Thursday, May 21, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁၃)


၄၈။ အကောင်းဆုံး အုန်းမှုတ်ခွက်နင်းနည်းနောက်ဆုံးတွေ့ရှိချက် 
တလောက၊ ရုပ်ပြတွေ ရေးသည့် ရာမထံ ရောက်သွားသည်။ ရာမသည် မကွေးသား စစ်စစ် ဖြစ်ပါသည်။ သူ့ကို “ ရာမ” ဘဝရောက်အောင် ကျွန်တော်က ကာတွန်း ကိုသုတ ဆီ ရာမကို လက်ခံ၍ သုံးပေးပါဟု စာရေးပေးလိုက်ရသည်။

ရာမ အောင်မြင်ပါသည်။ အောင်မြင်သည်နှင့်အမျှ လူကြီးသူမ များကို ရိုသေ ကိုင်းရှိုင်းပါသည် ။ ပြောစကား ကိုလည်း နားထောင်ပါသည်။

“ ဟိုတစ်လောက ဆရာ ဦးသော်ဇင်က ခင်ဗျားကို မေးနေတယ် ” ရာမက ပြော၏။

“ ဒါဖြင့် သူအိမ်သွားရအောင်”

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁၂)


  အုန်းမှုတ်ခွက်၏ ပဲ့တင့်သံများ ပြန်ကြားချက်များ

၃၃။ လားရှိုးက ရဲဘော်

ရဲဘော်တစ်ဦးသည် လားရှိုးက ဆေးရုံမှာ သွက်ချာပါဒလေဖြတ်ရောဂါကြောင့် ခြောက်လမျှ အိပ်ရာထက် ပက်လက်ဖြစ်နေရ၏။ သူ့ကို ထမင်းခွံ့ပေးရသည်။ တစ်နေ့ သင့်ဘ၀ မဂ္ဂဇင်းတွင် စာရေးသူ၏ အုန်းမှုတ် ခွက်နင်း ဆောင်းပါးကို ခုတင်နီး လူနာ တစ်ဦးက ဖတ်ပြသဖြင့် သူသည် စိတ်ဝင်စားလှ၍ လူနှစ်ယောက် အကူအညီဖြင့် အုန်းမှုတ်ခွက်နင်းသည်။

သုံးလနင်းသည်။ ပျောက်ကင်းသွားသည်။ သွားနိုင်လာနိုင် အကောင်းပကတိဖြစ်လာတော့ ဝမ်းသာပီတိ ဖြစ် လျှက် လားရှိုးဈေးထဲမှာမီးရထားပေါ်မှာ ဇီဝိတ ဒါနအဖြစ် ထိုရဲဘော်က လေဖြတ်လျှင် အုန်းမှုတ်ခွက်နင်းကြ ဖို့ တိုက်တွန်းသည်။

Saturday, May 16, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁၁)


  လွယ်လွယ်နှင့်အဖိုးတန်သောနည်း

၃၀။ ကျေးဇူးတင်လွှာ

အထက်ပါ ဆောင်းပါးမှာ ၁၉၇၆ ခု၊ စက်တင်ဘာလထုတ် သင့်ဘ၀ မဂ္ဂဇင်း အတွဲ ၂၄၊ အမှတ်၊ ၂ မှာ ဖြစ် ပါသည်။ “ အာရောဂျံ၊ ပရမံ၊ လာဘံ”(ကျန်းမာခြင်းသည် မွန်မြတ်သော လာဘ်ကြီးတစ်ပါးဖြစ်၏ ) ဟူသည့် အတိုင်း လူတိုင်းလူတိုင်း၏ ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်သည့် ဤစာတန်းငယ်ကို အခမဲ့ ကုသိုလ်ဖြစ် ရိုက်နှိပ်ကမ်းလှမ်းခြင်း ဖြစ်ပါသည်။

ဤစာတမ်းပါ နည်းလမ်းကို ကျွန်တော်နှင့် ကျွန်တော့်မိတ်တွေ သင်္ဂဟများပါ ဆောင်းပါး မထွက်ပေါ်မီကပင် စမ်းသပ် လေ့ကျင့်ခဲ့ရာ အမှန်အကျိုးရှိကြောင်း တွေ့ရှိရပါသဖြင့် ယုံယုံကြည်ကြည်ဖြင့် လေ့ကျင့်ကြပါရန် တိုက်တွန်းအပ်ပါသည်။

သင့်ဘ၀ မဂ္ဂဇင်းတိုက်ရှင်များနှင့် ဆောင်းပါးရှင် မကွေး ဝင်းမြင့် အားလည်းကောင်း၊ ဤကုသိုလ်ဖြင့် စာ တန်းဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးသူ ဓမ္မဃောသက ဦးမောင်မောင်အား လည်းကောင်း ၊ ကျေးဇူး တင်ရှိပါကြောင်း။

ယောမင်းကြီး၏ စီးပွားရေးအတွေးအခေါ် နှင့် ဘောဂဗေဒလက်ရွေးစင်


ဗြိတိသျှသာ မြန်မာနိုင်ငံကို မသိမ်းခဲ့လျှင် .........

အချို့က မြန်မာနိုင်ငံသည် နိုင်ငံရေးအရ သမ္မတနိုင်ငံသို့ မုချ ပြောင်းလဲခဲ့ရမည်ဟူ၍ လည်ကောင်း၊ စီးပွားရေးအရ အရင်းရှင်စနစ်ထွန်းကား နေခဲ့၍ စက်မှုနိုင်ငံ အဖြစ်သို့ ပြောင်းလဲနေခဲ့ရမည်ဟူ၍ လည်းကောင်း ထင်မြင်ခဲ့ကြသည်။

ဆရာမောင်စူးစမ်းသည် အရင်းရှင်စနစ်ထွန်းကား လာနိုင်သည်ကို လက်ခံသော်လည်း ထိုအရင်းရှင်စနစ်သည် ဥရောပအရင်းရှင် စနစ်နှင့် မတူနိုင်ဟု ယူဆ၏။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အရင်းရှင်စနစ် ဖွံ့ဖြိုးထွန်းကားနေလျက် သက်ဦးဆံပိုင် ဧကရာဇ်စနစ်သည်ပင် ထွန်းကားနေခဲ့ရပေမည်ဟု ယူဆသောကြောင့်ဖြစ်သည်။

Wednesday, May 13, 2015

စကားကို ပေါ့ပေါ့ဆဆမပြောဆိုသင့်ပါ..


အထက်က ကျနောပို့ပေးသော သတင်းစာပါအချက်မှာ လွဲမှားနေသည်ဟုသိရပါတယ်ထိုင်းနိုင်ငံ အတွင်း
 ရောက်ရှိနေကြသော တရားမ၀င်အလုပ်သမားများအား လုံးကို ပန်းရောင်ဘတ် လုပ်ပေးခြင်းမပြုပါ။
               
(၁)  မတ်လ/၂၀၁၅ ဘတ်သက်တမ်းကုန်မည့်သူတွေကို  ဘတ်သက်တမ်းပြန် ဆက်ပေးနေပါတယ်။
(ဘတ်သက်တမ်-၁၀နှစ်     ဗီဇာ-၁ နှစ်ရပါတယ်။
              

Tuesday, May 12, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁၀)



၂၇။ လူထုအော်သံ

(၂၂-၂-၇၇) နေ့ထုတ် ကြေးမုံ သတင်းစာတွင် လူထုအော်သံ အခန်းမှ “ အောင်သပြေ ဦးအေး၊ တာမွေ” ဆိုသော ပုဂ္ဂိုလ်တစ်ဦးက အုန်းမှုတ်ခွက် နင်းခြင်းများ၏ အကျိုးကျေးဇူးများကို အများသူငါတို့ သိကြစေခြင်း ငှာ အုန်းမှုတ်ခွက်နင်းခြင်းများ၏ အကျိုးကျေးဇူးကို မခြွင်းမချန် စေတနာ အမှန်ထား၍ ရင်ဖွင့် ရေးသားထား သည်ကို တွေ့ရပါသည်။ ၎င်းတင်ပြသည့် မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။

အယ်ဒီတာခင်ဗျား။

ခေါင်းကိုက်၊ခါင်းမူး၊ နောက်ကျောတက်၊ ခါးကိုက်၊ခါးနာ၊ ခြေထောက်ကိုက်၊ ပေါင်ကိုက်မှ တစ်စစနှင့် ရောဂါဝေဒနာကြီးလာပြီး သွေးတိုးရောဂါ။ လေငန်းရောဂါ၊ မျက်စိမှုန်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊အကြောအခြင် တက်ခြင်း ဝေဒနာများအထိ လူတိုင်း ဖြစ်တတ်ကြပါတယ်။

အရွင္ဇနကာဘိ၀ံသ၏ ဆံုးမစကား

မိမိတန်ဖိုးသိတဲ့လူဟာ ကိုယ့်ကိုယ်ကို ထိန်းရတာ ထုံးစံပဲ
တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ဆိုတာ သူများနေသလိုမနေရဘူး
သူများသွားတဲ့နေရာမသွားရဘူး။

သူများဝတ်သလို၊ စားသလို၊ ပြောသလို ၊ မလုပ်ရဘူး
ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ရတယ်။