ဒါတွေလဲ ရှေ့စိတ်-နောက်စိတ်က ကြည့်ရင်တော့ ကိုယ်လုပ်တာမှန်သမျှကို နောက်စိတ်ကနေ ငါနဲ့စွဲပြီးတော့ သိမ်းပိုက်နေတာပဲ။
ဘာပြုလို့လဲ ဒီအတ္တဆိုတဲ့ အနုသယကိလေသာအမြစ်က ရှိနေတာကိုး၊ ကိလေသာအမြစ်က နောက်စိတ်မှာ ရှိနေတာကို မမြင်နိုင်ဘူး၊သတိရှိတဲ့အခါကျတော့ ကောင်းတဲ့အာရုံနဲ့တွေ့ရင် ကိုယ့်ခန္ဓာမှာ ချမ်းသာတဲ့ ဝေဒနာက သူ့သဘောသူဆောင် ဖြစ်သွားတာကိုမြင်သွားတယ်၊ချမ်းသာတာလဲ သဘာဝလို့ မသိခဲ့ဘူး၊ လင်းတာလဲ သဘာဝ။
မှောင်တာလဲ သဘာဝ၊ ချမ်းသာတာလဲ သဘာဝ။ ဆင်းရဲတာလဲ သဘာဝ။
ပူတာလဲသဘာဝ။ အေးတာလဲသဘာဝ၊ သဘာဝဆိုတာ ကိုယ်မှာဖြစ်နေတာ၊ ကိုယ်မှာ ပူတာ အေးတာကို ရာသီဥတုသွားထင်နေတာ၊ ကာယဝိညာဏ်နဲ့အာရုံပဲ၊ ချမ်းသာတယ်ဆိုတာလဲ အာရုံနဲ့ ဝေဒနာပေါ်တာပဲ၊ ကောင်းတဲ့အာရုံနဲ့တွေ့ရင် သုခဝေဒနာပေါ်တယ်။ ချမ်းသာတယ်၊ မကောင်းတဲ့အာရုံနဲ့တွေ့ရင် ဒုက္ခဝေဒနာပေါ်တယ်။ ဆင်းရဲတယ်၊သဘာဝက သူ့သဘောသူဆောင်နေတဲ့ အနတ္တပဲ။
ဝိပဿနာရှုထောင့်က စဉ်းစားရင် မှောင်တာ လင်းတာက စက္ခုဝိညာဏ်နဲ့အာရုံပေါ်တာပဲ။ စက္ခုဝိညာဏ်နဲ့ သူ့ရဲ့အာရုံပေါ်လာတယ် ဆိုတာ ရှေ့စိတ်ကို နောက်စိတ်ကသတိပြုမိမှသိတာပါ၊အဲဒါကို ဘုရားပွင့်မှ သိရတာပါ၊ အဲဒီနားကိုမသိလို့တရားကမရတာ၊
တရားလိုချင်တယ်ဆိုရင် အဲဒီနားသိရင် တရားရသွားတာပဲ၊ ချမ်းသာဆင်းရဲကလဲ သဘာဝပဲ။ ဒါဆိုရင် ဘာဆန်းလဲ၊ ဒါပေမဲ့ ချမ်းသာတာကြီးကို တအားတပ်မက်တွယ်တာနေတယ်၊ ဆင်းရဲကိုတော့ မလိုချင်ဘူး၊နောက်စိတ်မှာ အဝိဇ္ဇာရှိတဲ့အခါကျ သဘာဝကို ထိုးထွင်း မသိတော့ဘူး၊ သိမ်မွေ့တဲ့နယ်တွေဖြစ်တဲ့အတွက် မမြင်နိုင်ဘူး၊ ဒီတော့ "ရှေ့စိတ်ပြီး နောက်စိတ်မှာ သတိရှိဖို့သာလိုရင်း"ပါပဲ၊
ဝေဒနာနဲ့ တဏှာဖြတ်ဖို့လဲ အရင်တုန်းကမသင်နိုင်ဘူး၊ ဝေဒနာက သိမ်မွေ့လွန်းလို့ မမိနိုင်ဘူး၊ အခုဝေဒနာတွေကို ကျက်စားလာနိုင်တဲ့အခါကျတော့ ချမ်းသာချင်တယ်ဆိုတာကိုက ချမ်းသာတာက ရှေ့စိတ်။ လိုချင်နေတာက နောက်စိတ်။ ချမ်းသာတာက ဝေဒနာ လိုချင်တာက တဏှာ။ ဝေဒနာကရှေ့စိတ်နဲ့ တဏှာက နောက်စိတ်ပဲ။
ဒီရှေ့စိတ်-နောက်စိတ် ရောက်သွားတာပဲ၊ ချမ်းသာတာက သူ့သဘောသူဆောင်နေတဲ့ သဘာဝပဲ၊ ကောင်းတဲ့အာရုံနဲ့ တွေ့ရင် မချမ်းသာချင်လို့ကိုမရဘူး၊ ချမ်းသာတာကြီး သတ်သတ်လိုက်ရှာ မနေနဲ့ ဒုက္ခချုပ်တာနဲ့ ချမ်းသာက အစားထိုးပြီးသားပဲ၊ ချမ်းသာနဲ့ ဆင်းရဲနှစ်ခုရှိတာ၊ ကျွန်တော်တို့က တိုက်နဲ့ တဲနဲ့သွားဖြစ်နေတာကိုး၊ အာရုံနဲ့ ဝေဒနာလို့ မသိဘူး၊
တိုက်ကအာရုံ။ ချမ်းသာတာက ဝေဒနာ။ တဲကအာရုံ။ ဆင်းရဲတာက ဝေဒနာ၊ ချမ်းသာဆင်းရဲကို အတ္တရှိတော့ အလုံးအထည်နဲ့ အခိုင်အမာနဲ့ သိနေတာကိုး၊ ဒီတော့ ချမ်းသာဆင်းရဲဆိုတာ ကွာဟချက်က ကြီးမားနေတယ်၊ ဝေဒနာလို့ သိသွားရင်ကွာဟချက်က ရှေ့စိတ်-နောက်စိတ်လောက်ပဲ ကွာတာပါ၊
ဒီတော့ ဝေဒနာကနေ တဏှာဖြတ်ဆိုတာ ခုတော့ နှစ်လုံးတည်းနဲ့ပြီးသွားတာပေါ့၊ချမ်းသာကို လိုချင်တယ်ဆိုရင် ချမ်းသာတာက ရှေ့စိတ်။လိုချင်တာက နောက်စိတ်။ လိုချင်တဲ့ နောက်စိတ်နေရာမှာ သတိအစားထိုးလိုက်တာနဲ့ပြီးပြီလေ၊ ဝေဒနာကနေ တဏှာဖြတ်ကိုမေးလို့ရှိရင် ဒါပဲပြောလိုက်ရုံပဲ။ ဒီတော့ တစ်ချို့က ဆင်းရဲရာကနေ ချမ်းသာချင်တယ်၊ လောကမှာ ဝေဒနာက (၂)ခု ပြိုင်ဖြစ်လို့မရဘူး၊ ဆင်းရဲတဲ့ဝေဒနာနဲ့ချမ်းသာတဲ့ဝေဒနာ၊ ဒီတော့ ဆင်းရဲတယ်ဆိုတာ ရှေ့စိတ်မှာ ဒုက္ခဝေဒနာပေါ်ပြီ၊ အဲဒီမှာ နောက်စိတ်ကချမ်းသာကို တောင့်တတော့တာပဲ၊ နောက်စိတ်မှာ တဏှာက ချမ်းသာတဲ့ဝေဒနာကိုသွားပြီး တောင့်တတာ၊ အာရုံကမတူဘူး၊ ဆင်းရဲတဲ့ဝေဒနာနောက်က တဏှာဘယ်လို လိုက်လဲဆိုတော့ အဲဒီဆင်းရဲကြီးကိုတော့သွားပြီး နှစ်သက်တာမဟုတ်ဘူး၊
နောက်စိတ်မှာ တဏှာလိုက်ပုံက အာရုံမတူဘူး၊ တဏှာရဲ့အာရုံက ဘာကိုသွားပြီး တောင့်တလဲဆိုတော့ ဒီဆင်းရဲကြီးကို မလိုချင်တော့ ချမ်းသာတဲ့ အာရုံကိုသွားပြီး တောင့်တတာ၊ ဒီလိုနားလည်ရမယ်၊ ရှေ့စိတ်က ဒုက္ခဝေဒနာခံစားနေရတာ၊ ဒီတော့ဘာကို တောင့်တတာလဲ သက်သာချင်တဲ့ သုခဝေဒနာကို တောင့်တတဲ့တဏှာက နောက်စိတ်မှာ ဖြစ်သွားတာပဲ၊
အဲဒါ ဒုက္ခဝေဒနာကနေ တဏှာဘယ်လိုကူးလဲဆိုရင် အဲဒီအတိုင်းကူးသွားတာပဲ၊ဒီတော့ ချမ်းသာတာက ရှေ့စိတ်။ နောက်စိတ်က ချမ်းသာတဲ့ဝေဒနာကို သတိပြုလိုက်တာနဲ့ နောက်စိတ်မှာ တဏှာမဖြစ်တော့ဘူး၊ နောက်စိတ်မှာတဏှာကို သတိနဲ့အစားထိုးလိုက်တာ၊အမှန်က ရှေ့စိတ်မှာဖြစ်တဲ့ ဝေဒနာချမ်းသာကို နောက်စိတ်က မသိလိုက်လို့ တဏှာဝင်သွားတာ။
တဏှာဝင်သွားလို့ ချမ်းသာကို တပ်မက်တွယ်တာသွားတာ၊ တကယ်လို့ ရှေ့စိတ်မှာပေါ်တဲ့ ဝေဒနာချမ်းသာကို နောက်စိတ်က သတိပြုမိတာနဲ၌ လိုချင်တဲ့တဏှာမလာတော့ဘူး၊ ဒါကြောင့် (ချမ်းသာကို ချမ်းသာလို့သိရင် လိုချင်စိတ်မရှိတာ့ဘူး၊ အခုကချမ်းသာကို ချမ်းသာလို၌မသိတဲ့ အဝိဇ္ဇာရှိနေလို့ချမ်းသာကို ချမ်းသာလို့မသိတဲ့ အဝိဇ္ဇာရှိနေလို့ ချမ်းသာကို ချမ်းသာလို့မသိတဲ့ အဝိဇ္ဇာရှိနေလို့ လိုချင်တဲ့တဏှာဖြစ်နေတာပါ၊)
ကောင်းတဲ့အကြောင်းတရားတွေ ဖြည့်ဆည်းရင် ကောင်းတဲ့အကျိုးတရားဖြစ်တာပဲ၊ကောင်းတဲ့ကြောင်းတရား ဖြည့်ဆည်းလိုက်တာနဲ့ မကောင်းတဲ့အကြောင်းတရားကို ပယ်ပြီးသားပဲ၊ ဒါကို ယတြာချေတယ်လို့ ခေါ်တယ်၊
လူတွေ ယတြာချေတာတော့သိတယ်၊ ကောင်းတဲ့ အကြောင်းတရားနဲ့ မကောင်းတဲ့ အကြောင်းတရားဆိုတာ ကုသိုလ်နဲ့အကုသိုလ်ပဲ၊ ယတြာချေ တယ်ဆိုတာ ကောင်းတဲ့အကြောင်းတရားဖြစ်တဲ့ ကုသိုလ်လုပ်တာပေါ့၊ ဆန်းတာမှ မဟုတ်တာ၊
ဆက်လက်ဖော်ပြပါမည်…..
( ဒေါက်တာဦးစိုးလွင်(မန္တလေး) ရေးသားသည့် "ဝေဒနာကရှေ့စိတ် တဏှာကနောက်စိတ်" စာအုပ်မှ
ကူးယူ၍ ဓမ္မဒါနပြုပါသည်။
#စိုးလင်းကျော်