်အဖို့ လူတစ်ယောက် အသက်ရှင်ရာတွင် သွေးလား၊ လေလား၊ မဝေခွဲတတ်၊ ဒွိဟ ဖြစ်နေသည်။ ထို့ကြောင့် ရန်ကုန်မြို့ သိမ်ဖြူဆေးသိပ္ပံ ဆရာတော် ဘုရားကြီးထံဝပ်တွားခယ တောင်းပန် မေးလျှောက်
သော အခါ ၊ ဆရာတော် ဘုရားကြီးက…
“ လေတစ်ခုထဲနဲ့လဲ ခရီးမပေါက်ဘူး၊ သွေးသက်သက်ချည်း အဓိကထားတာလဲ မမှန်ဘူး၊ သွေးချည်း လှုပ် ရှားမရ၊ လေရှိမှ သွေးလှုပ်ရှားလို့ ရတယ်၊ သွေးမရှိပြန်ရင်လည်း လေမရှိပြန်ဘူး၊”
“ သွေးလွန်လျှင် လေသေ၊ လေသေလျှင် သွေးပျောက်” ဆိုတာလိုပဲ သွေးဟာ လေအားနဲ့ ပြိုင်နေရင်လည်း
သွေးတိုးဆိုတဲ့ ရောဂါ ဖြစ်လာမှာပဲ၊ သွေးနဲ့ လေဟာ မျှမျှ တတ ဖြစ်နေရမယ်။ ဥပမာ ပြောရရင် ပိုက်လုံး ၊ ရေ၊ လေပြည့်စုံမှ ရေဟာ လိုရာရောက်သလိုပေါ့၊ သွေးနဲ့ လေအား” ရယ်လို့ ဆိုရိုးစကားရှိခဲ့တယ် မဟုတ် လား” ဟု မိန့်တော်မူ၏။
ရှေးအကျဆုံး ပထမ ဆေးပညာကိုလည်း ပစ်ပယ်၍ မဖြစ်၊ ခေတ်သစ် ဒုတိယ ဆေးပညာကိုလည်း ရှုပ်ချ၍ မရ။ ပထမ ဆေးပညာ၏ ဟာကွက်၊ ပျော့ကွက်များကို ဖြည့်၍ ဒုတိယ ဆေးပညာ၏ အားနည်းချက်၊ ပျော့ ကွက်၊ဟာကွက်တို့ကိုလည်း ဖြည့်ရန် ဖြစ်သည်။ ရှေးရိုးဆေးပညာ၏ ဟာကွက် ပျော့ကွက်မှာ ရောဂါရောက် ရာထက် ရောဂါရောက်ကြောင်းကိုသာ အဓိကထားကု၏။ ခေတ်သစ် ဒုတိယဆေးပညာက ရောဂါ ရောက်
ကြောင်းထက် ရောဂါရောက်ရာကိုသာ အဓိကထား ကုသနေမှုတို့ ဖြစ်၏။
ထိုနှစ်ခုကို ဆက်စပ်လျှက် တတိယဆေးပညာကို ထူထောင်နေတော်မူသော ပုဂ္ဂိုလ်အကျော်မှာ သိမ်ဖြူဆေး သိပ္ပံ ဆရာတော် ဖြစ်သည်။ ဆရာတော်၏ အယူအဆမှန်ကန်မှုကြောင့် သိမ်ဖြူဆေးဗိမာန်ကြီး လက်တွေ့ တည်ဆောက်အောင်မြင်နေသူ မဟုတ်ပါလား။
စာရေးသူအနေဖြင့် သတင်းသမားပီပီ သဘောတရားနှင့် လက်တွေ့ခိုင်မာမှု မျက်ဝါးထင်ထင် စမ်းသပ်တွေ့ ရှိ မှ ယုံကြည်သည်။ သိမ်ဖြူဆေးသိပ္ပံဆရာတော်ဘုရား ဆက်လက် အမိန့်ရှိသည်ကို တင်ပြရသော်…
“သွေးနဲ့လေကြောင့် သွေးတိုး၊ သွေးတက်၊ နှလုံးသွေးရပ်၊ သွေးကြောပိတ်၊ သွေးမသန့်၊ သွေးကြောမဖြောင့် ပိတ်ဆို့နေတာကြောင့် အဆစ်ရောင်၊ပေါင်တောင့်၊ ဒခေါက်ခွက်အားနဲ့၊ ခြေလက်လှုပ်မရ စတဲ့ လေအား ရှိ တယ်၊ သွေးလဲရှိတယ်ဆိုပေမယ့် ပိုက်လုံး ပျက်လုံးပျက်တဲ့အလား အကြောတွေ အနေအထားပုံမမှန် ရောဂါ ရမှာပဲ၊ အဲဒီရောဂါတွေကတော့ အကြောသေ၊ အကြောကပ်၊ အကြောတက်၊ အကြောပိတ်၊ အကြောပေါက်
ဖြစ်လာနိုင်တယ်။ ဒါတွေကို အကြောင်ပြင် အတတ်ပညာဲ့ ဆက်စပ်လျှက်ရှိတဲ့ အုန်းမှုတ်ခွက်နင်းရင် ပျောက် ကင်းချမ်းသာရာ ရတယ်ဆိုရင် သံသယ ဖြစ်စရာ မလိုပါဘူး” ဟု မိန့်တော်မူသည်။
လေအရေးကြီးဆုံး
စာရေးသူသည် သွေးနှင့်လေ အကြောတို့ သဘာ၀ အပေါ်ထိမိရန် တောင်းပန် လျှောက်ထားပြန်သောအခါ ဆရာတော်ဘုရားက “ မလေးခ၊ ခွလေးခ” အရေးကြီးဆုံး နေရာ ဖြစ်၍ မလေးမ ဆိုသည်မှာ ခြေမ၊ လက်မ တို့ဖြစ်၍ ခွလေးခွ ဆိုသည်မှာ ယင်း ခြေမ၊ လက်မတို့၏ ခွကြားများ ဖြစ်၍ ထိုနေရာအားလုံး လေများ ဆုံရာ
ဖြစ်၏။ ထိုမှ တစ်ဆင့် အဆင့်ဆင့် သွေးများ လေများ ပုံမှန် သွားလာရ၏။ ပုံမမှန်လျှင် ရောဂါရ၏။အထူး အ
ရေးကြီးလှသော နေရာတစ်ခုမှာကား ခြေဖဝါး အလယ်ဖြစ်၏။
အားလုံးသော သွေးကြောတို့ဆုံရာ သွေးကြော ဘူတာရုံကြီး ဖြစ်၏။ မူးခြင်း၊ မောခြင်း၊ မြောခြင်း၊အဆိပ် သင့်ခြင်း၊တက်ခြင်းတို့ ဖြစ်လျှင် ခြေဖဝါး အလယ်ကို နာနာနှိပ်ပေးရ၏။ မလေးမ၊ ခွလေးခွ နေရာကို နှိပ်ရာ ၏။ သို့မှသာ အသက်ချမ်းသာ ရာရမည်ဟု မိန့်တော်မူ၏။
ထို့ကြောင့်…
“ သီချင်း အစ သံပေါက်က
တီးခြင်း အစ စည်းဝါးက
က ခြင်းအစ လက်မြှောက်က
နှိပ်ခြင်းအစ ခြေထောက်က ” ဟု ဆိုရိုးစကားရှိခဲ့သည် မဟုတ်လား။
“ အလျင်လို လမ်းအိုလိုက်၊ အမှန်လို ကျမ်းအိုနှိုက်” ဆိုသကဲ့သို့ ရှေးရှေး ပထမ ဆေးပညာ၊ ခေတ်သစ် ဒုတိယ ဆေးပညာ တို့ဖြင့် ဆက်စပ်တွေးခေါ်လျှက် ဤမည်သော အုန်းမှုတ်ခွက်နင်းခြင်းသည် သွေးအား
လေအား ပုံမှန် သွားလာ လည်ပတ်စေနိုင်သော လူ၏ ကျန်းမာရေး အတွက် စိတ်ချ လက်ချ ယုံကြည်စွာ နင်းကြပါကုန်ဟူ၍။
တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ မကွေးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့်တင်ပြပေးပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁)
အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၂)