Thursday, December 04, 2014

နိင်ငံသားတိုင်း ခေါင်းဆောင်ဖြစ်ခွင့်ရှိတယ်


◇မိုးရွာရင် ရေပါပြီး ၊ မိုးပျောက်ရင် ရေခြောက်ရသလို◇ ဒေါ်စု ၊ ပွင့်လင်းတို့ တစ်နေရာ တစ်မြို့မှာ ပွဲတစ်ခု ကျင်းပချိန်ဆို လူတွေက ကြက်ပျံမကျ စည်ကား ၊ အနီရောင် အလံတွေ ၊ ခေါင်းစည်းတွေ ၊ ပုဝါတွေ
လှိုင်းထအောင်များပြား အားရစရာ၊သွေးကြွစရာ ။


သူတို့တွေ ပြန်သွားပြီဆိုတော့မှဖြင့် စောစောက လှိုင်း တွေလို လူတွေ ၊ ဝံ့ကြွားမှုတွေ ၊ သတ္တိတွေ ၊ စည်းလုံးမှု တွေက အလံတွေပုဝါတွေနဲ့အတူပျောက်ကွယ်သွားကြ။ မိုးရွာရင် ရေပါလာပြီး မိုးပျောက်ရင် ရေခြောက်ရသလို၊

 ခေါင်းဆောင်မှုကို မျှော်တဲ့ အကျင့်ဆိုးတွေ စွဲကပ်နေတဲ့  ကျွန်တော်တို့ သာမာန် ပြည်သူလူထုတွေ ။ အချိန်ပြည့်  ဦးဆောင်ပေးဖို့ လိုဘမပြည့်တော့ အလိုမကျလာကြ ။ တစ်ကယ်ဆို ခေါင်းဆောင်သူတွေ မှားတယ် မဆိုနိင် ဘူး ။ သူတို့မှာလည်း ကိုယ်လိုသူလို လူတစ်ယောက်၊


ကျေးဇူး သိတတ် စေချင်ပါသည်


Written by  ကေတု

ကျေးဇူးဆိုသည်မှာ ကောင်းသော အကျိုးတရားဖြစ်သည်။ တစ်စုံတစ်ယောက်ကြောင့် အခြားသူ တစ်ဦးမှာ ကောင်းကျိုးဖြစ်ထွန်းသော်  ကျေးဇူး ရှိသည်ဟု ဆိုနိုင်လေသည်။

လူသည် တစ်ဦးတစ်ယောက်တည်း သီးခြား နေထိုင်၍ မရဘဲ တစ်ဦးကို တစ်ဦး အပြန်အလှန် မှီခို ကျေးဇူးပြုကြခြင်း အားဖြင့် မိမိဘဝ မိမိအသိုင်းအဝိုင်း တည်မြဲစေရန် ကြိုးစား အားထုတ် ကြရမည်သာ ဖြစ်ပေသည်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကျေးဇူးပြု၍ ဆက်ဆံ နေထိုင်ကြမှသာလျှင် အဓွန့်ရှည် တည်မြဲ နေနိုင်မည် ဖြစ်သည်။

လူမှုကျင့်ဝတ်တွင် ကျေးဇူး သိတတ်ခြင်းသည် အရေးကြီးသော ကျင့်ဝတ်ဖြစ်သည်။ ကျေးဇူးပြုရန် လွယ်ကူသော်လည်း ကျေးဇူးသိရန်မှာ မလွယ်လှပါ။ သိတတ်သော ကျေးဇူးကို ကျေပွန်အောင် ပေးဆပ်ရန်ငှာ ပိုမို၍ မလွယ်ကူပါ။ ကျေးဇူးပြုဖူးသူအား ပြန်လည် ကူညီခြင်း၊ အကျိုး ဆောင်ရွက်ပေးခြင်း တို့သည် ကျေးဇူးသိခြင်း မည်၏။ ကျေးဇူးတရားကို မမေ့ခြင်း ၊ ပြန်လည် ကျေးဇူးဆပ်ခြင်း တို့သည် မြင့်မြတ်သော အမှု သို့မဟုတ် ကောင်း မှုပြုခြင်း ဖြစ်ပေသည်။

ကျေးဇူးတရားနှင့် ပတ်သက်၍ ကျေးဇူး သိတတ်မှုရှိသော ''ငခင်ညို''အကြောင်းသည် မှတ်သား နာယူ ဖွယ် ဖြစ်သည်။ သူသည် ပင်းယဘုရင်အား လုပ်ကြံရန် လာခဲ့သည်။  အခြေအနေ အချိန် အခါကောင်း ကို စောင့်ရင်း အချိန်များ ကုန်လွန်သွားသည်နှင့် အမျှ ဆာလောင် မွတ်သိပ်မှု ဖြစ်ပေါ် လာသည်။ ပင်းယဘုရင် တင်ထားသော မင်းမဟာဂီရိ နတ်ပွဲမှ ထမင်းတစ်လုတ်ကို ယူစားမိ သည်။ ဘုရင်အား လုပ်ကြံရန် အခွင့်သာ ခဲ့သော်လည်း စားခဲ့ဖူးသော ထမင်းတစ်လုတ်  ကျေးဇူးကြောင့် မသတ်ဘဲ   ပြန်လာခဲ့သည်။

Monday, November 17, 2014

ကောသလမင်းနှင့် ကာသိမင်း


ကောသလမင်းသည် သူဆင်းရဲများနှင့် ခိုကိုးရာမဲ့များကို အဆွေခင်ပွန်း သဖွယ်ကူညီစောင့်ရှောက် သူအဖြစ် ဝေးနီးအနှံ့ ထင်ရှား ကျော်စောလေသည်။

ဤသတင်းကို ကြားရသောအခါ ကာသိမင်းသည် လွန်မင်းစွာ မနာလိုဝန်တိုခြင်းဖြစ်မိ၏။

“ငါ၏ ပြည်သူတို့သည် ကောသလမင်းက ငါ့ထက် တန်ခိုးကြီးမြင့်သည်ဟူ၍ မှတ်ထင်နေကြသည် ၊ ကောသလမင်းသည် အလှူဒါန ပြုဟန်ဆောင်လျက် ပြည်သူတို့ကို သူ့ဘက်ပါလေ အောင် ကြံဆောင်ဘိ၏ ၊ ရှက်ဖွယ်အပြုအမူသာတကား၊ အို စစ်သည်တို့..စစ်ပြုရန် ပြင်ကြလော့၊ မည်သူက ပို၍ တန်ခိုးကြီး မြင့်ကြောင်းကို ဓားလှံလက်နက်ဖြင့် စစ်ဆေးပြပါအံ့”..။

ဤသို့ သူသည် ကြုံးဝါးပြီးလျှင် ကောသမင်းကို စစ်ပြုလေသည်။မကြာမီ စစ်ပွဲသည် ပြီးဆုံးသွားလေ သည် ၊ ကောသလမင်းသည် စစ်ရှုံးသဖြင် တောတွင်းသို့ ပြေးဝင် ပုန်းအောင်နေရလေသည်။ ဤတွင် ကာသိမင်းက......

Saturday, November 15, 2014

လောကတ္ထစရိယ


မိမိတို့ စိတ်အစဉ်တို့သည်
ကြည် လင်ဖို့လို၏။
စိတ်ကြည်လင်လျှင်
သစ္စာ၏အရိပ်အရောင်တို့သည်လည်း
ပဲ့တင်ရိုက်ခတ်၏။
သစ္စာ နှင့်ယှဉ်လျှင်
မှန်မမှန် ဒွိဟ ဖြစ်စရာမလို
ဆုံးဖြတ်ချက် မှန်လေ၏။

သီတဂူဆရာတော်ဘုရားကြီး၏ ဆုံးမသြဝါဒ

ကိုယ်သက်သာမူကို
မက်မောတဲ့
သူဟာသူတစ်ပါးအကျိုးစီးပွားကို
မလုပ်ဘူး။
တစ်နည်းအားဖြင့် ကာယမစ္ဆရိယရှိတဲ့သူပဲ။

Saturday, November 01, 2014

ဘဲငန်းရိုင်းတွေပေးတဲ့ သင်ခန်းစာ


ကျွန်တော်ဟာ စာဖတ်ဝါသနာပါသလို စာရေးတာလည်း ၀ါသနာပါပါတယ်။ စာဖတ်ဝါသနာကြီးရာကနေ စာရေးဖြစ်တာလို့ ပြောရမယ်ထင်ပါရဲ့။ ပြီးတော့ ကျွန်တော်စာဖတ်တဲ့အခါ ကျွန်တော်နှစ်သက်တဲ့ စာပိုဒ်တွေကို မှတ်စုစာအုပ်တစ်အုပ်မှာ ကူးပြီး ရေးတတ်ပါတယ်။ စာပိုဒ်တွေကိုပဲ အလေးထားမိလွန်း လို့လား မသိဘူး။ တစ်ခါတစ်ခါ အဲဒီစာပိုဒ်ကို ထုတ်နုတ်ယူလိုက်တဲ့ စာအုပ်အမည်နဲ့ စာရေးဆရာ အမည်တွေ ကို မှတ်မိလိုက်တာတွေလည်း ရှိရဲ့၊ မမှတ်မိလိုက်တာတွေလည်း ရှိရဲ့။

အခုရေးတဲ့ ဘဲငန်းရိုင်းတွေပေးတဲ့ သင်ခန်းစာဆိုတဲ့ စာတစ်ပိုဒ်ရဲ့ မူရင်းက "A sense of a goose" ဖြစ်ပြီး စာရေးသူ အမည်မသိလို့ မှတ်သားမိပါတယ်။ ဒီအကြောင်းကို တခြားသူတွေလည်း ရေးခဲ့ကြပြီး တာမျိုး   ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်က ခေါင်းဆောင်မှုဘာသာရပ်ကို သင်ကြားပို့ချခဲ့သလို   ခေါင်းဆောင်မှုပညာနဲ့ ပတ်သက်တဲ့စာတွေကို ရေးသားသူလည်းဖြစ်တော့၊ ဒီအကြောင်းကို ခေါင်းဆောင် မှုပညာ အမြင်ကလေးနဲ့ တင်ပြတာ ဖြစ်ပါတယ်။

Tuesday, October 28, 2014

ကလေးတို့၏ အခွင့်အရေးများအကြောင်း

ကလေးသူငယ်အခွင့်ရေးစာချုပ်ကို ထိုင်းနိုင်ငံမှ 27,March,1992 ၌လည်ကောင် မြန်​မာနိုင်ငံမှ 15,July,1991​ လည်ကောင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အပိုဒ် ၁။ အသက်၁၈နှစ်အောက် ပုဂ္ဂိုလ်တိုင်း ကလေးများဖြစ်ကြပါသည်။

အပိုဒ် ၂။ အခွင့်အရေးအားလုံးကို ကလေးတိုင်း ခြွင်းချက်မရှိ ခံစားခွင့်ရှိပါသည်။

အပိုဒ် ၃။ ကလေးများနှင့်ဆိုင်သော အဖွဲ့အစည်းအားလုံးသည် ကလေးငယ်တစ်ဦးချင်းစီအတွက် အကောင်း ဆုံးအကျိုးကို မျှော်ကိုးဆောင်ရွက်ရပါမည်။


အပိုဒ် ၄။ နိုင်ငံတော်အစိုးရများအနေဖြင် ကလေးများအခွင့်အရေးခံစားခွင့် ရရှိစေရန်အကောင် အထည်ဖော်ရာတွင် လျော်ကန်သည့် ဥပဒေရေးရာကိစ္စများ၊ စီမံခန့်ခွဲရေးနှင့် အခြားဆောင်ရွက် ဖွယ်ရာကိစ္စများကို ပြုလုပ်ရပါမည်။

အပိုဒ် ၅။ မိသားစုများက ၎င်းတို့၏သားသမီးများကို လမ်းညွှန်သွန်သင်ပြသခြင်းအား နိုင်ငံအစိုးရများက လက်ခံရပါမည်။

အပိုဒ် ၆။ ကလေးတိုင်း အသက်ရှင်ရပ်တည်ခွင့်ရှိသည်။ ကလေးများ အသက်ရပ်တည်နေနိုင်ပြီး ကျန်းမာဖွံ့ဖြိုးမှုရှိစေရန် နိုင်ငံအစိုးရများ၊ မိဘများနှင့် အုပ်ထိန်းသူများက စီမံဆောင်ရွက်ပေးရပါမည်။

အပိုဒ် ၇။ ကလေးတိုင် တရားဝင်မှတ်ပုံတင်အမည်နှင့် နိုင်ငံသားခံယူပိုင်ခွင့်ရှိပါသည်။