Wednesday, September 07, 2022

စေတနာအားလျော်စွာ ကံတရား၏ အကျိုးပေးမှု

 


 ကိုယ့်ရှိတာကို လှူတဲ့ပုဂ္ဂိုလ်ဟာ လှူခြင်းကြောင့် ဖြစ်လေရာဘ၀မှာ ဘာဖြစ်လို့တုန်းဆိုတော့ ကံရဲ့သဘောတရားကို တုန့်ပြန်မှုလို့ ခေါ်တယ်။

★ ကိုယ်လုပ်တဲ့ကံဟာ ကိုယ့်ဆီ တုန့်ပြန်လာတာပဲ။ ကိုယ်လုပ်တဲ့ကံက သူတစ်ပါးကို ရစေတာဖြစ်လို့ သူတစ်ပါးကို ရစေတဲ့ဒါနကောင်းမှုသည် ကိုယ့်ကို ပြန်ရစေတယ်ဆိုတဲ့ အကျိုး တုန့်ပြန်ပေးတယ်။

★ သူတစ်ပါးကို "လာပါ၊ လှူကြရအောင်၊ လှူပါ" တိုက်တွန်းတဲ့ ပုဂ္ဂိုလ်ကျတော့ ကိုယ်က တိုက်တွန်းလို့ အခြားသူတစ်ယောက် ကုသိုလ်ကောင်းမှု လုပ်ဖြစ်သွားတယ်။ 

Thursday, September 01, 2022

သေနည်းကောင်း

သေခါနီးကြလျှင် ဟိုအရေး၊ သည်အရေးတွေ ပြန်တွေးမနေနဲ့၊ ငယ်ငယ်တုန်းက မသိလို့မိုက်ခဲ့မိတာတွေ၊အကုသိုလ်လုပ်ခဲ့မိတာတွေ ပြန်မတွေးမိစေနဲ့။ ကုသိုလ်တွေ လုပ်ရမယ့်ဟာ မလုပ်ခဲ့ရသေးပါ သလားလို့လည်း ပြန်မတွေးမိစေနဲ့။ အားလုံးကို ဖြုတ်ချ။ တရား အားထုတ်နေတဲ့အခါဖြစ်စေ၊ တရားအားမထုတ်ဘဲနဲ့ နေတဲ့အခါမှာဖြစ်စေ ဘယ်တော့မှ ပြန်တွေးမနေပါနဲ့၊ အဲဒါတွေ ဖျောက်ပစ်။ အဲသလို တွေးတာဟာ ဥဒ္ဓစ္စခေါ်တယ်။ အဲ့ဒါ ပျံ့လွင့်တာ။ ကုက္ကုစ္စခေါ်တဲ့ နောင်တရတာ၊ ပူလောင်တာ၊ စိုးရိမ်းတာ။ အဲသလိုတွေ ပြန်တွေးတော့ အဟောင်းတွေက အသစ်ဖြစ်ပြီး အာသန္နကံဖြစ်သွားလို့ရှိရင် အပါယ်ကို တန်းကျလိမ့်မယ်။ 

Sunday, July 03, 2022

သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဌ၏ တရားအားထုတ်ပုံ နှင့် တရားထူးရရှိပုံ (၁)


     တရားထိုင်သောအခါ အသက်ရှူသောအသံသည် ခပ်မြန်မြန်လွှဆွဲသံ၊ တံစဉ်းတိုက်သံကဲ့သို့ ညအခါများတွင် ပေ (၂၀၀) အကွာအဝေးမှ ကောင်းစွာကြားနိုင်ပါသည်။ ဝင်လေထွက်လေနှုန်းမှာ ၁-မိနစ်လျှင် ဝင်လေအကြိမ် (၁၀၀)၊ ထွက်လေအကြိမ် (၁၀၀) ဝင်လေထွက်လေ စုစုပေါင်း အကြိမ် (၂၀၀) ခန့် ရှိပါသည်။တစ်ခါတရံ (၂၀၀) ထက်ပိုပါသည်။ အရှူအရှိုက်လျင်မြန်သည်ဟု ဆိုနိုင်ပါသည်။ တရားထိုင်နည်းမှာ ၄င်းနှစ်သက်သလို ထိုင်လိုက်ပါသည်။

( သို့သော် တစ်ခါထိုင်ပြီးလျှင် ဣရိယာပုထ် မပြု ပြင်တော့ပါ။ ) ခြေထောက်နှစ်ချောင်းကို ထပ်ထားလေ့မရှိပါ။ တင်ပျဉ်ခွေ၍ ခန္ဓာကိုယ်ကို မတ်မတ်ထားပါသည်။ လက်နှစ်ဖက် ထပ်ထားပါသည်။ မျက်စိစုံမှိတ်ပြီး ခေါင်းကို အနည်းငယ် အောက်သို့ စိုက်ထားပါသည်။တရားထိုင်ရာမှထပြီး အခြားဣရိယာပုထ်ဖြင့် နေစဉ် ဝင်လေထွက်လေကို အသိမလွှတ်ပါ။ အသိကပ်မြဲ ကပ်ထားပါသည်။

သဲအင်းဂူဆရာတော်ဘုရားကြီးဦးဥက္ကဌ တရားအားထုတ်ပုံ နှင့် တရားထူးရရှိပုံ (၂)

      ဤသို့ အိပ်ချိန်မှအပ ၂၄ နာရီ ဆက်တိုက် သမာ ဓိ ထူထားသောကြောင့် ဓာတ်သဘော ဖောက်ပြန်မှုများကို အမြင်မှန်မြင်သိလာပါ သည်။ ထို့ပြင်

(၁) ဓာတ်လေးပါး စုဝေးရာ ရုပ်တို့မည်သည် သူ့သ ဘောနှင့် အေးရာမှပူ၊ ပူရာမှအေး၊ ကောင်းရာမှနာ၊ နာရာချုပ် အမျိုးမျိုး ဖောက်ပြန်တတ်သော သဘာဝ လက္ခဏာသာ ရှိပါလား၊ သိတတ်တဲ့သဘော မရှိပါလား၊ လူသေကိုမီးရှို့ နေစဉ် လူသေက ပူလှချည့်ဟု ထအော်၊ ခန္ဓာကိုယ် ပြာကျသွားသည့်တိုင်အောင် ခံပါ့လား၊ ရုပ်ချည်းသက်သက် သိတတ်သော သ ဘောမရှိပါလား။

(၂) သူ့သဘောနှင့်သူ ဖောက်ပြန်နေသော ဓာတ်လေးပါး အစုရုပ်ကြီးဟာ ပူသော လက္ခဏာဖြစ်နေစဉ် ပူတယ်လို့ သိနေတဲ့ သိလုံး၊ ကျဉ်နေသောအခါ ကျဉ်တယ်လို့ သိနေတဲ့သိလုံး၊ တစ်ခု သီးခြားရှိပါလား။

(၃) ဖောက်ပြန်နေသော ဓာတ်သဘောကို လည်း ကောင်း၊ ကျဉ်တယ်လို့ သိနေတဲ့သိလုံး တစ်ခုကို လည်းကောင်း၊ ဝိဇ္ဇာဉာဏ်က ဦးစီး၍ သီးခြားသိနေပါသေးလားဟု အပိုင်းသုံးပိုင်း ကွဲပြီးလာပါသည်။

Monday, June 20, 2022

ပညတ်လူသား (၁၅ မိနစ်တရားရှုမှတ်နည်း - ဓမ္မစက္ကဦးမောင်မောင်)

လူဟာ ပညတ်တစ်ခုပါ။ အမည်နာမတစ်ခုပါပဲလို့ဆိုရင် သင်လက်ခံမှာပါလား။ တကယ်တော့ လူဆိုတာ ခေါင်း၊ ခြေ၊ လက်၊ ကိုယ်ခန္ဓာ၊ ကလီစာစတဲ့ (၃၂ ) ကောဋ္ဌာသ အစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး “လူ” လို့ ခေါ်တာပါ။

ဒါဆိုရင် ဦးခေါင်းကတော့ အမှန်ပဲလား။ သူလည်း ပညတ်တစ်ခုပါပဲ။


Sunday, June 12, 2022

ဝေဒနာကရှေ့စိတ်၊တဏှာကနောက်စိတ် - ၂

 


အဲဒီလက်ခုပ်သံကို ပိုင်ချင်နေတာ၊ နည်းနည်းစဉ်းစားကြည့်ပါ၊ အကြောင်းတိုက်ဆိုင်ရင် ဒီလက်ခုပ်သံပေါ်လာတာပဲ။ အဲဒီလက်ခုပ်သံကို ပိုင်ချင်လို့မရဘူး၊ ငါ့ဟာ။ ငါ့ဥစ္စာလို့သိမ်းပိုက်ချင်လို၌ မရဘူး၊ ဝေဒနာဆိုတာလဲ အာရုံကောင်းနဲ့တွေ့ရင် ချမ်းသာတဲ့ ဝေဒနာပေါ်မှာပဲ မပူနဲ့၊  မပေါ်ချင်လို့ကို မရဘူး၊ ဆရာပြောတဲ့ "မချမ်းသာချင်လို့ကို မရဘူး" ဆိုတာ ဖြစ်လာမှာပဲ၊ ကျွန်တော်တို့က အခု ချမ်းသာကို လိုချင်နေတာ။

 တပ်မက်နေတာ၊ ဒီချမ်းသာတာကြီးကို ပိုင်ချင်နေတာ။ အမြဲရှိနေချင်တာ၊ ဒါကြောင့်ပိုက်ဆံတွေ စုကြတာ၊ လိုတာထက်တောင် ပိုစုနေသေးတယ်၊ဘာပြုလို့လဲ ဒီချမ်းသာကို ငါပိုင်တယ်လို့ သိမ်းပိုက်ချင်နေတာ၊သိမ်းပိုက်ရတာကို သဘောကျနေတာ။ ငါချမ်းသာတယ်၊ ငါလှူနိုင်တယ်။ ငါပေးနိုင်တယ်၊ ငါတရားတွေ အားထုတ်နိုင်တယ်၊ အတ္တနဲ့သိမ်းပိုက်တာပဲ။ 

ဒါတွေလဲ ရှေ့စိတ်-နောက်စိတ်က ကြည့်ရင်တော့ ကိုယ်လုပ်တာမှန်သမျှကို နောက်စိတ်ကနေ ငါနဲ့စွဲပြီးတော့ သိမ်းပိုက်နေတာပဲ။ 

ဝေဒနာကရှေ့စိတ်၊တဏှာကနောက်စိတ်

မြတ်စွာဘုရား တရားတွေဟာ ကိလေသာကိုပယ်ဖို့ပါပဲ၊ ကိလေသာပယ်ဖို့ကို အမျိုးမျိုးဟောခဲ့တာပါ၊ ဘာလို့ကိလေသာပယ်ဖို့ဟောတာလဲဆိုတော့ ဒုက္ခ ဖြစ်ကြောင်းဖြစ်နေလို့၊ ဒီတော့ ဒုက္ခခပ်သိမ်းကိုပယ်ဖို့ ဒုက္ခ ကိုအပြီးပယ်ဖို့ ဒုက္ခအပြီးတိုင် ချုပ်ငြိမ်းဖို့အတွက် ကိလေသာ-အမြစ် ကိုပယ်ဖို့ မြတ်စွာဘုရားဟောကြားခဲ့တာပါ၊ ဒီကိလေသာအမြစ်က ဘယ်မှာ ဖြစ်တာတုန်းဆိုတာ ကျွန်တော်တို့ မသိခဲ့ကြဘူး၊ ဘာနဲ့တူလဲဆိုတော့ သစ်ပင်လိုပဲ မြေပေါ်အပင်ပေါက်မှပဲအဲဒီအပင်ကို ခုတ်မယ် လှဲမယ် ဒီလိုလုပ်ကြတယ်၊ ဒါပေမဲ့ မြေထဲကအမြစ်ကို မသိတော့ မနှုတ်နိုင်ဘူး၊

ဒီတော့ မြေပေါ်အပင်ပေါက်လိုက်။ ခုတ်လိုက် ရှင်းသွားလိုက်။ အေကြာင်းပြည့်စုံတော့ အပင် ပြန်ပေါက်လိုက်နဲ့ တစ်သံသရာလုံး ဒီလိုကျင်လည်ခဲ့ကြတာ။ ဘုရားပွင့်မှ ဘာကိုသိလာတာလဲဆိုတော့ အဲဒီကိလေသာ အမြစ်ကို သိလာတယ်၊