Wednesday, July 07, 2021

ဒန့်သလွန်မှာပါတဲ့ အာဟာရဓါတ်တွေကဘာတွေလဲ


ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတို့မှာ အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အမိုင်နို အက်ဆစ်လည်းကြွယ်ဝစွာပါဝင် ပါတယ်။


ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတွေမှာ ဗီတာမင်အေ၊ ဗီတာမင်B1 (သိုင်ရာမင်)၊ B2 (ရီဗိုဖလာပင်), B3 (နီရာဆင်), B-6၊ folate နဲ့ ascorbic အက်ဆစ် (ဗီတာမင် C) တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်နဲ့အသီးမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ဖော့ဖရိတ်နဲ့ဇင့်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆီပါဝင်မှုအရမ်းနည်းသလို အန္တရာယ်ရှိတဲ့ ကိုလက်စထရောတွေလည်းမပါဝင်ပါဘူး။

Monday, June 21, 2021

လေယာဉ်ခရီးစဉ်ဖြင့် နေရပ်ပြန်လိုသည့် အလုပ်သမားများသိစေရန်


ကိုဗစ်ကာလ ကားလမ်းများမဖွင့်သေးသဖြင့် အရေးပေါ် နေရပ်ပြန်လိုသည့် ထိုင်းရောက်မြန်မာအလုပ် သမားများအနေဖြင့် လက်ရှိအခြေနေများအရ လေယာဉ်ဖြင့် နေရပ်နိုင်သည့် ခရီးစဉ် (၂ ) ခုရှိပါသည်။

အဆိုပါ ခရီးစဉ်များမှာ

(က) အစိုးရအစီစဉ်ဖြင့်နေရပ်ပြန်ပြီး Facility Quarantine ဝင်ခြင်းနှင့်

(ခ) မိမိအစီစဉ်ဖြင့် Hotel Quarantine ဝင်ပြီး နေရပ်ပြန်ခြင်းတို့ဖြစ်ပါသည်။

Friday, June 11, 2021

အလုပ်ပြောင်းရွှေ့ခြင်းဆိုင်ရာသိကောင်းစရာများ


ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ပြောင်းရွှေ့မည်ဆိုပါက အလုပ်သမားအနေဖြင့်အလုပ်ရှင်ဖြစ်သူကို အနည်းဆုံး ( ၃၀ )ရက် ကြိုတင်အသိပေးရမည် ဖြစ်ပါသည်။ ထို့နောက် မိမိအလုပ်ရှင်ထံမှ အလုပ်ပြောင်းရွှေ့စာ(ဘိုင်ကျန့်အော်)ယူပြီး မိမိပြောင်းရွှေ့မည့် အလုပ်ရှင်ထံ (၁၅ ) ရက်အတွင်း အလုပ်ရှင်ပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။


အလုပ်ပြောင်းရွှေ့စာ(ဘိုင်ကျန့်အော်)ရရှိပြီး  (၁၅ )ရက်အတွင်း အလုပ်ရှင်မပြောင်းပါက မိမိ၏ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

Thursday, June 10, 2021

အလုပ်ရှင်ဖြစ်သူက အလုပ်သမား၏ ပတ်စပို့ နှင့်စာရွက်စာတမ်းများ မတရားသိမ်းထားပါက


 

၁။ ထောင်ဒဏ် ( ၆ )လဖြစ်စေ

၂။ ဒဏ်ငွေ  ဘတ် ( ၁၀၀၀၀ ) မှ ( ၁၀၀၀၀၀ ) ထိ ဖြစ်စေ၊

၃။ သို့တည်းမဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးကျခံရမည်။

Sunday, May 30, 2021

"ဆင်စွယ်အပြည့်နဲ့ပင်လယ်"

 


   တာလွှတ်ဒိုင်သေနတ်မဖောက်ခင်

   ကြိုပြေးပြီး 

   ရှေ့ဆုံးက လူလုံးပြတယ်

   မသမာမှုက မသမာမှုပဲ...

   အမှန်တရားရဲ့အင်္ကျီကို 

   မတော်မတည့်ယူဝတ်ပြီး

   အရပ်တကာ ဇာတ်နာပြတယ်

   မုသားကမုသားပဲ...