Sunday, July 03, 2022

သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဌ၏ တရားအားထုတ်ပုံ နှင့် တရားထူးရရှိပုံ (၁)


     တရားထိုင်သောအခါ အသက်ရှူသောအသံသည် ခပ်မြန်မြန်လွှဆွဲသံ၊ တံစဉ်းတိုက်သံကဲ့သို့ ညအခါများတွင် ပေ (၂၀၀) အကွာအဝေးမှ ကောင်းစွာကြားနိုင်ပါသည်။ ဝင်လေထွက်လေနှုန်းမှာ ၁-မိနစ်လျှင် ဝင်လေအကြိမ် (၁၀၀)၊ ထွက်လေအကြိမ် (၁၀၀) ဝင်လေထွက်လေ စုစုပေါင်း အကြိမ် (၂၀၀) ခန့် ရှိပါသည်။တစ်ခါတရံ (၂၀၀) ထက်ပိုပါသည်။ အရှူအရှိုက်လျင်မြန်သည်ဟု ဆိုနိုင်ပါသည်။ တရားထိုင်နည်းမှာ ၄င်းနှစ်သက်သလို ထိုင်လိုက်ပါသည်။

( သို့သော် တစ်ခါထိုင်ပြီးလျှင် ဣရိယာပုထ် မပြု ပြင်တော့ပါ။ ) ခြေထောက်နှစ်ချောင်းကို ထပ်ထားလေ့မရှိပါ။ တင်ပျဉ်ခွေ၍ ခန္ဓာကိုယ်ကို မတ်မတ်ထားပါသည်။ လက်နှစ်ဖက် ထပ်ထားပါသည်။ မျက်စိစုံမှိတ်ပြီး ခေါင်းကို အနည်းငယ် အောက်သို့ စိုက်ထားပါသည်။တရားထိုင်ရာမှထပြီး အခြားဣရိယာပုထ်ဖြင့် နေစဉ် ဝင်လေထွက်လေကို အသိမလွှတ်ပါ။ အသိကပ်မြဲ ကပ်ထားပါသည်။

သဲအင်းဂူဆရာတော်ဘုရားကြီးဦးဥက္ကဌ တရားအားထုတ်ပုံ နှင့် တရားထူးရရှိပုံ (၂)

      ဤသို့ အိပ်ချိန်မှအပ ၂၄ နာရီ ဆက်တိုက် သမာ ဓိ ထူထားသောကြောင့် ဓာတ်သဘော ဖောက်ပြန်မှုများကို အမြင်မှန်မြင်သိလာပါ သည်။ ထို့ပြင်

(၁) ဓာတ်လေးပါး စုဝေးရာ ရုပ်တို့မည်သည် သူ့သ ဘောနှင့် အေးရာမှပူ၊ ပူရာမှအေး၊ ကောင်းရာမှနာ၊ နာရာချုပ် အမျိုးမျိုး ဖောက်ပြန်တတ်သော သဘာဝ လက္ခဏာသာ ရှိပါလား၊ သိတတ်တဲ့သဘော မရှိပါလား၊ လူသေကိုမီးရှို့ နေစဉ် လူသေက ပူလှချည့်ဟု ထအော်၊ ခန္ဓာကိုယ် ပြာကျသွားသည့်တိုင်အောင် ခံပါ့လား၊ ရုပ်ချည်းသက်သက် သိတတ်သော သ ဘောမရှိပါလား။

(၂) သူ့သဘောနှင့်သူ ဖောက်ပြန်နေသော ဓာတ်လေးပါး အစုရုပ်ကြီးဟာ ပူသော လက္ခဏာဖြစ်နေစဉ် ပူတယ်လို့ သိနေတဲ့ သိလုံး၊ ကျဉ်နေသောအခါ ကျဉ်တယ်လို့ သိနေတဲ့သိလုံး၊ တစ်ခု သီးခြားရှိပါလား။

(၃) ဖောက်ပြန်နေသော ဓာတ်သဘောကို လည်း ကောင်း၊ ကျဉ်တယ်လို့ သိနေတဲ့သိလုံး တစ်ခုကို လည်းကောင်း၊ ဝိဇ္ဇာဉာဏ်က ဦးစီး၍ သီးခြားသိနေပါသေးလားဟု အပိုင်းသုံးပိုင်း ကွဲပြီးလာပါသည်။

Monday, June 20, 2022

ပညတ်လူသား (၁၅ မိနစ်တရားရှုမှတ်နည်း - ဓမ္မစက္ကဦးမောင်မောင်)

လူဟာ ပညတ်တစ်ခုပါ။ အမည်နာမတစ်ခုပါပဲလို့ဆိုရင် သင်လက်ခံမှာပါလား။ တကယ်တော့ လူဆိုတာ ခေါင်း၊ ခြေ၊ လက်၊ ကိုယ်ခန္ဓာ၊ ကလီစာစတဲ့ (၃၂ ) ကောဋ္ဌာသ အစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး “လူ” လို့ ခေါ်တာပါ။

ဒါဆိုရင် ဦးခေါင်းကတော့ အမှန်ပဲလား။ သူလည်း ပညတ်တစ်ခုပါပဲ။


Sunday, June 12, 2022

ဝေဒနာကရှေ့စိတ်၊တဏှာကနောက်စိတ် - ၂

 


အဲဒီလက်ခုပ်သံကို ပိုင်ချင်နေတာ၊ နည်းနည်းစဉ်းစားကြည့်ပါ၊ အကြောင်းတိုက်ဆိုင်ရင် ဒီလက်ခုပ်သံပေါ်လာတာပဲ။ အဲဒီလက်ခုပ်သံကို ပိုင်ချင်လို့မရဘူး၊ ငါ့ဟာ။ ငါ့ဥစ္စာလို့သိမ်းပိုက်ချင်လို၌ မရဘူး၊ ဝေဒနာဆိုတာလဲ အာရုံကောင်းနဲ့တွေ့ရင် ချမ်းသာတဲ့ ဝေဒနာပေါ်မှာပဲ မပူနဲ့၊  မပေါ်ချင်လို့ကို မရဘူး၊ ဆရာပြောတဲ့ "မချမ်းသာချင်လို့ကို မရဘူး" ဆိုတာ ဖြစ်လာမှာပဲ၊ ကျွန်တော်တို့က အခု ချမ်းသာကို လိုချင်နေတာ။

 တပ်မက်နေတာ၊ ဒီချမ်းသာတာကြီးကို ပိုင်ချင်နေတာ။ အမြဲရှိနေချင်တာ၊ ဒါကြောင့်ပိုက်ဆံတွေ စုကြတာ၊ လိုတာထက်တောင် ပိုစုနေသေးတယ်၊ဘာပြုလို့လဲ ဒီချမ်းသာကို ငါပိုင်တယ်လို့ သိမ်းပိုက်ချင်နေတာ၊သိမ်းပိုက်ရတာကို သဘောကျနေတာ။ ငါချမ်းသာတယ်၊ ငါလှူနိုင်တယ်။ ငါပေးနိုင်တယ်၊ ငါတရားတွေ အားထုတ်နိုင်တယ်၊ အတ္တနဲ့သိမ်းပိုက်တာပဲ။ 

ဒါတွေလဲ ရှေ့စိတ်-နောက်စိတ်က ကြည့်ရင်တော့ ကိုယ်လုပ်တာမှန်သမျှကို နောက်စိတ်ကနေ ငါနဲ့စွဲပြီးတော့ သိမ်းပိုက်နေတာပဲ။ 

ဝေဒနာကရှေ့စိတ်၊တဏှာကနောက်စိတ်

မြတ်စွာဘုရား တရားတွေဟာ ကိလေသာကိုပယ်ဖို့ပါပဲ၊ ကိလေသာပယ်ဖို့ကို အမျိုးမျိုးဟောခဲ့တာပါ၊ ဘာလို့ကိလေသာပယ်ဖို့ဟောတာလဲဆိုတော့ ဒုက္ခ ဖြစ်ကြောင်းဖြစ်နေလို့၊ ဒီတော့ ဒုက္ခခပ်သိမ်းကိုပယ်ဖို့ ဒုက္ခ ကိုအပြီးပယ်ဖို့ ဒုက္ခအပြီးတိုင် ချုပ်ငြိမ်းဖို့အတွက် ကိလေသာ-အမြစ် ကိုပယ်ဖို့ မြတ်စွာဘုရားဟောကြားခဲ့တာပါ၊ ဒီကိလေသာအမြစ်က ဘယ်မှာ ဖြစ်တာတုန်းဆိုတာ ကျွန်တော်တို့ မသိခဲ့ကြဘူး၊ ဘာနဲ့တူလဲဆိုတော့ သစ်ပင်လိုပဲ မြေပေါ်အပင်ပေါက်မှပဲအဲဒီအပင်ကို ခုတ်မယ် လှဲမယ် ဒီလိုလုပ်ကြတယ်၊ ဒါပေမဲ့ မြေထဲကအမြစ်ကို မသိတော့ မနှုတ်နိုင်ဘူး၊

ဒီတော့ မြေပေါ်အပင်ပေါက်လိုက်။ ခုတ်လိုက် ရှင်းသွားလိုက်။ အေကြာင်းပြည့်စုံတော့ အပင် ပြန်ပေါက်လိုက်နဲ့ တစ်သံသရာလုံး ဒီလိုကျင်လည်ခဲ့ကြတာ။ ဘုရားပွင့်မှ ဘာကိုသိလာတာလဲဆိုတော့ အဲဒီကိလေသာ အမြစ်ကို သိလာတယ်၊ 

Friday, January 07, 2022

ကိုဗစ်ပိုးသစ် ကူးစက်ပျံ့နှံ့မှုများသဖြင့် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားသည့် ခရိုင် ၆၉ အထိတိုးမြှင့်

 


ဇန်နဝါရီ . ၇ . ၂၀၂၂ ၊ ဘန်ကောက်၊ အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံအတွင်း  အိုမီခရွန် ဗီဇပြောင်း ကိုဗစ်ပိုးသစ် ကူးစက်ပျံ့နှံ့မှုများလာသဖြင့် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားသည့် ခရိုင် ၃၉ ခုမှ ၆၉ ခရိုင်အထိ တိုးမြှင့်ကြောင်းနှင့် အပြာရောင်အဆင့် ခရိုင် ၈ခု သက်မှတ်ထားကြောင်း  ကိုဗစ်ကာကွယ်ရေး ဗဟိုကော်မတီက ယနေ့တွင် သတင်းထုတ်ပြန်ကြောင်း မန်နေဂျာအွန်လိုင်သတင်းကဖော်ပြသည်။

Saturday, December 25, 2021

မဟာသမယသုတ်

 


ဂေါတမ မြတ်စွာဘုရားသခင်သည် သက္ကတိုင်း ကပိလဝတ်ပြည်အနီး မဟာဝုန်တောကြီး၌ သီတင်းသုံး နေတော်မူစဉ် နယုန်လအခါ ညှိုးခြောက်နွမ်းလျော်ကြကုန်သော ကောက်ပင်များ အတွက် လိုအပ်သော ရောဟိနီ မြစ်ရေကို အကြောင်းပြု၍ မြစ်၏ ဝဲယာဘက်တွင် နေထိုင်ကြ သော ကပိလဝတ်ပြည်သားများနှင့် ကောလိယ ပြည်သားများ အချင်းဖြစ်ပွားခဲ့ရာ ထိုနှစ်ပြည် ထောင် မင်းတို့သည် စစ်မက် အင်္ဂါတို့ကို စီရင်လျက် ထွက်ခဲ့ကြသည့် အခြေသို့ ဆိုက်ရောက် ခဲ့လေသည်။ ထိုအခါ နံနက်မိုးသောက်ထ၌ မဟာကရုဏာသမာပတ်မှ ထ၍ လောကကို ကြည့်တော်မူသော မြတ်စွာဘုရားသည် မင်းများ စစ်ဖြစ်အံ့သည်ကို မြင်တော်မူ၍ တန်ခိုးတော် ဖြင့် ကြွကာ၊ နှစ်ဘက်သောစစ်၏ အလယ်ကောင်းကင်၍ ခြောက်ပါးသော ရောင်ခြည်တို့ကို လွှတ်လျက် ထက်ဝယ်ဖွဲ့ခွေ နေတော်မူလေသည်။