Thursday, May 20, 2021

အထူးကျေးဇူးတင်ရှိခြင်း

 




ထိုင်းရဲတပ်ဖွဲ့နဲ့ပက်သတ်ပြီး အပြစ်ပြောစရာကြုံလာချိန်ကတော့ အားမနာပပြောဆိုခဲ့ပြီးပြီ အခုလို ချီးမွှမ်းစရာရှိလာချိန်တော့ ချီးမွှမ်းသင့်တယ်လို့ ယူဆတာကြောင့် အခုလိုတင်ပြလိုက်ပါတယ်.........။

ဒီနေ့ည အလုပ်ပြန်ချိန် ဆိုင်ကယ်စက်ဖွင့်တော့ ပါဝါမီးကတတ်မလာလို့စိုးရိမ်သွားတယ် ပြန်ရမှာကလည်း ဝေးသလို ည ၈နာရီကျော်နေပြီဖြစ်သလို လိုင်ကားနဲ့အိမ်ပြန်မယ်ဆို ကား၂ဆင့်စီးရမှာဆိုတော့ စိုးရိမ်မိတာ။

Saturday, April 24, 2021

သစ်ပင်စိုက်ရင်း_ပါရမီဖြည့်မယ်

 


#ရဝေနွယ်(အင်းမ)

★ သစ်ပင်တစ်ပင်သေသွားရင် သိပ်နှမြောတာပါပဲ။ သစ်ပင်တစ်ပင်ရဲ့တန်ဖိုးကို သစ်ပင်စိုက်ဖူးတဲ့သူမှပဲ သိပါတယ်။ သစ်ပင်တစ်ပင်ဖြစ်ဖို့ အဆင့်ဆင့်စောင့်ရှောက်ရတာပါ။ ကိုယ်က မစိုက်နိုင်ရင်တောင် မခုတ်ဖြစ်အောင်တော့ သတိထားရပါမယ်။ ★ 

#ကျောင်းအလှူနှင့်_သစ်ပင်အလှူ

တစ်ခါတုန်းက သာဝတ္ထိပြည်မှာ မထင်ရှားတဲ့ အမျိုးသမီးလေးတစ်ယောက် ရှိပါတယ်။ ပါဠိလိုဆိုရင်တော့ အညတရာပါ။ တစ်နေ့တော့ အဲဒီအမျိုးသမီးလေးက ကျောင်းအလှူအကျိုးကြီးမားပုံတရားကို နာရလို့ ကျောင်းလှူချင်စိတ် ဖြစ်လာပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်ကို ခွင့်တောင်းပြီး ကျောင်းဆောင်တစ်ဆောင် ဆောက်လှူပါတယ်။ အညတရာအမျိုးသမီးလေးရဲ့ နောက်ဆက်တွဲ ထူးခြားချက်ကတော့ ကျောင်းဝန်းကျင်ပတ်ပတ်လည်မှာ သရက်ပင်တွေ စီတန်းပြီး စိုက်တော့တာပါပဲ။ စိုက်ထားတဲ့ သရက်ပင်အားလုံးကို အဝတ်သစ်တွေပါ ပတ်ထားလိုက်ပါတယ်။ အောက်ခြေတွေမှာ သဲဖြူတွေခင်း၊ အဝတ်အရောင်မျိုးစုံ၊ ပန်းဆိုင်း၊ နံ့သာဆိုင်းတွေနဲ့ အလှဆင်ပြီးမှ ကျောင်းကို ရေစက်ချ လှူဒါန်းပါတယ်။ ကျောင်းအလှူနဲ့အတူ သရက်ပင်တွေပါ တွဲလှူခဲ့တဲ့ အမျိုးသမီးလေးဟာ သက်တမ်းစေ့နေပြီး ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်မှာ ဖြစ်ရပါတယ်။ နတ်ပြည်မှာ ဘုံဗိမာန်နဲ့အတူ တွဲပေါ်လာတာက ဗိမာန်ပတ်ပတ်လည်မှာ သရက်ပင်တွေ ခြံရံပြီးပေါက်နေတော့တာပါပဲ။


Thursday, March 18, 2021

အာဏာသိမ်းလေးဆယ့်ငါးရက်ပြည့်နှင့် မြန်မာပြည်သူများ

 



အာဏာသိမ်းခြင်းနှင့် ၇၂နာရီဂျင်း

ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အားလုံးသိကြတဲ့အတိုင်း ၂၀၁၀ ကနေ စတင်ပြီး ၁၀နှစ်လုံးလုံး တည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီ တံတိုင်းကြီး ကျိုးပျက်ခဲ့ပါတယ်။ ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ‌ မဲပေးခဲ့တဲ့ လက်သန်းကမှင်တောင် မပျက်ခင်မှာပဲ မဲပေးခဲ့တဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးခံခဲ့ရပါတယ်။ ဒီအချိန် နေပြည်တော်မှာလည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံတော် သမ္မတကြီးနှင့် ပြည်ထောင်စု ၀န်ကြီးများ၊ပြည်နယ်နှင့် တိုင်းဒေကြီး ၀န်ကြီးချုပ်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီခေါင်းဆောင်ပိုင်းတွေကို  စစ်တပ်မှ ထိမ်းသိမ်းခဲ့ပါတယ်။

အာဏာစတင် သိမ်းသိမ်းခြင်းမှာပဲ ဘယ်ကဘယ်လို ထွက်လာမှန်းမသိတဲ့ ၇၂နာရီအတွင်း ပြည်သူတွေကနေ ဆူပူလှုံ့ဆော်မှုမရှိရင် အဏာသိမ်းမှု အထမမြောက်ဘူးဆိုတဲ့ အသံတွေနဲ့အတူ မဲမသာမာမှု‌ကြောင့်သာဆို ခေါင်းဆောင်ပိုင်းမှာ အချင်းချင်းဖြေရှင်းပြီး ပြီးသွားလိမ့်မယ်ဆိုတဲ့‌ မျှော် လင့်ချက်နဲ့ ဖေ‌ဖော်ဝါရီလ ၁ရက်နေ့ကနေ ၃ရက်နေ့အထိ မြန်မာ ပြည်သူတွေဟာ ငြိမ်သက်လျှက်ရှိပါတယ်။ ၇၂နာရီဂျင်းမိတာ ကောင်းတဲ့ရလာဒ်တွေလဲ ရှိလာပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းမှုကို အောင်မြင်အောင် လုပ်နိုင်မယ်လို့ မျှာ်လင့်ချက်ရှိနေသလား ဒါမှမဟုတ် ယုံကြည်မှုလွန်ကဲနေသလား ဆိုတဲ့ အချက်ကတော့ နေပြည်တော် စည်ပင်ရိပ်သာထဲမှာ ထိမ်းသိမ်းထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

Wednesday, March 17, 2021

သဘာဝအုန်းဆီ အသုံးပြုမှုများနှင့် အကျိုးရှိမှုများ

 


     အုန်းဆီအသုံးပြုပုံနဲ့ ပတ်သက်ပြီး လူတိုင်းလိုလို သိရှိနေကြတဲ့ အကျိုးရှိတာလေးတွေကို ရှေ့က ဖော်ပြပြီးပါပြီ။ ဒါပေမယ့် ဒီထက်ပိုမိုပြည့်စုံတဲ့ ဗဟုသုတရစေနိုင်ဖို့ ဖီဂျီနိုင်ငံက အုန်းဆီအသုံးပြု ပုံ (၁၀၁) နည်း “ 101 Uses for Coconut Oil” ဆိုတာကိုလည်း ပြောပြချင်ပါသေးတယ်။ ဖီဂျီမှာ တော့ ငယ်ရွယ်တဲ့ ကလေးငယ်လေးတွေပင်လျှင် ကျောင်းမှာ အုန်းနဲ့ ပတ်သက်ပြီး သင်ကြားကြရပါ တယ်။ ဖီဂျီနိုင်ငံဟာ အုန်းအဓိက စိုက်ပျိုးပြီးတော့ နေ့စဉ်ပင် အုန်းသီးထုတ်ကုန်များကို အသုံးပြုနေကြပါတယ်။ ယခု ဖော်ပြချက်တွင် သဘာဝအတိုင်းရသော Virgin Coconut Oil ကို စားသုံးရန် ပိုမိုသင့်လျော်ပြီး ပြုပြင်ထားသော အုန်းဆီကိုတော့ လိမ်းဆီအဖြစ် သုံးစွဲသင့်ပါတယ်။

Tuesday, March 16, 2021

သကုဏဂ္ဃိဇာတ်

    ရာဇဂြိုဟ်ပြည်၌ မာဂဓမင်းကြီး စိုးစံစဉ် ဘုရားအလောင်းသည် ဘီလုံးငှက်မျိုး ဖြစ်နေသည်။ ဘီလုံးငှက်သည် ထယ်စာ မြေစိုင်ခဲများ ကြားတွင် နေ့စဉ် သွားလာကျက်စားနေရာ တနေ့သ၌ ကျက်စားနေ ကျ နေရာကို ကျော်လွန်၍  တောအုပ်တစ်ခု၏ အစွန်အဖျားအရပ်သို့ သွား၍ အစာများ ရှာဖွေစားသောက်နေမိသည်။

ဘီလုံးငှက်သည် အရွယ်အားဖြင့် လက်တစ်ဝါးခန့်သာရှိသည်။ သိမ်းငှက်ကား အရွယ် တစ်တောင်ကျော် ရှိသည်။ အရွယ်ချင်း မယှဉ်သာ။ ခွန်အားချင်း မယှဉ်သာ။ အလွန်ကွာခြားလှသည်။ ထို့ကြောင့် ဘီလုံးငှက်သည် သိမ်းငှက်၏ လက်တွင်း အလွယ်တကူ ပါသွားလေသည်။