ဆူရတ်ဌာနီ၊ ၉.၅.၂၀၁၈
ထိုင်း နိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ဆူရတ်မြို့ အနီး ရှိ ပင်လယ်စာ ထုတ်စက်ရုံ(ဒေသအခေါ်) အမိုးနီးစက်ရုံ မှာ ပိတ်သိမ်းလိုက်သောကြောင့် ယင်းစက်ရုံ တွင် လုပ်ကိုင်နေသောမြန်မာ အလုပ်သမား ၂၀၀ ခန့် အလုပ်လက်မယ့် ဖြစ်နေကြောင်း သိရသည်။
အဆိုပါ စက်ရုံမှာ ဂျပန်နိုင်ငံသို့ ပင်လယ်စာများတင်ပို့နေသော စက်ရုံ ဖြစ်ကာ ဂျပန်နိုင်ငံ မှ ပင်လယ်စာ မှာ ယူမှု ရပ်ဆိုင်းလိုက်သောကြောင့် ယခုကဲ့သို့ စက်ရုံပိတ်သိမ်း လိုက် ခြင်း ဖြစ်ကြောင်း သိရသည်။
“အခုလ၃ရက်နေ့ မွန်လွဲ၂နာရီလောက်မှာ အလုပ်သမားတွေကို အစည်းဝေးခေါ်ပြီး ၅ရက်နေ့ကျရင်
စက်ရုံပိတ်မယ်ပြောတယ် အခုလိုစက်ရုံပိတ်မယ်ဆိုတာကြိုတင်အကြောင်းမကြားပဲ ပိတ်သိမ်းလိုက်လို့
ကျွန်တော်တို့မှာ အလုပ်အသစ်ရှာဖို့နဲ့အလုပ်သစ်မရခင်နေထိုင်စရာတွေအတွက်ပါ အခက်ခဲတွေရှိနေ
တယ်နောက်ပြီးကျွန်တော်တို့အလုပ်သမားတွေရသင့်ရထိုက်တဲ့ နစ်နာကြေးကိစ္စနဲ့ပက်သက်ပြီးတော့
လည်းအလုပ်ရှင်က ဘာမှမပြောဘူး” အဆိုပါစက်ရုံ၌ ၁နှစ်ခွဲခန့်အလုပ်လုပ်နေသည့် ကိုအောင်ဆန်းဝင်က
ဟုပြောသည်။


