ကိုဗစ်ကာလ ကားလမ်းများမဖွင့်သေးသဖြင့် အရေးပေါ် နေရပ်ပြန်လိုသည့် ထိုင်းရောက်မြန်မာအလုပ် သမားများအနေဖြင့် လက်ရှိအခြေနေများအရ လေယာဉ်ဖြင့် နေရပ်နိုင်သည့် ခရီးစဉ် (၂ ) ခုရှိပါသည်။
အဆိုပါ ခရီးစဉ်များမှာ
(က) အစိုးရအစီစဉ်ဖြင့်နေရပ်ပြန်ပြီး Facility Quarantine ဝင်ခြင်းနှင့်
(ခ) မိမိအစီစဉ်ဖြင့် Hotel Quarantine ဝင်ပြီး နေရပ်ပြန်ခြင်းတို့ဖြစ်ပါသည်။
#ပထအစီစဉ်ဖြစ်သည့် အစိုးရအစီစဉ်မှာ ( ၁ ) လလျှင်တစ်ကြိမ် ဘန်ကောက်မြို့မှ နေရပ်ပြန်လိုသူများကို လေယာဉ်ဖြင့် ခေါ်ယူပေးခြင်းဖြစ်သော်ကြောင့် နေရပ်ပြန်လိုသူများအနေဖြင့် မိမိတို့၏ ပက်စပိုစ့်နှင့်ဗီဇာ မိတ္တူများကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ကြိုတင်ပေးပို့ကာ စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
#ဒုတိယအစီစဉ်ဖြစ်သည့် မိမိအစီစဉ်ဖြင့် Hotel Quarantine ဝင်ပြီးနေရပ်ပြန်လိုသူများအနေဖြင့် အပတ်စဉ် ဗုဒ်ဓဟူးနေ့တိုင် ဘန်ကောက်မှရန်ကုန်သို့ ပျံသန်ပေးနေသည့် Myanmar National Airlines ဖြင့်လိုက်ပါလိုပါက MNA ( Bangkok ) သို့ ဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်ပြီးလေယာဉ်မှတ်ဝယ်ယူပြီးပြန်နိုင်ပါသည်။
#ထွက်ခွာချိန် #ဆိုက်ရောက်ချိန်
#ရန်ကုန် - ဘန်ကောက် 13:00 14:55
#ဘန်ကောက် - ရန်ကုန် 16:25 17:20
လေယာဉ်လက်မှတ်ဈေးနှုန်းများ
Economy Class: $200
Business Class: $350
#ဖုန်းအမှတ် ..........
+66 981019505( English & Thai speaker)
66 857233221( Myanmar/ မြန်မာ စကားနှင့် မေးမြန်းရန်)